နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗီလာကို ရှုံးနိမ့်ခဲ့တာက ကွင်းလယ်ဒိုင်နဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရှုံးနိမ့်မှုဟာ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာရဲ့ သက်ရောက်မှုကြောင့် မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ အက်စတွန်ဗီလာ အတွက် တစ်လုံးတည်းသော သွင်းဂိုးကို မက်တီ ကတ်ရှ်က ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒစ်ဂ်နီးနဲ့ ဘူအန်ဒီယာရဲ့ ထောင့်ကန်ဘော အပေးအယူ ကနေ ဂိုးဧရိယာထဲ ပေးပို့လိုက်တာကို ကတ်ရှ်က တစ်ချက် ထိန်းပြီး ဘယ်ခြေနဲ့ အပြင်း ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကန်ချက်က အားပါ ပြင်းထန်ပြီး ကောင်းမွန်ခဲ့တာကြောင့် ဂိုးသမား ဒွန်နာရမ်းမားလည်း ဘယ်လိုမှ မတတ်နိုင်ပဲ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမယ့်လည်း အက်စတွန်ဗီလာ ဘက်ကို ထောင့်ကန်ဘော ခွင့်ပြုပေးခဲ့တဲ့ မိုက်ကယ် အိုလီဗာရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ မန်စီးတီး ပရိသတ်တွေ အနေနဲ့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဒိုင်လူကြီးတွေကို လက်ညှိုးထိုးမယ့် အစား လိဂ်ဦးဆောင်သူ အာဆင်နယ်နဲ့ ၆ မှတ် ကွာဟသွားစေတဲ့ ရှုံးနိမ့်မှု အတွက် မန်စီးတီး အနေနဲ့ မှားယွင်းခဲ့တဲ့ အရာတွေကို ပိုပြီး အာရုံစိုက်ဖို့ လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာက “ထောင့်ကန်ဘောပါ။ ကောင်းမွန်တဲ့ ထောင့်ကန်ဘောနဲ့ သွင်းယူသွားတဲ့ ဂိုး တစ်ဂိုးပါ။ နားထောင်။ ဒါတွေက အရေးမကြီးပါဘူး။ ဒီတုံ့ပြန်မှုတွေ အကြောင်းတော့ ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။” လို့ BBC Sport ကို ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ အဓိကအားဖြင့် ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားခဲ့ပြီး ပိုကောင်းလာနေပါတယ်။
ဗီလာကို နောက်ဆုံး ၄ ပွဲဆက် မနိုင်ခဲ့တဲ့ မန်စီးတီး

ဆက်လက်ပြီး “နားထောင်။ ဒီမှာ ၁၀ နှစ်တာ ကာလ အတွင်းမှာ ဒိုင်လူကြီးတွေကို ကျွန်တော် အရမ်းပဲ လေးစားပါတယ်။ ထောင့်ကန်ဘော တစ်ခု ဖြစ်ပြီး ကျွန်တော်တို့ ဒါကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ၅ မိနစ် အလိုက လုပ်ရပ်တွေ အတွက် ကျွန်တော်တို့ စောတကတက်လို့ မရပါဘူး။ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် မလုပ်နိုင်ခဲ့ကြဘူး။ ကျွန်တော်တို့ တိုးတက်အောင် လုပ်သွားမှာပါ။”

“ကျွန်တော် ကျေနပ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဓိကအားဖြင့် ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားခဲ့ပြီး ပိုကောင်းလာနေပါတယ်။ အဲဒီ ကနေ ကျွန်တော်တို့ သင်ယူသွားမှာပါ။ ဒါဟာ ခရီးရှည်ကြီး တစ်ခုပါ၊ အဆုံးမှာ ကျွန်တော်တို့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ ဗီလာပါ့ခ်မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်မရခဲ့တဲ့ စံချိန်ဆိုးကို ဆက်ထိန်းသွားခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။ မန်စီးတီးဟာ ဗီလာကို ကွင်းလယ်ချင်း မယှဉ်နိုင်ခဲ့သလို တောင်ပံတွေ ကလည်း ဗီလာရဲ့ ခံစစ် အစွန် ကစားသမားတွေကို ကျော်ဖြတ်နိုင်ခဲ့အောင် မကောင်းခဲ့ပါဘူး။ ဗီလာရဲ့ deep block ကို အဖြေရှာနိုင်တဲ့ ကစားသမားလည်း မရှိခဲ့သလို အမ်မရီရဲ့ ဗျုဟာကို ကောင်တာ ပြန်ထောက်နိုင်ဖို့လည်း ဂွါဒီယိုလာ မစွမ်းဆောင်နိုင်ခဲ့ဘူး။ အခွင့်အရေး ရရင် ဂိုး အဖြစ် ပြောင်းလဲနိုင်တဲ့ ဟာလန်းလည်း ကြောင်ပျောက်နေခဲ့ရတဲ့ အတွက် မန်စီးတီးတို့ ရှုံးပွဲ ကြုံခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။

ဒီရှုံးပွဲကြောင့် မန်စီးတီးက ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်သွားခဲ့ပြီးတော့ ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ် အကွာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ အတွက် တတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးက ဘုန်းမောက်၊ စပါး၊ ဆန်းဒါးလန်း တို့လို အသင်းတွေရဲ့ ကျော်တက်ခြင်း ခံခဲ့ရပြီလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းက လာမယ့် ပွဲစဉ် ၅ ပွဲမှာတော့ ဆွမ်ဆီး (ခရာဘောင်ဖလား)၊ ဘုန်းမောက် (ပရီးမီးယားလိဂ်)၊ ဒေါ့မန် (ချန်ပီယံလိဂ်)၊ လစ်ဗာပူးလ်၊ နယူးကာဆယ် (ပရီးမီးယားလိဂ်) တို့နဲ့ ပွဲကြပ်တွေ တောက်လျောက် ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်