အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဂါဘရီရယ် မာတင်နယ်လီကို ဖီနာဘာချီက ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ လာမယ့် ဇန်နဝါရီမှာ တော့တင်ဟမ်ဟော့စပါးရဲ့ ကွင်းလယ် ကစားသမား လူးကပ်စ် ဘက်ဂျ်ဗဲလ်ကို ယူရို သန်း ၆၀ (ပေါင် ၅၂.၅ သန်း၊ ဒေါ်လာ ၇၀.၃ သန်း) နဲ့ ကမ်းလှမ်းခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ယူရို ၁၀ သန်းနဲ့ ပြန်သွားမယ့် ကိုမို ကွင်းလယ် ကစားသမား နီကို ပက်ဇ်ကို ခေါ်ယူဖို့ ယူရို သန်း ၈၀ (ပေါင် ၇၀.၁ သန်း၊ ဒေါ်လာ ၉၃.၇ သန်း) ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။
ချဲလ်ဆီး ဂိုးသမား ဖိလစ်ပ် ဂျော်ဂျန်ဆန် ကတော့ အရန် ဂိုးသမား အဖြစ် ကစားရတာ စိတ်ပျက်နေပြီး ၂၀၂၆ ခုနှစ်မှာ ကလပ် ကနေ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ ချဲလ်ဆီးဟာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုင်ဂ်နွန်ကို “ အလေးအနက် စိတ်ဝင်စား” နေဆဲဖြစ်ပြီး နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း TEAMtalk က ဖော်ပြပါတယ်။
အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ အတ္တလန္တာ ညာနောက်ခံလူ မာကို ပဲလ်စထရာကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း ကိုမိုမှာ အငှားချခံထားရပြီး ခြေစွမ်းပြနေတဲ့ ဒီကစားသမား ကိုတော့ အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝုဗ် အသင်းရဲ့ တိုက်စစ်မှူး ဂျော်ဂျန် စထရန်း လာဆင် ကို ဇန်နဝါရီလမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိကြောင်း The Athletic က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကွင်းလယ် ကစားသမား အာချီ ဂရေးရဲ့ ညီဖြစ်သူ အသက် ၁၇ နှစ် အရွယ် လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူး ဟယ်ရီ ဂရေး ကိုတော့ မန်ချက်စတာစီးတီးက ပေါင် ၄၀ သန်း (ဒေါ်လာ ၅၃.၅ သန်း) တန်ဖိုး ရှိတဲ့ သဘောတူညီချက်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကို ပြောင်းရွှေ့နိုင်တဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ နယူးကာဆယ် ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဂီမာရေ့စ် ဖြစ်ပါတယ်။ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ပါဝင်တဲ့ အလားအလာ ရှိတဲ့ အလဲအလှယ် သဘောတူညီချက်နဲ့ မန်စီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာပါ။ တစ်ဖက် မှာလည်း ဘရာဇီးလ် လက်ရွေးစင် ကစားသမား ကတော့ လာမယ့် ဇန်နဝါရီမှာ စိန့်ဂျိမ်းစ်ပါ့ခ် ကနေ ထွက်ခွာဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
အက်စတွန်ဗီလာ ကတော့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ရာသီကုန် အထိ အငှားနဲ့ ထိန်းသိမ်းထားဖို့ အသင့် ဖြစ်နေပေမယ့်လည်း ကလပ် တချို့ ကတော့ ယူနိုက်တက် ကစားသမားကို ခေါ်ယူဖို့ နည်းလမ်း ရှာဖွေနေကြပါတယ်။
မိုဟာမက် ဆာလာ ကတော့ လစ်ဗာပူးလ် မန်နေဂျာ အာနေး ဆလော့တ်နဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဦး နှစ်ဖက် ကတော့ လက်ရှိ သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး ရာသီကုန် အထိ ပူးပေါင်း ဆောင်ရွက်ဖို့ ကတိပြုထားပြီး အဲဒီအချိန်မှပဲ အန်ဖီးလ် ကနေ ထွက်ခွာနိုင်ခြေ ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


