နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပို့တင်းလစ္စဘွန်း အတွက် ကစားပေးတော့မှာ မဟုတ်တဲ့ ယိုကီးရက်စ်၊ ဘာဒီယာရှီးလ်နဲ့ ဒီယာဆီကို ရောင်းထုတ်သွားတော့မယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် ပစ်မှတ် ဗစ်တာ ယိုကီးရက်စ် ကတော့ စပို့တင်းလစ္စဘွန်း အတွက် ဘယ်ပွဲမှ ပါဝင်ကစားသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ စပို့တင်းလစ္စဘွန်းဟာ အစောပိုင်းမှာ ယိုကီးရက်စ်ကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ရှိပေမယ့် ဥက္ကဌ ဖြစ်သူ ကတော့ လက်ရှိမှာ ပေါင်သန်း ၆၀+ အပိုဆုကြေး ၁၀ သန်းနဲ့ ရောင်းချမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒီလို အခြေအနေ အပေါ် ဆွီဒင် တိုက်စစ်မှူးကဒေါသဖြစ်နေပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေ အပေါ်မှာ စပို့တင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် ကတော့ ဘရာဇီးလ် တိုက်စစ်မှူး ရိုဒရီဂိုကို ရောင်းထုတ်ဖို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားဖို့ ရှိနေကြောင်း သိရပါတယ်။ ရိုဒရီဂို ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က အပြင်းအထန် ချိတ်ဆက်လျက် ရှိနေတာ ဖြစ်ပါတယ်။ ရိုဒရီဂို ကိုတော့ မီခဲလ် အာတေးတားက အမှန်တကယ် လိုချင်နေပြီးတော့ အထောင် တိုက်စစ်မှူး ခေါ်ယူပြီးရင်တော့ တောင်ပံ ကစားသမား ခေါ်ယူဖို့ အတွက် ဆက်လက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

ဂန်းနားတွေ အနေနဲ့ ဘင်ဂျာမင် ဆက်စ်ကို,ကို အသေအချာ ကြိုးပမ်းနေပေမယ့်လည်း လိုက်ပ်ဇစ်နဲ့ ညှိနှိုင်းမှုတွေက အနည်းငယ် ရပ်တန့်သွားခဲ့ကြောင်း Independent က ဖော်ပြပါတယ်။ ဘွန်ဒက်လီဂါ ကလပ်ဟာ လက်ရှိမှာ သူတို့ရဲ့ တိုက်စစ်မှူး အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်း (အမေရိကန် ဒေါ်လာ ၈၈.၁ သန်း) တောင်းဆိုထားကြောင်း သိရပါတယ်။ အာဆင်နယ် ကတော့ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ကို နောက်ဆုံး ရက်အဖြစ် ဇွန်လ ၁၅ ရက်နေ့ကို သတ်မှတ်ထားပြီး အဆင်မပြေရင်တော့ တခြားသော ပစ်မှတ်တွေကို ဆက်လက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

O Jogo ရဲ့ ဖော်ပြချက်အရ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ် ကစားသမား အူစမန်နီ ဒီယိုမန်ဒီကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးက အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။

ရိုဒရီဂို ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က အပြင်းအထန် ချိတ်ဆက်လျက် ရှိနေတာ ဖြစ်ပါတယ်။
ဘာဒီယာရှီးလ်နဲ့ ဒီယာဆီကို ရောင်းထုတ်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားလာတဲ့ ချဲလ်ဆီး

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ဘီနွိုက် ဘာဒီယာရှီးလ်နဲ့ အက်ဆဲလ် ဒီယာဆီကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။ ဒါပေမယ့် ဘာဒီယာရှီးလ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ချဲလ်ဆီး အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာကြောင်း သိရပါတယ်။

လေဗာကူဆင် နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ် ကတော့ ပရီးမီးယားလိဂ် ကစားသမားတွေကို ခေါ်ယူဖို့ အဆက်မပြတ် စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ အခုအခါ မှာလည်း လေဗာကူဆင်က လစ်ဗာပူးလ် နောက်ခံလူ ဂျာရဲလ် ကွမ်ဆာကို မျက်စိကျနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ကစားသမား ရီဂေါ ယာမိုလ်ရက်ခ် ကိုတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက် တို့က ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း CaughtOffside က ဖော်ပြပါတယ်။ စပါး နည်းပြသစ် ဖြစ်လာတော့မယ့် သောမက်စ် ဖရန့်ခ် ကတော့ ဘရန့်ဖို့ဒ်က သူ့ရဲ့ တပည့်ဟောင်းတွေကို ခေါ်ယူချင်နေပြီး ဒမ်းစ်ဂတ် ကိုလည်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ဆန်းဒါးလန်းရဲ့ ဆယ်ကျော်သက် ကြယ်ပွင့် ခရစ် ရစ်ဂ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ၇ သင်း အနက်တစ်သင်း ဖြစ်တယ်လို့ TEAMtalk က ဖော်ပြခဲ့ပါတယ်။ ကြောင်နက် ကစားသမား ကိုတော့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊အဲဗာတန်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ရေဒါပေါ်မှာ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်