နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်းကို အငှားနဲ့ အရင်ဆုံး ခေါ်ယူချင်နေတဲ့ ဖီနာဘာချီ၊ အန်ကွန်ကူကို ချိတ်ဆက်လာခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

နွေရာသီ အပြောင်းအရွှေ့ကာလ နီးလာလေ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ပိုမို ပေါ်ထွက်လာလေ ဖြစ်ပါတယ်။

ဟိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီ ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း Sözcü ၏ ဖော်ပြချက်အရ သိရပါတယ်။ တူရကီ ထိပ်သီး ကလပ်ဟာ ဟွိုက်ဂျ်လန်းကို အပြီးသတ် ခေါ်ယူမှု မပြုလုပ်မီ အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ အတွက် ကြိုးပမ်းသွားဖွယ်လည်း ရှိနေပါတယ်။ ဟွိုက်ဂျ်လန်း ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ခြေစွမ်းပိုင်း တော်တော်လေး ကျဆင်းနေပြီး ပွဲတော်တော်များများ မှာလည်း ဂိုးပေါက်ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဟွိုက်ဂျ်လန်းကို ရောင်းထုတ်ဖို့ အတွက် ပြီးခဲ့တဲ့ လပိုင်းလောက် ကတည်းက စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးမှာ အနာဂတ် မရေရာ ဖြစ်နေတဲ့ ပြင်သစ် တိုက်စစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူ ကို ချိတ်ဆက်လာကြောင်း Foot Mercato က ဖော်ပြါတယ်။ ဒီတိုက်စစ်မှူး ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ နယူးကာဆယ် ယူနိုက်တက် တို့ကလည်း ခေါ်ယူနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးမှာ အနာဂတ် မရေရာ ဖြစ်နေတဲ့ ပြင်သစ် တိုက်စစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူ ကို ချိတ်ဆက်လာကြောင်း Foot Mercato က ဖော်ပြါတယ်။
အန်ကွန်ကူကို ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တဲ့ လစ်ဗာပူးလ်

တော့တင်ဟမ်ဟော့စပါး ကတော့ မိုနာကို ညာနောက်ခံလူ ဗန်ဒါဆန်ကို ခေါ်ယူဖို့ တခြား ကလပ်တွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီး အခြေအနေလည်း ကောင်းနေကြောင်း GIVEMESPORTကေ ဖော်ပြပါတယ်။ ဒါ့အပြင် ဗန်ဒါဆန်ကို မန်ချက်စတာယူနိုက်တက် ကလည်း ပေါင်သန်း ၃၀ (ဒေါ်လာ ၃၉.၈ သန်း) နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Fussball Transfers ရဲ့ ဖော်ပြချက်အရ စပါးဟာ ဘေယန်မြူးနစ် တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီ လက်ရွေးစင် တောင်ပံကစားသမား ကတော့ အေးဂျင့် အပြောင်းအလဲတွေ ပြုလုပ်ထားပြီးနောက် လက်ရှိ ကလပ်နဲ့လည်း စာချုပ် သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဆာနေး ကိုတော့ စပါး အပြင် မြောက်လန်ဒန် ပြိုင်ဘက် အာဆင်နယ် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လိုင်ယွန် ကွင်းလယ်လူ ရေယန် ချာကီ ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း GIVEMESPORT ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လစ်ဗာပူးလ် ကတော့ လေဗာကူဆင် ကွင်းလယ် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ပြင်သစ် ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီးတော့လည်း ငြင်းဆန်ထားခြင်း မရှိပါဘူး။

နယူးကာဆယ် ကတော့ အက်စ်ပန်ညိုဂိုးသမား ယိုအန် ဂါစီယာကို ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ အပြိုင်အဆိုင် စိတ်ဝင်စားလာကြောင်း သိရပါတယ်။ စပိန်သား ကတော့ သူ့ကို ပုံမှန် ပွဲထွက်ခွင့်နဲ့ ကမ်းလှမ်းနိုင်မယ့် ကလပ် တစ်ခုဆီ ပြောင်းရွှေ့ဖို့ လိုလားကြောင်း ပြောကြားထားပါတယ်။ သူ့ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့က ချိတ်ဆက်ထားပါတယ်။

ဖလာမင်ဂို ညာနောက်ခံလူ ဝက်စ်လေ ကတော့ ဒီနွေရာသီမှာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ အတည်ပြုခဲ့ကြောင်း Coluna do Fla က ဖော်ပြထားပါတယ်။ ဒီကစားသမားကို အာဆင်နယ်နဲ့ ယူနိုက်တက် တို့ကလည်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ နယူးကာဆယ်နဲ့ ဘာစီလိုနာ တို့ကလည်း စိတ်ဝင်စားမှုတွေ ပြသခဲ့ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်