နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပုံစံကောင်းရနေတဲ့ ယူနိုက်တက်ကို လက်စတာတို့ ယှဉ်ကစားဖို့ မဖြစ်နိုင်ဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – လက်စတာစီးတီး

ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ ချန်ပီယံ ပြေးလမ်းကြောင်းပေါ် ဆက်သွားနိုင်ဖို့ အားထုတ်ရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ တန်းဆင်းဇုန်နဲ့ ဝေးရာဆီ ရောက်ဖို့ ကြိုးစားနေတဲ့ လက်စတာစီးတီးတို့ ကစားမယ့်ပွဲ ရှိပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ပွဲကြို အချက်အလက်တွေ၊ နှစ်ဖက် အသင်း သတင်းတွေနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပါတယ်။ သူတို့ ခြေစွမ်းက တကယ် ကောင်းမွန်နေပြီး ဘယ်လို အသင်းမျိုးကို မဆို အနိုင်ကစားနိုင်စွမ်းလည်း ရှိနေပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် ဆက်တိုက် ခြေစွမ်းပြနေပြီး ဒီပွဲမှာ မာတီနက်ဇ် ဝင်ကစားလို့ ရတာကြောင့် ခံစစ်လည်း ပိုကောင်းလာမှာပါ။ ပရီးမီးယားလိဂ် အဆင့် ၁နဲ့ ၂ နေရာက အာဆင်နယ်နဲ့ မန်စီးတီးကို အမီလိုက်ဖို့ သူတို့ အမှားခံမှာ မဟုတ်ပါဘူး။ 

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ ယူနိုက်တက်က တစ်ပွဲသာ နိုင်ပြီး လက်စတာက ၂ ပွဲ နိုင်ကာ ၂ ပွဲ သရေကျခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အားစိုက် ရုန်းနေတဲ့ လက်စတာစီးတီး

လက်စတာက ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ဝေးရာဆီ ရောက်လာပေမယ့် ရမှတ် ကွာဟချက် နည်းပါးနေလို့ အချိန်မရွေး အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့လည်း ညှစ်ကစားနေပြီး နောက်ဆုံး ၃ ပွဲမှာ ၇ မှတ် အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ လက်စတာ ခြေပြန်တက်နေပြီး ဖိအားတွေလည်း ကင်းသင့်သလောက် ကင်းသွားတာမို့ ဒီပွဲကို သူတို့ ပိုပြီး တက်တက်ကြွကြွ ကစားနိုင်မှာပါ။ 

ယူနိုက်တက်မှာ ကက်စ်မဲရိုး ပွဲပယ်ခံရထားရပြီး အဲရစ်ဆန် အနားယူနေရတုန်းပါ။ ကျန်ကစားသမားတွေတော့ ဝင်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ လက်စတာကလည်း အဓိက ကစားသမား အားလုံး ဒဏ်ရာ ကင်းစင်နေပြီး လူစုံတက်စုံ ကစားနိုင်မှာမို့ ပွဲကြီးပွဲကောင်း တစ်ပွဲကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – ဒက်ဟဲယား၊ ဘစ်ဆာခါ၊ ဗာရန်း၊ မာတီနက်ဇ်၊ လုခ်ရှော၊ ဖရက်ဒ်၊ ဆာဘစ်ဇာ၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဝက်ဂ်ဟော့စ်

လက်စတာစီးတီး – ဝါ့ဒ်၊ ကက်စတာနီ၊ ဆူတာ၊ ဖေးစ်၊ ခရစ္စတီယန်ဆန်၊ ဂျူဘာရီဟော၊ မန်ဒီ၊ ဘားနက်စ်၊ မက်ဒီဆန်၊ တီတီ၊ အီရန်နာချို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ ယူနိုက်တက်က တစ်ပွဲသာ နိုင်ပြီး လက်စတာက ၂ ပွဲ နိုင်ကာ ၂ ပွဲ သရေကျခဲ့ပါတယ်။ ဂိုးပေါ် ၃ ပွဲ အထိ ပါဝင်ခဲ့ပြီး ဒီနှစ်သင်း တွေ့တိုင်း ဂိုးမြူးတတ်ပါတယ်။ ယူနိုက်တက်က လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲ အရေးနိမ့်ခဲ့ပါတယ်။ လက်စတာ ကလည်း အလားတူပဲ ဖြစ်ပြီး ဂိုးပေါ် ၃ ပွဲ ပါဝင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ ယူနိုက်တက် နိုင်ရင် ၁.၄၅ ဆ၊ လက်စတာ နိုင်ရင် ၆.၅ ဆ ရမှာပါ။ Handicap မှာတော့ ယူနိုက်တက်က ၁ လုံး သရေပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သရေပါ။ လက်ရှိ ခြေစွမ်းအရ ယူနိုက်တက်က ခြေစွမ်းလည်း ပိုကောင်းနေပြီး အိမ်ကွင်းလည်း ဖြစ်လို့ အားသာချက် ရှိနေပါတယ်။ လက်စတာ ခြေပြန်တက်လာပေမယ့် ပေးဂိုးတွေ များနေတာက ရက်ရှ်ဖို့ဒ် အတွက်တော့ အခွင့်အရေး ဖြစ်ပါတယ်။ ယူနိုက်တက် ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပြီး ဂိုးမြူးတတ်တဲ့ အသင်းတွေ ဖြစ်လို့ ဂိုးပေါ် ကိုပါ တွဲကစားသင့်ပါတယ်။

 

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၃-၁ လက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်