ဩဂုတ် ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အင်တာမီလန် ကတော့ မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာကို ပြန်လည် ခေါ်ယူလိုနေကြောင်း သိရပါတယ်။ အိုနာနာ ကတော့ လက်ရှိမှာ တန်ကြေး ပေါင် သန်း ၃၀ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ် ကတော့ ဒီနှုန်းထားနဲ့ ပြောင်းရွှေ့ခွင့် ပေးလိုခြင်း မရှိကြောင်း သိရပါတယ်။
အေစီမီလန် တာဝန်ရှိသူတွေ ကတော့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ စည်းရုံးသိမ်းသွင်းရန် နောက်ဆုံး ကြိုးပမ်းမှု အနေနဲ့ လန်ဒန်ကို သွားရောက်ခဲ့ကြောင်း Football Italia က ဖော်ပြပါတယ်။
နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ပေါင် သန်း ၁၃၀နဲ့ ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို့ လစ်ဗာပူးလ် အကြီးအကဲတွေက အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ ငှက်ကြားတွေက ကစားသမားနဲ့ ဆက်ဆံရေး ပျက်ပြားသွားပြီးနောက် အိဆက်ခ်ကို အသင်း ကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို ဒီနွေရာသီမှာ ခေါ်ယူဖို့ တရားဝင် ငြင်းဆိုထားပေမယ့် လာမယ့် နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း Defensa Central က ဖော်ပြပါတယ်။
ကိုင်ဟာဗက်ဇ် ဒဏ်ရာရပြီးနောက် အာဆင်နယ်က အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ပတ်သက်ပြီး အသစ် ပြန်လည် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က နောက်ဆုံး မှာတော့ အီဘာရီချီ အီးဇီး ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အခုတော့ Here We Go သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဆာဗင်ဟိုကို ထွက်ခွာခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်ယူမှာတော့မှာ မဟုတ်ကြောင်း သေချာသွားခဲ့ပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ လာမယ့် ရက်ပိုင်း အတွင်း အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်နေတဲ့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဆီနီဂေါ တိုက်စစ်မှူး ကိုတော့ အက်စ်တွန်ဗီလာ၊ နယူးကာဆယ် ယူနိုက်တက်၊ အေစီမီလန်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဘရန့်ဖို့ဒ် ကတော့ ယိုအာနေး ဝစ်ဆာကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ အချိန် မရှိတဲ့ အပေါ် စိုးရိမ်လျက် ရှိပါတယ်။ နယူးကာဆယ်က ဝစ်ဆာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဘရန့်ဖို့ဒ် ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် ၎င်းတို့ရဲ့ တောင်းဆိုမှုစျေးနှုန်းကို ပေါင် သန်း ၆၀ အထိ မြှင့်တင်ခဲ့ကြောင်း သိရပါတယ်။
ဂါလာတာဆာရေး ကတော့ မန်စီးတီး နောက်ခံလူ မန်ဝဲလ် အာကန်ဂျီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ လက်ရှိမှာ တူရကီ ကလပ်က ဆွစ်ဇာလန် ဗဟိုခံစစ်မှူးနဲ့ ပုဂ္ဂိုလ်ရေး အရ ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ ဝက်စ်ဟမ်း ကတော့ ဆောက်သမ်တန်က မားတီးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ဖီယင်နော့ဒ် ကွင်းလယ်လူ ကွင်တန် တင်ဘာကို ပေါင် ၃၂ သန်း နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.