နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်တေးတားရဲ့ အေစီမီလန်နဲ့ အပြောင်းအရွှေ့ ပျက်ခဲ့ရခြင်းကို ဖွင့်ဟလာတဲ့ ဂလက်စ်နာ | ပရီးမီးယားလိဂ်

ဂျင်းန် ဖိလစ် မက်တေးတား ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် ကနေ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူပါ။ ဒါပေမယ့်လည်း ပြင်သစ် တိုက်စစ်မှူးက အေစီမီလန်နဲ့ ဆေးစစ်မှု ကျရှုံးခဲ့တာကြောင့် အပြောင်းအရွှေ့ ကလည်း ပျက်ပြယ်ခဲ့ရပါတယ်။ 

ဒါကြောင့် ဂျင်းန် ဖိလစ်ပ် မက်တေးတားရဲ့ ဒဏ်ရာ ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စနာက ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ဂလက်စ်နာက ဆေးစစ်ချက် မအောင်မြင်ခဲ့တဲ့ အပေါ် မအံ့သြကြောင်း တုံ့ပြန်လာခဲ့သလို သူ့နေရာမှာ အစားထိုးဖို့ ခေါ်ယူထားတဲ့ ဂျော်ဂျန် စထရန်း လာဆင် အပေါ် ယုံကြည်မှုရှိကြောင်းလည်း ဖွင့်ဟသွားခဲ့ပါသေးတယ်။

တကယ်တော့ မက်တေးတားဟာ ပဲလေ့စ်ရဲ့ ရည်မှန်းချက် အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပြီး အသင်း ကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် ဘက်က ဆေးစစ်ရာမှာ ဒူးဒဏ်ရာ ပြဿနာကို တွေ့ရှိခဲ့တာကြောင့် ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) တန် အပြောင်းအရွှေ့ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ပဲလေ့စ် ကတော့ ဝုဗ် ကနေ တိုက်စစ်မှူး စထရန်း လာဆင်ကို ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂလက်စ်နာက မက်တေးတားရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ကတော့ အခြေအနေမှန်ကို လက်ခံတတ်ဖို့ သင်ယူထားပါတယ်။ တကယ်တော့ ကျွန်တော်ရော၊ အသင်းမှာ ရှိတဲ့ လူတိုင်း ကရော ဂျေပီ (မက်တေးတား) ဖြစ်ချင်တဲ့ အတိုင်း ဖြစ်သွားစေချင်ခဲ့တာပါ။ ဒါဆိုရင် ကျွန်တော်တို့ ဆီမှာ စထရန်း လာဆင်ရော၊ ဒွိုက် မက်နေးလ်ရော ရောက်လာမှာ ဖြစ်သလို၊ မန်စီးတီးကို ထွက်သွားတဲ့ မာ့ခ် ဂူဟီရဲ့ နေရာ မှာလည်း အစားထိုးမှု လုပ်နိုင်မှာပါ။” လို့ ဂလက်စ်နာက ဆိုပါတယ်။

လာဆင်ဟာ ဝုဗ်အတွက် ဒီရာသီ ၆ ဂိုး သွင်းထားပေမယ့် ပရီးမီးယားလိဂ် မှာတော့ ၁ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။
မက်တေးတားရဲ့ ဒူးဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေတဲ့ ပဲလေ့စ်

မက်တေးတားရဲ့ ဒဏ်ရာဟာ ခွဲစိတ်မှုခံယူဖို့ လိုအပ်နိုင်ပေမယ့် ကစားသမား ကိုယ်တိုင်က ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ကစားချင်တဲ့ ဆန္ဒရှိနေတာကြောင့် ခွဲစိတ်မလား၊ မခွဲဘဲ ဆက်ကစားမလား ဆိုတာကို လာမယ့်အပတ်မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂလက်စ်နာက “အမှန်အတိုင်း ပြောရရင် သူ ဆေးစစ်ချက်ကျနိုင်တယ် ဆိုတာကို ဘယ်သူမှ သိပ်မအံ့သြကြပါဘူး။ ဒါမျိုး ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ရော၊ သူကိုယ်တိုင်ရော ကြိုသိထားပြီးသားပါ။ အခု နည်းလမ်း နှစ်သွယ် ရှိပါတယ်။ တစ်ခု ကတော့ ကမ္ဘာ့ဖလားအထိ သူ့ရဲ့ ဒူးဒဏ်ရာကို အခြေအနေ ကြည့်ပြီး ထိန်းကစားခိုင်းတာပါ။ နောက်တစ်ခု ကတော့ ခွဲစိတ်မှုလုပ်ဖို့ပါ။ ဒါပေမယ့် ခွဲစိတ်ရင် ဘယ်လောက်ကြာကြာ နားရမလဲ ဆိုတာ မသိသေးတဲ့ အတွက် လာမယ့် အပတ်မှ ဆုံးဖြတ်ပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်တေးတားဟာ ဒီရာသီ ပဲလေ့စ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းထားပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။ သူသာ ရေရှည်နားရမယ် ဆိုရင်တော့ ဝုဗ် ကနေ ရောက်လာတဲ့ စထရန်း လာဆင်က ဒီတာဝန်ကို ဆက်ယူရမှာပါ။ လာဆင်ဟာ ဝုဗ်အတွက် ဒီရာသီ ၆ ဂိုး သွင်းထားပေမယ့် ပရီးမီးယားလိဂ် မှာတော့ ၁ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။

လာဆင်နဲ့ ပတ်သတ်ပြီးတော့လည်း ဂလက်စ်နာက အခုလိုပဲ သုံးသပ်ပြောကြားခဲ့ပါတယ်။ “သူက ဂျေပီ နဲ့ ကစားဟန်ချင်း ဆင်တူပါတယ်။ ကျွန်တော် တို့က အရပ်ရှည်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ နံပါတ် ၉ တစ်ယောက်ကို လိုချင်ခဲ့တာပါ။ ဂျော်ဂျန် (လာဆင်) ဟာ စိတ်ဓာတ် ကောင်းပြီး အရည်အချင်းရှိတဲ့သူမို့ သူ့ကို ယုံကြည်ပါတယ်။ ဒါကြောင့်လည်း သူ့ကို ခေါ်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်