နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖူလ်ဟမ်က အပြောင်းအလဲ အကြီးအစားတွေ ပြုလုပ်ရမယ့် ‘နွေရာသီကြီး’တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ မာကို ဆေးလ်ဗား | ပရီးမီးယားလိဂ်

ဖူလ်ဟမ် အနေနဲ့ လာမယ့် နွေရာသီမှာ ကိုင်တွယ် ဖြေရှင်းရမယ့် “ကိစ္စရပ်တွေ အများကြီး ရှိနေပြီး အပြောင်းအလဲ အကြီးအစားတွေ ပြုလုပ်ရမယ့် ‘နွေရာသီကြီး’ တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်လို့ နည်းပြ မာကို ဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။ တစ်ဖက် မှာလည်း ဘင်ဖီကာက မာကို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဆေးလ်ဗား ကိုယ်တိုင် ကလည်း သူ့ရဲ့ အနာဂတ်ဟာ အနောက် လန်ဒန် ပရီးမီးယားလိဂ် ကလပ်ရဲ့ သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေ အပေါ်မှာပဲ မူတည်နေတယ်လို့ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်နဲ့ အနာဂတ်ဟာ အမျိုးမျိုး ဝေဖန် ခန့်မှန်းချက်တွေ ထွက်ပေါ်နေဆဲ ဖြစ်ပေမယ့် အသင်း အနေနဲ့ ရှေ့ဆက် တိုးတက်ဖို့ ဆိုရင် အပြောင်းအလဲတွေ မဖြစ်မနေ ပြုလုပ်ရမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တန်းဆင်းခဲ့ရပြီး ဖြစ်တဲ့ ဝုဗ်ရဲ့ အိမ်ကွင်း မိုလီနက်စ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ စွမ်းဆောင်ရည်ပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့ပြီး ၁-၁ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဝုဗ် အသင်း အတွက် မားတီးယက်စ် မာနေးက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ဖူလ်ဟမ် အတွက် အန်တိုနီ ရော်ဘင်ဆင်က ပင်နယ်တီ ကနေ တစ်ဆင့် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ဖူလ်ဟမ်က ပရီးမီးယားလိဂ် အဆင့် (၁၂) နေရာ မှာပဲ ဆက်ရှိနေခဲ့ပြီး အဆင့် (၈) နေရာက ဘရန့်ဖို့ဒ်ရဲ့ နောက် ၃ မှတ် အကွာမှာ ရှိနေပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ဂိုးကွာခြားချက်က သိသိသာသာ သာလွန်နေတာကြောင့် ဖူလ်ဟမ် တို့ရဲ့ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် ကတော့ လုံးဝနီးပါး ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ဒီရာသီအကုန်မှာ ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ်ဆီ တစ်ကျော့ပြန် ပြန်လည် ရောက်ရှိလာဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်နေတဲ့ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ နေရာမှာ အစားထိုးဖို့ ဘင်ဖီကာက သူ့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပေါ်တူဂီ လူမျိုး နည်းပြ အနေနဲ့ ဖူလ်ဟမ်မှာ ဆက်ရှိနေမလား၊ မရှိဘူးလား ဆိုတာ တိတိကျကျ မသိရသေးပေမယ့် ပရီးမီးယားလိဂ်မှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့ဆက် တိုးနိုင်ဖို့ ဆိုရင် အပြောင်းအလဲတွေ မဖြစ်မနေ လိုအပ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်က ရည်မှန်းချက်ကြီးတဲ့သူပါ၊ အမြဲတမ်း ပိုကောင်းတာကိုပဲ လိုချင်ပါတယ်။ လာမယ့် ရာသီမှာ ပရိသတ်တွေကို ဥရောပပွဲစဉ်တွေဆီ ခေါ်ဆောင်သွားနိုင်မယ့် အခွင့်အရေးမျိုး ပေးချင်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ ရှေ့ဆက်ရပါတော့မယ်။” လို့ ဆေးလ်ဗားက Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ဖူလ်ဟမ်က ပရီးမီးယားလိဂ် အဆင့် (၁၂) နေရာ မှာပဲ ဆက်ရှိနေခဲ့ပြီး အဆင့် (၈) နေရာက ဘရန့်ဖို့ဒ်ရဲ့ နောက် ၃ မှတ် အကွာမှာ ရှိနေပါတယ်။
ဖူလ်ဟမ်နဲ့ အနာဂတ် မသေချာသေးတဲ့ မာကိုဆေးလ်ဗား

