လစ်ဗာပူးလ် ဂန္တဝင် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ် ကတော့ လက်ရှိ ကြယ်ပွင့် လာမင်း ယာမယ်နဲ့ ကီလီယန် အမ်ဘာပေး တို့ထက် အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပိုကောင်းတယ်လို့ သူ့ရဲ့ အမြင်ကို သုံးသပ် ပြောကြားလိုက်ပါပါတယ်။ ဂျရတ်ဟာ ၂၀၀၄ ခုနှစ်မှာ မိုက်ကယ် အိုဝင် ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခင် အထိ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ၆ နှစ်ကြာ အတူတွဲဖက် ကစားခဲ့ဖူးပါတယ်။
ဂျရတ်က ယာမယ်နဲ့ အမ်ဘာပေး တို့ဟာ မယုံကြည်နိုင်စရာ ကောင်းတဲ့ ကစားသမားတွေ ဖြစ်ပေမယ့် ဆယ်ကျော်သက်ဘဝ မှာတော့ မိုက်ကယ် အိုဝင်က သူတို့ နှစ်ဦးထက် ပိုကောင်းခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ယာမယ်နဲ့ အမ်ဘာပေး တို့ဟာ ဒီနှစ် ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်နေပြီးတော့ ယာမယ်က ဆုရဖို့ ရေပန်းအစားဆုံး ၃ ဦးထဲမှာ ပါဝင်နေပါတယ်။ အိုဝင် ကတော့ ၂၀၀၁ ခုနှစ်မှာ ဘယ်လွန်ဒေါဆု ဆွတ်ခူးခဲ့ပြီး အင်္ဂလန် ကစားသမားတွေထဲမှာ ဒီဆုကို နောက်ဆုံး ရရှိသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိုဝင်က ၁၉၉၆ ခုနှစ် အသက် ၁၇ နှစ် အရွယ်မှာ လစ်ဗာပူးလ် စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အိုဝင်က ပရီးမီးယားလိဂ် သမိုင်းမှာ ဆယ်ကျော်သက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ အသက် ၂၀ မတိုင်ခင်မှာပဲ ၇၉ ပွဲ ကစားကာ ဂိုး ၄၀ သွင်းယူနိုင်ခဲ့ပါတယ်။
“ကောင်းပါပြီ၊ ဒီနှစ်ယောက်က ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားနေပြီး တစ်ယောက် ကတော့ ရမှာပါ။ ဒီတော့ မိုက်ကယ် အိုဝင်ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာကို လေးစားဖို့ လိုမယ် ထင်ပါတယ်။” လို့ ဂျရတ်က Topps Premier League 2025-26 အရောင်းအ၀ယ်ကတ် စုဆောင်းမှု မိတ်ဆက်ပွဲမှာ ESPN ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော် သူနဲ့ ကစားခဲ့ပါတယ်။ သူက မယုံနိုင်စရာ ဆယ်ကျော်သက်ပါ။ ဒါကြောင့် မိုက်ကယ် အိုဝင်က အကောင်းဆုံးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက အမ်ဘာပေးနဲ့ လာမင်း ယာမယ် ကလည်း အံ့အားသင့်စရာ ကစားသမား နှစ်ယောက်ပါ။” လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂျရတ်ဟာ လစ်ဗာပူးလ်တို့ တစ်ရာသီ အတွင်း လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူအီးအက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ရာမှာ အကူညီပေးခဲ့တဲ့ မိုက်ကယ် အိုဝင်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် အမှတ်ရနေခဲ့ပါသေးတယ်။ အချက်အလက်တွေအရ အိုဝင်ရဲ့ ဆယ်ကျော်သက် နှစ်တွေဟာ အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ ၂၀၀၀-၂၀၀၁ ရာသီ တစ်ရာသီတည်းမှာပဲ ၂၄ ဂိုး သွင်းယူကာ ၇ ဂိုး ဖန်တီးပေးခဲ့ကာ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း အာဆင်နယ်နဲ့ တွေ့ဆုံရာမှာ အနိုင်ဂိုး ၂ ဂိုး စလုံး သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ ထက်မြက်လှတဲ့ ခြေစွမ်းတွေက သူ့ကို ဘယ်လွန်ဒေါဆု ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော လစ်ဗာပူးလ် ကစားသမား အဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။ မိုက်ကယ် အိုဝင်ဟာ အသက် ၂၂ နှစ် အရွယ်မှာတင်ပဲ ၁၀၂ ဂိုး သွင်းပြီး ဂိုး ဖန်တီးမှု ၂၇ ကြိမ် ပြုလုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
အမ်ဘာပေး ကတော့ မိုက်ကယ် အိုဝင် အရွယ်တုန်းက ၁၃၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅၂ ကြိမ် ရှိခဲ့ပြီး ပြင်သစ်နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားခဲ့ပြီးပါပြီ။ ၎င်းတို့ ၃ ဦး အနက် အသက်အငယ်ဆုံး ဖြစ်တဲ့ ယာမယ် ကတော့ အဲဒီ အရွယ်မှာ ၁၄ ဂိုး သွင်းကာ ၁၈ ဂိုး ဖန်တီးပေးထားပြီး စပိန်နဲ့ အတူ ဥရောပ ချန်ပီယံရှစ် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အတူ ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှုလည်း ရရှိထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.