နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြီးခဲ့တဲ့ ၄ ရာသီလုံး ဒူးဒဏ်ရာ အတွက် စိတ်ပူခဲ့ရတဲ့ အန်ဇို ဖာနန်ဒက်ဇ်၊ လီယာအိုကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး နောက်ခံလူ ရူဘင် ဒီးရာ့စ် ကတော့ ဒီရာသီ သူတို့ အသင်းဟာ ပုံစံသစ်နဲ့ ကစားနေတာမျိုး မဟုတ်ပဲ ပြီးခဲ့တဲ့ရာသီတွေတုန်းကလိုပဲ ကစားနေတာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပွဲစဉ် တချို့မှာ ခြေချော်မှုတွေ ရှိနေပေမယ့် မနှစ်ကနဲ့ မတူတဲ့ ပုံစံကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ကတော့ ပြီးခဲ့တဲ့ ၄ လလုံးလုံး သူ့ ဒူးဒဏ်ရာ အပေါ် တော်တော်လေး စိုးရိမ်ထိတ်လန့်နေခဲ့ရကြောင်း ဝန်ခံလာခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ပရီးမီးယားလိဂ် ကလပ် အတွက် တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ ကစားထားခဲ့သူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ် ကတော့ သူတို့ အသင်းဟာ ယခုရာသီ ပြည်တွင်း အမှတ်ပေးဖလားကို စိတ်သက်သောင့်သက်သာနဲ့ ကစားနေနိုင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက လီဂူးဝမ်း ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၈ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ လာမယ့် နိုင်ငံတကာကြားရက်ပွဲစဉ်တွေ အပြီးမှာ သူတို့ အသင်းဆီ ကနေ ပိုကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာဉီးမှာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဆဲလ်တာဗီဂိုကို လီဝမ်ဒေါစကီးရဲ့ ဟက်ထရစ် အပါအဝင် ၂-၄ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ လစ်ဗာပူးလ် ကွင်းလယ်လူ ရွိုင်ယန် ဂရာဗန်ဘက်ဂျ်ကို စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ် ကလည်း နဂိုကတည်းက ခေါ်ယူဖို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အေစီမီလန် တောင်ပံ တိုက်စစ် ကစားသမား ရာဖေးလ် လီယာအို ကို ပေါင် ၇၀.၄ သန်း ကနေ ပေါင် ၇၄.၈ သန်း ကြား ပမာဏနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။
ရာဖေးလ် လီယာအိုကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အေစီမီလန် တောင်ပံ တိုက်စစ် ကစားသမား ရာဖေးလ် လီယာအို ကို ပေါင် ၇၀.၄ သန်း ကနေ ပေါင် ၇၄.၈ သန်း ကြား ပမာဏနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ပေါ်တူဂီသား ကိုတော့ အာဆင်နယ်ရဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီး ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘင်ဂျာမင် ဆက်စ်ကိုရဲ့ ဒဏ်ရာကြောင့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ယူနိုက်တက် အနေနဲ့ ကစားသမားသစ် ထပ်မံ ခေါ်ယူချင်ရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး လက်လွှတ်ရမှာ ဖြစ်ပါတယ်။

နာပိုလီမှာ သွားရောက် ကစားနေတဲ့ စကော့တ် မက်တော်မီနေး ကတော့ အသင်းဟောင်းထံ ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ကိုဘီ မိန်းနူး ကတော့ နာပိုလီထံ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ မိန်းနူးကို စိတ်ဝင်စားခြင်း မရှိတော့တာကြောင့် နာပိုလီ တစ်သင်းထဲ ကသာ လာမယ့် ဆောင်းရာသီမှာ ကြိုးစားလာဖွယ် ရှိနေပါတယ်။

လစ်ဗာပူးလ်ရဲ့ ပစ်မှတ် အန်တိုနီ ဆီမီညို တစ်ယောက် လာမယ့် ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာဖွယ် မရှိသေးကြောင်း သိရပါတယ်။

ယနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဆဲလ်တာဗီဂို တို့ရဲ့ ပွဲမှာ ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီးရဲ့ ဟတ်ထရစ်နဲ့ အတူ ယာမယ်ရဲ့ သွင်းဂိုး တစ်ဂိုးကြောင့် ၂-၄ နဲ့ အနိုင်ရခဲ့ပါတယ်။

အင်တာမီလန် ကတော့ လာဇီယိုကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရိုးမားနဲ့ ရမှတ်တူ ရပ်တည်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ကတော့ နာပိုလီရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကလည်း လိုင်လွန်ကို ၂-၃ နဲ့ အနိုင်ရခဲ့တာကြောင့် လီဂူးဝမ်း အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်