“အရေးကြီးဆုံး အချက်က အခြေအနေတွေကို သေချာသုံးသပ်ဖို့နဲ့ ရှေ့ဆက်သွားဖို့ ဘာတွေ လိုအပ်လဲ ဆိုတာကို ဘုတ်အဖွဲ့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပရီးမီးယားလိဂ်မှာ ဒီအတိုင်း ရပ်တန့်နေတာက မကောင်းလို့ပါပဲ။ ကျွန်တော်တို့ ဘုတ်အဖွဲ့နဲ့ စကားပြောနေကြသလို လာမယ့် တပတ် မှာလည်း ထပ်ပြီး ဆွေးနွေးကြမှာပါ၊ ဒါကြောင့် ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့။ ဒါဟာ ရှည်လျားတဲ့ ခရီးတစ်ခုပါ။ ဆုံးဖြတ်ချက် ကတော့ ဖူလ်ဟမ် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာပဲ ဖြစ်လာမှာပါ”
“ဒီဘောလုံး ကလပ် အတွက် လာမယ့် နွေရာသီဟာ ကြီးမားတဲ့ နွေရာသီတစ်ခု ဖြစ်လာရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ သုံးသပ်ရမယ့် အချက်တွေ အများကြီး ရှိနေလို့ပါပဲ။ တချို့သော အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်း ရှေ့ကို ဘာလို့ ခြေလှမ်းမလှမ်းနိုင်ခဲ့ကြတာလဲ ဆိုတဲ့ ‘ဘာကြောင့်လဲ’ ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စရပ်တွေ အများကြီး ရှိနေပါတယ်။ အဲဒါတွေပြီးမှပဲ ကျွန်တော်တို့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။” လို့ ဆေးလ်ဗားက ဆိုပါတယ်။

တစ်ဖက် မှာလည်း ဒုတိယပိုင်းမှာ ဝုဗ်က ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပြီး အာဒမ် အမ်းစထရောင်း ကန်လိုက်တဲ့ ဘောလုံးက ဂိုးတိုင်ထိခဲ့ပေမယ့်လည်း၊ အခုပွဲ သရေ ရလဒ်ဟာ သူတို့ကို ဇယား အောက်ခြေ ကနေ လွတ်မြောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပွဲပြီး ခရာမှုတ်သံ ထွက်ပေါ်လာချိန်မှာ လှောင်ပြောင် အော်ဟစ်ခဲ့ကြတဲ့ ဝုဗ် ပရိသတ်တွေကို နည်းပြ ရော့ဘ် အက်ဒ်ဝပ်စ်က ကလပ် အသင်း အနေနဲ့ ချန်ပီယံရှစ် ပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ်ဆီ ချက်ချင်း ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် အခုကတည်းက စတင်ပြင်ဆင် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် ပရီးမီးယားလိဂ်ဆီ ချက်ချင်း ပြန်တက်ချင်ပါတယ်။ ဒါက ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ဖြစ်ပြီး အကောင်အထည်ဖော်နိုင်မယ်လို့လည်း မြင်ပါတယ်။ အခု လက်ရှိမှာ အသင်းကို တတ်နိုင်သမျှ ပြိုင်ဆိုင်မှု ပြင်းပြင်းထန်ထန် ရှိနေအောင် ထိန်းထားဖို့ ကြိုးစားနေပေမယ့် လာမယ့် ရာသီမှာ ပြောင်းလဲဖို့ လိုအပ်တာတွေကို အသေအချာ ပြောင်းလဲနိုင်ဖို့ အခုကတည်းက အများကြီး ပြင်ဆင်နေရပါတယ်။ ဒါက တကယ့်ကို ရှင်းလင်း ထင်ရှားတဲ့ အချက် ဖြစ်ပြီး အသင်းကို အသစ်တစ်ဖန် ပြန်လည် လန်းဆန်းလာအောင် လုပ်ဖို့ မျှော်လင့်နေပါတယ်။”

“ကျွန်တော်တို့ အသင်းကို စတင် ကိုင်တွယ်ချိန်တုန်းက တကယ့်ကို ခက်ခဲတဲ့ အခြေအနေ တစ်ခုမှာ ရောက်နေခဲ့တာပါ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာမယ် ဆိုတာကို သိလျက်နဲ့ပဲ ကျွန်တော်တို့ တာဝန်ယူခဲ့တာ ဖြစ်ပြီး၊ အသင်းရဲ့ အခြေအနေကို အကောင်းဘက်ဆီ ပြန်လည် လှည့်ပြောင်းပေးနိုင်မယ့် အစိတ်အပိုင်း တစ်ခု ဖြစ်လာအောင် သေချာပေါက် လုပ်ဆောင်သွားမှာပါ။” လို့ အက်ဒ်ဝပ်စ်က ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်