နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်ကောင်းတစ်ခု အတွက် အကြိတ်အနယ် နွှဲကြရဦးမယ့် အဲဗာတန်နဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – ဖူလ်ဟမ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် အဲဗာတန်နဲ့ ဖူလ်ဟမ်တို့ ဟေးလ်ဒစ်ကင်ဆန်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုမှာ ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အဲဗာတန် ကတော့ အောက်တိုဘာလ အစောပိုင်းက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲစလုံး နိုင်ပွဲ မရခဲ့ပါဘူး။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲနိုင်၊ ၃ ပဲ သရေ၊ ၄ ပွဲ ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟနေတာကြောင့် အဲဗာတန်တို့ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါပြီ။ အဲဗာတန် အတွက် အဓိက စိုးရိမ်စရာ အခြေအနေ တစ်ခု ကတော့ သူတို့ရဲ့ တိုက်စစ်မှူးတွေ ပုံမှန် ခြေစွမ်းပြနိုင်ခြင်း မရှိတာပါပဲ။ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားတဲ့ ပေါင် ၂၇ သန်းတန် တိုက်စစ်မှူး သီယာနို ဘယ်ရီဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ဂိုးမသွင်းနိုင်သေးပဲ ဘီတို ကတော့ ဒီရာသီမှာ ထိပ်တန်းလိဂ် ပွဲစဉ် မိနစ် ၆၀၀ အတွင်း တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အဲဗာတန် အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်း ပွဲစဉ် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို ရှောင်ရှားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဇယားအောက်မှာ ကြိမ်းတိုက်နေတဲ့ ဝုဗ်ကို အနိုင်ယူပြီး ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့ထားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဖူလ်ဟမ် အတွက် လိုအပ်နေတဲ့ အလင်းရောင် တစ်ခု ဖြစ်ခဲ့ပြီး အခုပွဲမှာ ရလဒ်ကောင်းတွေ ဆက်လက် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဝုဗ်နဲ့ နိုင်ပွဲဟာ ဖူလ်ဟမ် အတွက် ရှားရှားပါးပါး ဂိုးမပေးရတဲ့ ပွဲတစ်ပွဲ (ပရီးမီးယားလိဂ် နောက်ဆုံး ၁၉ ပွဲမှာ ဒုတိယမြောက် ဂိုးမပေးရတဲ့ပွဲ) လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဖူလ်ဟမ်က အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရပ်တည်နေပြီး အခု တွေ့ဆုံနေတဲ့ အဲဗာတန်နဲ့လည်း တစ်မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ကလည်း ဆိုးရွားနေပြီး ၁ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အဲဗာတန် ဘက်က အန်ဒီယာရီ၊ ဂျရတ် ဘရန့်ဝိတ်၊ ပတ်တာဆန်တို့ လွဲချော်မှာ ဖြစ်ပြီး ဖူလ်ဟမ် မှာတော့ အန်တိုနီ ရော်ဘင်ဆင် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အဲဗာတန် ကတော့ အောက်တိုဘာလ အစောပိုင်းက ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲစလုံး နိုင်ပွဲ မရခဲ့ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဖူလ်ဟမ်

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အို ဘရိုင်ယန်၊ ကိန်း၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ဂါနာ၊ ဂူရီ၊ အန်ဒီယာရီ၊ ဒူးစ်ဘာရီဟောလ်၊ ဂရီးလစ်ရှ်၊ ဘီတို

ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ဆက်ဆက်ဂ်နွန်၊ အီဝိုဘီ၊ ဘာ့ဂျ်၊ ဝီလ်ဆင်၊ ကင်း၊ ကီဗင်၊ ဟင်မီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ အဲဗာတန်က ၁၀ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၅ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဖူလ်ဟမ်က ၂ ကြိမ်နိုင်၊ အဲဗာတန်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ အဲဗာတန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ အဲဗာတန်က ၁ ကြိမ်သာ အနိုင်ရပြီး ဖူလ်ဟမ်က ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၂.၂၀ ဆ ရမှာ ဖြစ်ပြီး ဖူလ်ဟမ် နိုင်ရင်တော့ ၃.၁၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၀၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးနဲ့ အဲဗာတန် ဘက်က ခပ်ပါးပါးကြေးပေါက်နေပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိ ခြေစွမ်းက ဘာဆိုဘာမှ ပြောလို့ မရပါဘူး။ အဲဗာတန်က ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေသလို ဖူလ်ဟမ်ရဲ့ အဝေးကွင်း ခြေစွမ်း ကလည်း ညံ့ပါတယ်။ ဒါပေမယ့် ဝုဗ်ကို ဂိုးပြတ်နိုင်ပြီး ရလဒ်‌ ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်တာကြောင့်တော့ အခုပွဲမှာ တိုးတက်မှုတွေ ဆက်လက် မြင်တွေ့ရဖို့ ရှိပါတယ်။ ဖူလ်ဟမ်ကိုပဲ ယုံကြည်ထားချင်ပြီး ၃ ဆ အတွက် အရဲစွန့်ထားချင်မိပါတယ်။

ခန့်မှန်းရလဒ်

အဲဗာတန် ၁-၂ ဖူလ်ဟမ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်