အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းလို့ ချီးကျူးလိုက်တဲ့ အိုနေးလ်၊ နိုင်ပွဲတွေ ထပ်ယူဦးမယ်လို့ ကြုံးဝါးလိုက်တဲ့ ဂရေဟမ် ပေါ်တာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၅ ရက်နေ့ ညနေပိုင်း ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းလို့ ချီးကျူးလိုက်တဲ့ အိုနေးလ်
အာဆင်နယ်ကို နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ ပေးခဲ့ရတဲ့ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဘုန်းမောက် နည်းပြ ဂယ်ရီ အိုနေးလ်က အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းလို့ ပြောလိုက်ပါတယ်။
ဒီပွဲမှာ ဘုန်းမောက်က ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်က အနောက်ကနေ လိုက်ကာ ချေပဂိုးတွေ သွင်းယူခဲ့ပါတယ်။ ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားပြီလို့ ထင်နေတဲ့ အချိန် နာကျင် အချိန်ပို ၇ မိနစ်မှာ နယ်လ်ဆင်က အာဆင်နယ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို ၅ မှတ် ဖြတ်ကာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ဘုန်းမောက် ကတော့ တန်းဆင်းဇုန်က လွတ်ဖို့ ဆက်ပြီး ရုန်းကန်ရတော့မှာပါ။ အိုနေးလ် ကတော့ ဒီအရှုံးရလဒ် အတွက် နာကျင်ခဲ့ရပေမယ့် အာဆင်နယ်ကို လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းလို့ ပြောခဲ့ပါတယ်။
ဂယ်ရီ အိုနေးလ်က “ ဒီလို ရှုံးရတာ အကြီးအကျယ် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကောင်လေးတွေရဲ့ ကြိုးစား အားထုတ်မှုက တကယ်ကို ကောင်းခဲ့ပါတယ်။ ဒီလိုမျိုး ရလဒ်ကို ယူရတာ ခက်ပေမယ့် အာဆင်နယ်က လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းပါ။ အာဆင်နယ်ကို ဒုက္ခပေးဖို့ ဒီကို လာရောက်မယ်လို့ လူတွေ အများကြီးက မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တာ်တို့ဟာ မျှော်လင့်ထားတာထက် ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပြီး ပွဲကနေ တစ်စုံတစ်ခု ရဖို့ ထိုက်တန်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
နိုင်ပွဲတွေ ထပ်ယူဦးမယ်လို့ ကြုံးဝါးလိုက်တဲ့ ဂရေဟမ် ပေါ်တာ
ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ နိုင်ပွဲ ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် နည်းပြ ဂရေဟမ် ပေါ်တာက နောက်ထပ် ပိုပြီး နိုင်ပွဲတွေ ယူရဦးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လိဒ်စ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ၁၄ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားခဲ့ပြီး နည်းပြ ဂရေဟမ် ပေါ်တာ အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ အတွက် ဖိအားတွေ အောက်ကို ရောက်ရှိနေခဲ့တာပါ။ ချဲလ်ဆီးက ဂရေဟမ် ပေါ်တာကို အခွင့်အရေးပေးဖို့ ၂ ပွဲ သတ်မှတ်ခဲ့တဲ့ ပထမဆုံးပွဲမှာ လိဒ်စ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဂရေဟမ် ပေါ်တာက “ လာမယ့် ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ဟာ အမှတ်တွေ ရဖို့ တိုက်ပွဲဝင်နေသလို၊ အနိုင်ရဖို့ အတွက်လည်း တိုက်ပွဲဝင်နေပါတယ်။ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ဒါက ကျွန်တော် လက်ခံ တာဝန်ယူထားတဲ့ တာဝန်ပါ။ နောက်ထပ်ပွဲ အချို့ ကိုလည်း ကျွန်တော်တို့ ထပ်ပြီး အနိုင်ယူရပါဦးမယ်”
“ အင်္ဂါနေ့ မှာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ပွဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခု ရရှိထားတဲ့ ယုံကြည်မှုနဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေကို ရယူပြီး ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ။ ဒီပွဲမှာလည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်” လို့ ပြောခဲ့ပါတယ်။
သမိုင်းမှတ်တမ်းတွေကို ရေးထိုးဖို့ ကစားနေတာလို့ စံချိန်သစ် တင်ပြီး နောက်ပြောခဲ့တဲ့ အမ်ဘာပေး
အမ်ဘာပေးဟာ နန့်စ်ကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်ရဲ့ နာကျင် အချိန်ပိုမှာ ဂိုးသွင်းယူပြီးနောက် စံချိန်သစ် တင်လိုက်တာပါ။ အမ်ဘာပေးဟာ ဒီသွင်းဂိုးကြောင့် ပီအက်စ်ဂျီ ကစားသမား ဘဝ သွင်းဂိုး ၂၀၁ ဂိုး အထိ ရှိလာခဲ့ပြီး ကာဗာနီကို ကျော်ဖြတ်ကာ လီဂူးဝမ်း လက်ရှိ ချန်ပီယံ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
အမ်ဘာပေးက “ ကျွန်တော်ဟာ သမိုင်းမှတ်တမ်းတွေ ရေးထိုးဖို့ ကစားနေတာပါ။ ပြစ်သစ်၊ မြို့တော်၊ ကျွန်တော့် နိုင်ငံ၊ ကျွန်တော့် မြို့မှာ သမိုင်းမှတ်တမ်းတွေကို ရေးထိုးချင်တယ် ဆိုတာကို အမြဲတမ်း ပြောဖူးပါတယ်။ ကျွန်တော် ဒါကို လုပ်ဆောင်နေပြီး ဒါကအရမ်းလှပပါတယ်။ ဒါပေမယ့် သွားရမယ့် လမ်းက အဝေးကြီး ကျန်ရှိနေပါသေးတယ်။ ဒါဟာ ကိုယ်ပိုင် အောင်မြင်မှုပါ။ ဒါပေမယ့် စုပေါင်း အောင်မြင်မှုတွေ ရအောင် လုပ်ဖို့ လာခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.