ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် အပြိုင်အဆိုင် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာတဲ့ လုပ်ငန်းရှင်များ၊ မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ လစ်ဗာပူးလ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် အပြိုင်အဆိုင် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာတဲ့ လုပ်ငန်းရှင်များ
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ကာတာ နိုင်ငံက QIB ဘဏ်ရဲ့ ဥက္ကဌ ဖြစ်သူ စော်ဘွား ရှိတ် ဂျာဆင်ဘင်ဟာမက် အယ်လ်သာနီက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ ယူနိုက်တက်ကို ၁၀၀% အပြည့် ပိုင်ဆိုင်မှု ရဖို့ အတွက် ဝယ်ယူတာ ဖြစ်ပြီး ဒီလိုမျိုး ကမ်းလှမ်းရာမှာ အသုံးပြုမယ့် ငွေကြေးကို လက်ငင်းပေးချေသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗြိတိန်ရဲ့ အချမ်းသာဆုံး သူဌေးကြီး ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကလည်း သူဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တစ်ဦး ဖြစ်ခဲ့တဲ့ ရက်တ်ကလစ်ဖ်ဟာ ဗြိတိန်မှာ ဓာတုစက်ရုံ လုပ်ငန်း အပါအဝင် အခြားသော လုပ်ငန်းကြီး အများအပြားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာ နောက်ဆုံးထား ကမ်းလှမ်းရမယ် ဆိုတဲ့ စည်းကမ်းချက် အတိုင်း နာမည်ကျော် ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက ယူနိုက်တက်ကို ဝယ်ယူဖို့ ခြေလှမ်း စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်သူက ဝယ်ယူနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပြီး ကာတာလုပ်ငန်းစု ဘက်က ဝယ်ယူနိုင်ဖို့ အလေးသာနေကြောင်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။
အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ချင်နေတဲ့ အူနိုင်း အမ်မရီ
အက်စတွန်ဗီလာ အသင်း နည်းပြ အူနိုင်း အမ်မရီ ကတော့ ဒီတစ်ပတ် ကစားရတော့မယ့် အသင်းဟောင်း အာဆင်နယ်နဲ့ ပွဲမှာ အနိုင်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အမ်မရီဟာ အာဆင်နယ် နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ရလဒ်တွေ မကောင်းမွန်တာကြောင့် ရာထူးက ထုတ်ပယ်ခံရကာ လက်ရှိ အာဆင်နယ် နည်းပြ အာတေတာက သူ့နေရာကို အစားဝင်လာခဲ့တာ ဖြစ်ပါတယ်။




ဒီနောက် အမ်မရီဟာ လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ကိုင်တွယ်ခဲ့ပြီး ယူရိုပါလိဂ် ဖလားရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာ သူက ဗီလာ နည်းပြ အဖြစ်နဲ့ တာဝန်ယူနေခဲ့ပြီး အသင်းကို တန်းဆင်းဇုန်က လွတ်အောင် ကယ်တင်ပေးထားကာ အသင်းဟောင်း အာဆင်နယ်နဲ့ အတွေ့မှာ ပြန်လည် အနိုင်ယူပြီး ပရီးမီးယားလိဂ် ဖလားရယူဖို့ ပစ်မှတ်ထားနေတဲ့ မျှော်လင့်ချက်ကို ဖျက်စီးပစ်ချင်နေတယ်လို့ သိရပါတယ်။
၂၀၁၉ မှာ သူ့ကို အာဆင်နယ်ဘက်က ဆက်ဆံခဲ့တဲ့ ပုံစံကို အမ်မရီက နာကျင် ခံစားနေခဲ့ရပြီး အခုလိုမျိုး အခွင့်အရေးရချိန်မှာ လက်စားချေဖို့ ဆန္ဒပြင်းပြနေလိမ့်မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် မှာ နောက်ဆုံး ၃ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေကာ မန်ချက်စတာစီးတီးနဲ့ ၈ မှတ် ကွာဟနေခဲ့ရာ ကနေ အခုဆိုရင် ရမှတ်တူ အနေအထား ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ လစ်ဗာပူးလ်
လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း ဖြစ်တဲ့ ချဲလ်ဆီးရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မေဆန်မောင့်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နှောင့်နှေးနေသူ ဖြစ်ပြီး သူ့ရဲ့ အနာဂတ် ကလည်း သံသယဖြစ်စရာ ရှိနေချိန်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ချဲလ်ဆီးမှာ မေဆန်မောင့်က တစ်ပတ်ကို လုပ်ခ ပေါင် ၈ သောင်း အထိ အလိုရှိနေပြီး ချဲလ်ဆီး ကတော့ အဆိုပါ ပမာဏကို ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။ သူနဲ့ ချဲလ်ဆီး အကြား စာချုပ်ဟာ ၁၈ လ သက်တမ်းသာ ကျန်ရှိတော့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ စာချုပ်သစ် ကိစ္စကို ချဲလ်ဆီးက အပြီးသတ် လုပ်ဆောင်ရဖို့ ရှိနေကာ အဲဒီလို မဟုတ်ရင်တော့ စျေးပေါပေါနဲ့ လက်လွှတ်ရဖွယ်လည်း ရှိနေပါတယ်။လစ်ဗာပူးလ် ကတော့ ဒီအခြေအနေကို စောင့်ကြည့်နေပြီး အခွင့်အရေးရမယ် ဆိုရင် သူတို့ အသင်း ကွင်းလယ်ပိုင်း အင်အား တောင့်တင်းလာဖို့ မေဆန်မောင့်ကို ခေါ်ယူဖို့ နည်းပြကြီး ယာဂင် ကလော့ပ်က ဆန္ဒရှိနေပါတယ်။ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ ကစားသမားတွေနဲ့ စာချုပ် သက်တမ်းကိစ္စ ဆွေးနွေးတိုင်းမှာ ရှုပ်ထွေးမှုတွေ ရှိတတ်ပြီး မေဆန်မောင့်က သူတို့ရဲ့ အရေးကြီးတဲ့ ကစားသမား ဖြစ်လို့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.