နော့တင်ဟမ်ဖောရက်စ် – ဘရန့်ဖို့ဒ်
နော့တင်ဟမ်ဖောရက်စ်နဲ့ ဘရန့်ဖို့ဒ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ စိတ်ဝင်စားစရာ တွေ့ဆုံမှုထဲမှာ ပါဝင်နေပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြန်အလှန် ရှိပြီး သူသာရင် သူစား၊ ကိုယ်သာရင် ကိုယ်စား ဆိုတဲ့ အခြေအနေမျိုးမှာ ဒီတစ်ကြိမ်ရော ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နော့တင်ဟမ်ဖောရက်စ်က ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး ဥရောပဝင်ခွင့်တောင် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဖောရက်စ်ကို ဒီရာသီမှာရော တည်ငြိမ်တဲ့ ပုံစံ တစ်ခုနဲ့ ဆက်လက် မြင်တွေ့ရဦးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ နူနို ဆန်တိုရဲ့ အသင်းက ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ အားရစရာ အခြေအနေမျိုး မမြင်ခဲ့ရပါဘူး။ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပြီးတော့ ဒီအခြေအနေကို အတည်ကန်ရတဲ့ ပွဲတွေဆီ သယ်မလာဖို့ လိုပါတယ်။ ဖောရက်စ်က ဒီနွေရာသီ မှာတော့ အိုမို ဘမ်မီဒယ်လီ၊ ဟန်နက်ဆီ၊ အီလန်ဂါ၊ အိုဘရိုင်ယန်၊ တန်နာ တို့ အပါအဝင် ကစားသမား တော်တော်များများကို လက်လွှတ်ထားရပြီး အီဂေါ ဂျေဇုစ်၊ ကူညာ၊ အန်ဒိုရီ၊ ဂန်း တို့ကို ပြန်လည် ခေါ်ယူထားပါတယ်။ ဒါ့အပြင် ဖောရက်စ်က ဂစ်ဘ်ဝှိုက်၊ ဆဲလ်စ်၊ အေနာ၊ ဘိုလီ တို့လို အဓိကကစားသမားတွေကို သက်တမ်းတိုးထားနိုင်လို့ မဆိုးဘူးလို့ ပြောရပါမယ်။
ဘရန့်ဖို့ဒ် ကတော့ နည်းပြ သောမက်စ် ဖရန့်ခ်၊ အားထားရတဲ့ တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမို၊ ဂိုးသမား ဖလက်ကန်နဲ့ ကွင်းလယ်လူ နောဂတ်တို့ မရှိတော့တဲ့နောက် အပြောင်းအလဲတွေ အများကြီးနဲ့ မြင်တွေ့ရဖို့ ရှိပါတယ်။ အဓိက ကတော့ လူငယ် နည်းပြ ကိတ်သ် အန်ဒရူး အနေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ဘရန့်ဖို့ဒ်က ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ရှုံးပွဲတော့ မရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်၊ ကူညာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ ရိတ်စ်၊ အန်ဒါဆန်၊ အန်ဒိုရီ၊ ဂစ်ဘ်ဝှိုက်၊ အိုဒွိုင်း၊ ဝုဒ်
ဘရန့်ဖို့ဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ ကောလင်း၊ ဗန်ဒန်ဘက်ဂျ်၊ ဟင်နရီ၊ ယန်ဆန်၊ ဟန်ဒါဆင်၊ ကာဗယ်ဟို၊ ဒမ်းစ်ဂတ်၊ လီဝစ် ပေါ်တာ၊ သီယာဂို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အကြိမ် ၂၀ တွေ့ဆုံခဲ့ရာမှာ ဖောရက်စ်က ၅ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁၁ ကြိမ်နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရန့်ဖို့ဒ်က ၃ ကြိမ်နိုင်၊ ဖောရက်စ်က ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ စတီးဂရောင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာလည်း ဖောရက်စ်တို့ ဘရန့်ဖို့ဒ်ကို အနိုင်မရခဲ့ပါဘူး။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဖောရက်စ်က ၂ ပွဲ ရှုံး၊ ၃ ပွဲ သရေကျပြီး ဘရန့်ဖို့ဒ် ကတော့ တစ်ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၂.၁၆ ဆ၊ ဘရန့်ဖို့ဒ် နိုင်ရင် ၃.၁၃ ဆ၊ သရေ ဆိုရင်တော့ ၃.၁၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဖောရက်စ် ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပြီး ဂိုးပေါင်း ကတော့ ဂိုးအောက် ဖြစ်မယ့် ကြေးမျိုးပါပဲ။ ဒီနှစ်သင်း ကလည်း ခြေစွမ်းမျှတာကြောင့် ခန့်မှန်းရခက်ပါတယ်။ ဖောရက်စ်တို့ ရာသီကြို ခြေစမ်းပွဲတွေမှာ ရုန်းကန်ခဲ့ရပေမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ ကိုတော့ ရလဒ်ဆိုး တစ်ခုနဲ့ စဖွင့်ချင်မှာ မဟုတ်ပါဘူး။ ဒီပွဲ ကိုတော့ အကျိုးအမြတ် အတွက် သရေရလဒ်ကို အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
နော့တင်ဟမ်ဖောရက်စ် ၁-၁ ဘရန့်ဖို့ဒ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.