နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းမှာ ပျော်ရွှင်တဲ့ ကစားသမားတွေကိုသာ လိုချင်တဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ ကစားသမား နိုနီ မာဒူခေး ကတော့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ သေချာနေပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် မာဒူခေးဟာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားရဲ့ လုပ်ငန်းစဉ်တွေကို သဘောကျတာကြောင့် ခေါင်းညှိတ်ခဲ့တာ ဖြစ်ပြီး လာမယ့် ရက်ပိုင်း အတွင်း နှစ်သင်း အကြား ဆွေးနွေးမှုတွေ စတင်တော့မယ်လို့လည်း သိရပါတယ်။

ဒီလို နိုနီ မာဒူခေးရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ သတင်းတွေ ထွက်နေချိန် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာကို မေးမြန်းရာမှာတော့ ချဲလ်ဆီးမှာ နေရတာ ပျော်ရွှင်တဲ့ ကစားသမားတွေ ကိုသာ အလိုရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ပါလ်မီးရက်စ်ကို အနိုင်ရပြီးနောက် မာရက်စ်ကာက “နိုနီက ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ကလပ်ကို ကျွန်တော့် ပေးချင်တဲ့ မက်ဆေ့ချ် ကတော့ ကျွန်တော်နဲ့ အတူရှိနေရတာ ပျော်ရွှင်တဲ့ ကစားသမားတွေ ကိုပဲ လိုချင်တယ် ဆိုတာပါ။ မပျော်တဲ့သူတွေ၊ လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ရှိပါတယ်။ နိုနီက ဒီရာသီ တလျှောက်လုံး အရမ်း ကောင်းပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မာဒူခေးဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ တသမတ်တည်း စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
လက်ရှိ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် လုံလောက်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ထားတဲ့ ချဲလ်ဆီး

အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ဒီအပြောင်းအရွှေ့ ဈေးကွက်မှာ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာဖို့ သေချာနေပြီး အသင်း ဘက်ကလည်း အစောပိုင်း ကတည်းက ကမ်းလှမ်းလာသမျှကို နားစွင့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ လီယမ် ဒီလက်ပ်၊ ယာအို ပက်ဒရို၊ ဒါရီယို အက်ဆူဂို တို့ကို တိုက်စစ် အတွက် ခေါ်ယူ အားဖြည့်ထားသလို မကြာခင်မှာ ပါလ်မီးရက်စ် ကြယ်ပွင့်လေး အက်စတီဗာအိုလည်း ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် မာဒူခေးရဲ့ ချဲလ်ဆီးနဲ့ အနာဂတ်က လုံးဝ ပျောက်ဆုံးနေပြီလို့တောင် ပြောလို့ ရပါတယ်။

ဒီအချိန်မှာ မြို့ခံ ပြိုင်ဘက် အာဆင်နယ်က အသက် ၂၃ နှစ် အရွယ် မာဒူခေးကို ချိတ်ဆက်လာတာကြောင့် ချဲလ်ဆီး အတွက် အခါအခွင့်သင့်ခဲ့တယ်လို့လည်း ပြောရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ် ပရိသတ် အများစု ကတော့ မာဒူခေးကို ကြိုးပမ်းနေတဲ့ သူတို့ အသင်းရဲ့ အပြောင်းအရွှေ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သတ်လို့ ဝေဖန် ထောက်ပြမှုတွေ ရှိနေပြီး အင်္ဂလန်သားကို သဘောမကျသူတွေက ပိုများနေတာ တွေ့ရပါတယ်။ မာဒူခေးဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ တသမတ်တည်း စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၃၂ ပွဲ ကစားထားပြီး ၂၇ ပွဲက ပွဲထွက် ကစားသမား အဖြစ် စတင်ခဲ့တာပါ။ ဒါ့အပြင် မာဒူခေးက ပြိုင်ပွဲစုံ မှာတော့ ၄၅ ပွဲ ကစား၊ ၁၁ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးပေးခဲ့ပြီး Rating ၇.၂ နဲ့ အထက် ရှိခဲ့သူပါ။ ချဲလ်ဆီး ကစားသမားတွေထဲ မှာတော့ မာဒူခေးထက် ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ ဘောလုံး ဆွဲပြေးမှု အများဆုံး ပြုလုပ်ထားနိုင်သူဟာ ကိုးလ် ပါးလ်မားပဲ ရှိပါသေးတယ်။ မာဒူခေးဟာ ၂၀၂၃ ခုနှစ်မှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်