နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖူလ်ဟမ်နဲ့ အပြန်အလှန် သွင်းဂိုးတချို့ကို မျှော်လင့်ထားချင်တယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ရဲ့ လန်ဒန်ဒါဘီပွဲစဉ် အဖြစ် ဖူလ်ဟမ်ကချဲလ်ဆီးကိုခရေဗင်ကော့တေ့ဂျ်မှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ပထမအကျော့ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာနောက်ကျဂိုးတွေနဲ့ အရှုံးပေးထားရတဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာအရှုံးကိုပြန်လည် လက်စားချေနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကတော့ ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်ချက် ခပ်ရေးရေးရှိနေသေးပေမယ့် နိုင်လိုက်၊ ရှုံးလိုက်နဲ့ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ လုံးဝမတည်ငြိမ်ပါဘူး။ဖူလ်ဟမ်ကလက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ နေရာမှာရပ်တည်နေပြီးတော့ ချဲလ်ဆီးနဲ့လည်း ၆ မှတ်သာကွာဟနေပါတယ်။ဖူလ်ဟမ်ကနောက်ဆုံး ၅ ပွဲမှာစပါးကိုနိုင်၊ ပဲလေ့စ်ကိုရှုံး၊ အာဆင်နယ်ကိုရှုံး၊ လစ်ဗာပူးလ်ကိုနိုင်နဲ့ နောက်ဆုံးပွဲမှာတော့ ဘုန်းမောက်ကိုရှုံးခဲ့ပြန်ပါတယ်။ ဖူလ်ဟမ်ဟာအသင်းကြီးတွေနဲ့ တွေ့ရင် သိသိသာသာညှစ်ကစားတတ်တာကြောင့် ချဲလ်ဆီးအတွက် လွယ်ကူဖို့တော့ မရှိပါဘူး။ ဖူလ်ဟမ်ဟာပထမအကျော့တုန်းကလည်းချဲလ်ဆီးကိုအဝေးကွင်းမှာအနိုင်ယူထားပါတယ်။

ချဲလ်ဆီးကလည်းနောက်ပိုင်းပွဲတွေမှာရလဒ်ပိုင်းကမတည်ငြိမ်ပါဘူး။ ချဲလ်ဆီးဟာနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာအစ်ပ်ဆွစ်ချ်နဲ့ သရေကျထားပြီးတော့ ကွန့်ဖရင့်လိဂ် မှာလည်းလီဂျီရာဝါဆောကိုအိမ်ကွင်းမှာရှုံးထားပါတယ်။ ဒါပေမယ့်လည်းချဲလ်ဆီးကကွန့်ဖရင့်လိဂ် ဆီးမီးဖိုင်နယ်ကိုတက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အန်ဇိုမာရက်စ်ကာရဲ့ အသင်းကလက်တလောပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာရှိနေပြီးတော့ အဆင့် ၅ နေရာကဖောရက်စ်နဲ့ ၃ မှတ်သာကွာဟနေပါတယ်။ ဒါကြောင့် လက်ကျန် ပွဲတွေကိုအားထည့်လာနိုင်ပေမယ့် အသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့ ဖူလ်ဟမ်ကြောင့်တော့ ခက်ခဲဦးမှာသေချာပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

အန်ဇိုမာရက်စ်ကာရဲ့အသင်းကလက်တလောပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာမှာရှိနေပြီးတော့အဆင့်၅နေရာကဖောရက်စ်နဲ့၃မှတ်သာကွာဟနေပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာအစ်ပ်ဆွစ်ချ်နဲ့ သရေကျခဲ့တဲ့ ချဲလ်ဆီး

အခုပွဲကိုတော့ဖူလ်ဟမ် ဘက်ကဟယ်ရီဝီလ်ဆင်နဲ့ ရီးစ် နဲလ်ဆင်တို့ လွဲချော်ဖို့ ရှိပြီးချဲလ်ဆီးဘက်မှာတော့ ဆလိုနီနာ၊ ဖိုဖာနာ၊ မာ့ခ် ဂီယူ၊ ကယ်လီမန်းတို့ကလွဲလို့ ကျန်အဓိကကစားသမားစုံစုံလင်လင်နဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

ဖူလ်ဟမ် -လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ လူကစ်၊ ဘာ့ဂျ်၊ အီဝိုဘီ၊ ပါရဲရား၊ ဆက်ဆနွန်၊ ဟင်မီနက်ဇ်

ချဲလ်ဆီး -ဆန်းချက်ဇ်၊ ဂူစတို၊ ချာလိုဘာ့၊ ကိုးဝဲလ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ ဖာနန်ဒက်ဇ်၊ မာဒူခေး၊ ပါးလ်မား၊ နီတို၊ ဂျက်ဆန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်

နောက်ဆုံး ၁၉ ကြိမ် တွေ့ဆုံရာမှာဖူလ်ဟမ်က ၂ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၁ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ၂ ကြိမ်စီအနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းနောက်ဆုံး ၅ ကြိမ် မှာတော့ ဖူလ်ဟမ်က ၁ ကြိမ်သာအနိုင်ရခဲ့ပြီးကျန် ၄ ကြိမ်မှာချဲလ်ဆီးအနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်တွေကိုပြန်ကြည့်ရင်တော့ ဖူလ်ဟမ်က ၂ ပွဲနိုင်၊ ၃ ပွဲရှုံးထားပြီးချဲလ်ဆီးက ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်

SBOTOPရဲ့ 1X2 မှာဖူလ်ဟမ်နိုင်ရင်၂.၆၆ဆ၊ချဲလ်ဆီးနိုင်ရင်၂.၃၉ဆ၊သရေဆိုရင်တော့၃.၂၅ဆရမှာဖြစ်ပါတယ်။ဟန်းဒီးကပ်မှာတော့ဒဲ့ကြေးနဲ့ သရေတစ်ဝက်ရှုံးတွေပေးထားပြီးဂိုးပေါင်းကတော့ ဂိုးအောက်ကိုဦးတည်မယ့် ကြေးမျိုးပေးထားပါတယ်။ ဖူလ်ဟမ်ဟာအသင်းကြီးတွေနဲ့ ဆိုရင် သိသိသာသာရုန်းတတ်တဲ့ အသင်းဖြစ်တယ် ဆိုတာလစ်ဗာပူးလ်နဲ့ ပွဲကသက်သေပါပဲ။ ချဲလ်ဆီးကလည်းလက်ရှိမှာခြေစွမ်းကမတည်ငြိမ်တာကြောင့် ဒီပွဲမှာတော့ အိမ်ရှင် အသင်းဘက်မှာပဲရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၂-၁ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်