အာဆင်နယ် ပရိသတ်တွေကို စိန်ခေါ်လိုက်တဲ့ ဂယ်ရီ နဗီးလ်၊ ချဲလ်ဆီးကို သရော်လိုက်တဲ့ ဘရိုက်တန် စီအီးအို စတဲ့ သတင်းတွေ အပါအဝင် မတ် ၄ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် အမှတ်ပေးဖလား ရရင် သူတို့ ဂျာစီ ဝတ်ဆင်မယ်လို့ နဗီးလ် ကတိပေး
ဘောလုံး ဝေဖန်သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂယ်ရီ နဗီးလ်က ဒီရာသီမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူနိုင်ခဲ့မယ် ဆိုရင် အာဆင်နယ် ဂျာစီကို ဝတ်ဆင်မယ်လို့ ကတိပေးလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းက အာဆင်နယ် အမှတ်ပေးဖလား မရနိုင်ဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်နေသူ ဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ်က အမှတ်ပေးဇယားမှာ မန်ချက်စတာစီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် နဗီးလ် ကတော့ မန်စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ကာ အမှတ်ပေးဖလားကို သိမ်းပိုက်လိမ့်မယ်လို့ ယုံကြည်နေပြီး ဆုဖလား ရယူဖို့ အတွက် အိပ်မက်မက်ထားတဲ့ အာဆင်နယ် ပရိသတ်တွေကို စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ တွစ်တာမှာ နဗီးလ်က “ အာဆင်နယ် အမှတ်ပေးဖလား ရခဲ့မယ် ဆိုရင် အာဆင်နယ်ဂျာစီကို ကျနော် ဝတ်ပြမယ်၊ ဒါပေမယ့် မင်းတို့ အရေးနိမ့်ခဲ့ရင်တော့ ဆောရီး၊ ဂယ်ရီ ဆိုတာ လောက်လေးပဲ ပြောရမှာပါ” လို့ ရေးသားခဲ့ကာ နဗီးလ် အနေနဲ့ အမ်းမရိတ်စ်ကွင်း ထဲမှာ ကတုံးတုံးသင့်ပြီး လူမှုရေး လုပ်ငန်းတွေ လုပ်သင့်တယ်လို့ ရေးသားခဲ့တာကို နဗီးက ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ချယ်လ်ဆီးက ဘရိုက်တန် သန့်ရှင်းရေး ဝန်ထမ်းတွေ ကိုတောင် ခေါ်ယူလိမ့်မယ်လို့ အသင်း စီအီးအို နောက်ပြောင်
ပေါ်တာနဲ့ အတူ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် ၅ ဦး အထိ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးကို ရောက်ရှိခဲ့ပြီး ဇန်နဝါရီ စျေးကွက် အတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒို ကိုပါ ထပ်မံ ကြိုးစားခဲ့ပေမယ့် မအောင်မြင်လို့သာ ထပ်မခေါ်နိုင်ခဲ့တာ ဖြစ်ပါတယ်။




ဒီလို အနေအထားတွေနဲ့ ပတ်သက်ပြီး ဘရိုက်တန် စီအီးအို ဖြစ်သူ ပေါလ်ဘာဘာက Financial Times နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးက သူတို့ အသင်းရဲ့ သန့်ရှင်းရေးသမားတွေ ကိုတောင် ခေါ်ယူနိုင်တယ်လို့ ဆိုခဲ့တာပါ။
