မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ပွဲချိန် ၉ မိနစ်မှာ ဟာလန်း သွင်းယူတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မာတင်နယ်လီက အာဆင်နယ် အတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့လို့ တစ်မှတ်စီ ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားနဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့သလို မန်စီးတီး ကလည်း ပပ် ဂွါဒီယိုလာရဲ့ အသင်း ဟုတ်ရဲ့လားလို့ မေးရလောက်အောင် အရင် ပွဲတွေနဲ့ ကစားပုံ လုံးဝ ကွဲပြားခြားနားသွားခဲ့တာ တွေ့ရပါတယ်။ မန်စီးတီးဟာ ဦးဆောင်ဂိုး စောစောစီးစီး ရရှိခဲ့ပြီးနောက် ခံစစ်ကို သိသိသာသာ ပိတ်ကစားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲက ဂွါဒီယိုလာရဲ့ နည်းပြဘဝ တစ်လျှောက် ယှဉ်ပြိုင်ခဲ့သမျှ လိဂ် ပွဲစဉ် ၆၀၀ ကျော်ထဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုမှာ ၆၇.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး မန်စီးတီးက ၃၂.၈ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပေမယ့် ပွဲရလဒ်ဟာ မျှတကြောင်းနဲ့ အာဆင်နယ်က ပိုကောင်းခဲ့ကြောင်း၊ ပိုကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ လိုအပ်ရင် ခံစစ်နဲ့လည်း ကစားရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ဂွါဒီယိုလာက “ဒီမှတ်တမ်းကို ကျွန်တော်တို မလိုချင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ၁၀ နှစ်မှာမှ တစ်ကြိမ်လောက် ကြုံတွေ့ရတာ ဆိုတော့ မဆိုးပါဘူး။ မဟုတ်ဘူးလား။” လို့ ဂွါဒီယိုလာက ခပ်ထေ့ထေ့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဂွါဒီယိုလာက “တိုးတက်ဖို့ ကြိုးစားနေတုန်းပါပဲ။ ဂိုးသမားနဲ့ အရေးကြီးတဲ့ အနေအထား အပါအဝင် ကစားသမားသစ်တွေလည်း အများကြီး ဒဏ်ရာရထားပါတယ်။ ဒါက ငယ်ရွယ်တဲ့ အသင်း ဖြစ်ပြီး ကျွန်တော် တို့ရဲ့ အငယ်ရွယ်ဆုံး အသင်းက အနာဂတ် ဖြစ်လာမှာပါ။ အဆင့် တစ်ဆင့်ပြီး တစ်ဆင့်၊ ဘာဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ မြင်ရပါတယ်။ ဒါဟာ ခရီးရှည်ကြီးပါ၊ ကျွန်တော် တို့က ပွဲတွေ တစ်ပွဲပြီး တစ်ပွဲ ကစားရဦးပါမယ်။”
“ဒီနေ့က အရမ်းကို လိုအပ်ချက် များခဲ့တဲ့ နေ့ပါ။ အာဆင်နယ်က အရာရာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကော်နာတွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မယုံနိုင်လောက်အောင်ကို ပင်ပန်းခဲ့ပါတယ်။ နာပိုလီနဲ့ ကစားခဲ့တဲ့ ပွဲက အရမ်းကို စိတ်လှုပ်ရှားခဲ့ရပြီး အဲဒီနေ့ ပြီးတဲ့နောက်မှာတော့ လန်ဒန်ကို ၄ နာရီ၊ ၅နာရီလောက် ခရီးထွက်ခဲ့ရပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ နှစ်ကြိမ် တိုက်ပွဲဝင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါက အရမ်းပဲ ခက်ခဲပါတယ်။ ကျွန်တော် တို့ဟာ ကစားသမား များစွာနဲ့ မောပန်းနွမ်းနယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော် တို့မှာလည်း ဒဏ်ရာ ပြသနာတွေ အများကြီး ရှိနေပါတယ်။”
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ပပ် ဂွါဒီယိုလာနဲ့ ရင်ဆိုင်ရတဲ့ လိဂ်ပြိုင်ပွဲ ၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဦးဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဇယား ထိပ်က လစ်ဗာပူးလ်နဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီး မန်စီးတီး ကတော့ ၈ မှတ်ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က လာမယ့် ကြားရက်မှာတော့ ပို့တ် ဗေးလ်နဲ့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ် ကစားရဖို့ ရှိပြီး မန်စီးတီး ကတော့ ဟက်ဒါဖီးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.