ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆင် မိုရေးစ် ကတော့ ဂါလာတာဆာရေးကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားပြီလို့ သိရပါတယ်။ ဂွန်ဒိုအန်နဲ့ အီဒါဆင် တို့ဟာ အစောပိုင်းမှာ ကတည်းက တူရကီ စူပါလိဂ် ကလပ်ကို ပြောင်းရွှေ့လိုကြောင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဘရာဇီးလ် ဂိုးသမား အတွက် နှစ်သင်း အကြား ပြောင်းရွှေ့ကြေး ကိစ္စတွေ စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အခုတစ်ပတ် အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဂါလာတာဆာရေးဟာ အတွေ့အကြုံရင့် ဘရာဇီးလ် ဂိုးသမားကို တူရကီမြေဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်စီးတီးထံ ယူရို ၃ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အီဒါဆင်က ဂါလာတာဆာရေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းမှုတွေ စတင်နေပြီလို့တောင် သတင်းတွေက ဖော်ပြနေပါတယ်။ ဒါကြောင့် ပပ် ဂွါဒီယိုလာရဲ့ အသင်းက ကတော့ လာမယ့် ဘောလုံးရာသီ အတွက် အီဒါဆင်ရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့ ဂိုးသမား ရှာဖွေနေပြီး ဘန်လေက ဂျိမ်းစ် ထရက်ဖို့ဒ်ကို ပစ်မှတ်ထားနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် မန်စီးတီးက ပေါ်တို ဂိုးသမား ဒီယိုဂို ကော်စတာနဲ့လည်း သတင်းတွေ ထွက်နေပါသေးတယ်။
၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ကနေ မန်စီးတီးကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အီဒါဆင်ဟာ သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့တဲ့ မန်ချက်စတာမြို့မှာ ၈ နှစ် ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲ့ဒီ ၈ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ အီဒါဆင်ကို ဆော်ဒီပရိုလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ အဲလ်ဟီလာနဲ့ အဲလ်အစ်တီဟတ် တို့က ကမ်းလှမ်းခဲ့သေးပေမယ့် အသက် ၃၁ နှစ် အရွယ် ဂိုးသမား ကတော့ ဂါလာတာဆာရေး ကိုပဲ ပြောင်းရွှေ့ဖို့ များနေပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ဒီနွေရာသီမှာ ဆက်ထိန်းထားဖွယ် ရှိနေကြောင် သိရပါတယ်။ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး မန်စီးတီးက သက်တမ်းတိုးဖို ကမ်းလှမ်းခြင်း မရှိသေးတာကြောင့် လမ်းခွဲဖို့ စဉ်းစားနေပြီလို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် အသက် ၃၀ အရွယ် ဘာနာဒို ဆေးလ်ဗားက မန်စီးတီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို၊ ကီဗင် ဒီဘရွန်းနားနဲ့ ကိုင်လ် ဝေါလ်ကာ တို့လို ၀ါရင့်ကစားသမားတွေကို ဆုံးရှုံးထားရတဲ့ အသင်း အတွက် လိုအပ်နေသေးတဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ ဘောလုံးသုံးသပ်သူ အိုရော် အာကီက ဒီနွေရာသီမှာ မန်စီးတီး ကနေ ဘာနာဒို ဆေးလ်ဗား ထွက်ခွာဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။ ဂွါဒီယိုလာက သူ့ကို ထွက်ခွာခွင့်ပြုမယ်လို့ မထင်ပါဘူး။ သူက အဝတ်လဲခန်းထဲမှာ အရေးပါတဲ့ ပုံရိပ် တစ်ခု ဖြစ်သလို၊ ဒီဘရွန်းနားနဲ့ ဝေါလ်ကာ တို့လို အတွေ့အကြုံရင့် ကစားသမားတွေ ကိုလည်း ဆုံးရှုံးထားတာကြောင့်ပါ။” လို့ သုံးသပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာနာဒို ဆေးလ်ဗားကို ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့က ခေါ်ယူဖို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ် ကနေ ထွက်ခွာခဲ့ရတဲ့ မန်စီးတီး ကတော့ ရာသီကြို ခြေစမ်းပွဲ တစ်ပွဲသာ ကစားမှာ ဖြစ်ပြီး လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ ဝုဗ်နဲ့ ရာသီ အဖွင့် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.