“ ချယ်လ်ဆီး ဆီကနေ ဖုန်းဝင်လာတိုင်းမှာ ကျနော် ပျော်ရွှင်နေရတယ်၊ ကျနော်တို့ နည်းပြတွေ အတွက် သူတို့ဆီက ဆက်သွယ်မှုတွေ ရောက်လာတာက လွဲရင်ပေါ့၊ အဲဒါနဲ့ ကျနော့် သန့်ရှင်းရေး ဝန်ထမ်းတွေကို တောင်မှ ပြောမိသေးတယ်၊ မင်းတို့ကိုလည်း ချယ်လ်ဆီးက သတိထားမိနေမလားတောင် မပြောတတ်ဘူး လို့လေ၊ ကျနော်တို့တွေသာ ကစားသမား အရောင်းအဝယ်ကို ကောင်းကောင်း လုပ်နိုင်မယ် ဆိုရင် ယှဉ်ပြိုင်နိုင်တဲ့ အသင်း ဖြစ်နေဦးမှာပါ” လို့ ဆိုခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင် အသင်းကြီး အတွက် ခေါ်ယူခံလိုက်ရတဲ့ ဂါနာချို
မတ်လ ၂၃ ရက်နေ့ နဲ့ ၂၈ ရက်နေ့တွေမှာ ပနားမား၊ ကူရာကာအိုတို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေတဲ့ အာဂျင်တီးနားအသင်းဟာ ကစားသမား ၃၅ ဦး စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ တောင်ပံ ကစားသမား ဂါနာချို ပါဝင်လာခဲ့ပါတယ်။
ဂါနာချိုက စပိန် အတွက် ကိုယ်စားပြု ကစားပေးဖို့ စဉ်းစားနေတဲ့အကြောင်း သတင်းတွေ ထွက်လာချိန်မှာပဲ အာဂျင်တီးနား နည်းပြ စကာလိုနီက သူ့ကို ခေါ်ယူခဲ့တာပါ။ သူနဲ့ အတူ ယူနိုက်တက် အသင်းဖော် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်လည်း ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလား အောင်မြင်မှု ရခဲ့တဲ့ ကစားသမား အားလုံး နီးပါးလည်း ပါဝင်လာခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ ၃၅ ဦး လူစာရင်း
ဂိုး- ဖရန်ကို အာမနီ(ရေးဗားပလိတ်)၊ ဂျီရိုနီမို ရူလီ(အိုင်းယက်စ်)၊ မာတီနက်ဇ် (အက်စတန် ဗီလာ)
နောက်တန်း – ဂျူအန် ဖွိုက်သ် (ဗီလာရီးရဲလ်)၊ ဂွန်ဇာလို မွန်တီရယ် (ဆီဗီလာ)၊ နာဟူးလ် မိုလီနာ (အေတီကို)၊ နီဟူယန် ပီးရက်ဇ် (အူဒီးနီးစ်)၊ ဂျာမန် ပက်ဇယ်လာ (ရီးရဲလ်ဘက်တစ်)၊ ခရစ်ရှန် ရိုမဲရိုး (စပါးစ်)၊ အိုတာမန်ဒီ (ဘင်ဖီကာ)၊ လီဆန်ဒရို မာတီနက်ဇ် (ယူနိုက်တက်) တက်ဂလီယာဖီကို (လိုင်ယွန်)၊ အကူနာ (ဆီဗီလာ)၊ လော်တာရို ဘလန်ကို (အယ်လ်ချီ)
အလယ်တန်း – ပါရီဒက်စ် (ဂျူဗင်တပ်)၊ ဂူအီဒို ဖာနန်ဒက်ဇ် (ရီးရဲလ်ဘက်တစ်)၊ အန်ဇို ဖာနန်ဒက်ဇ် (ချဲလ်ဆီး)၊ မက်စီမို ပါရိုနီ (မန်စီးတီး)၊ အက်ဇ်ကီး ပါလာစီယို့စ် (လေဗာကူဆင်)၊ ရိုဒရီဂို ဒီပေါလ် (အေတီကို)၊ ဖာကွန်ဒို ဘူနာနော့ (ဘရိုက်တန်)၊ အယ်လ်မာဒါ (အတ္တလန္တာ)၊ မက်ကယ်လစ္စတာ (ဘရိုက်တန်)၊ ဒီမာရီယာ (ဂျူဗင်တပ်)၊ ကော်ရီရာ (အေတီကို)၊ အူအန်ဒီယာ (အက်စတန် ဗီလာ)၊ ဗလန်တင် ကာဘိုနီ (အင်တာမီလန်)
ရှေ့တန်း – မက်ဆီ (ပီအက်စ်ဂျီ)၊ ဒီဘားလား (ရိုးမား)၊ လော်တာရို မာတီးနက်ဇ် (အင်တာ)၊ ယူလီယန် အယ်လ်ဗာရက်ဇ် (မန်စီးတီး)၊ ဂါနာချို (မန်ယူနိုက်တက်)၊ နီကိုးလတ်စ် ဂွန်ဇာလက်ဇ် (ဖီအိုရင်တီးနား)၊ အလက်ဟန်းဒရိုး ဂိုးမက်ဇ် (ဆီဗီလာ)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.