အလက်ဇန္တား အလက်ဇန္တား အိဆက်ခ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလ တစ်လျှောက်လုံးမှာ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင် တိုက်စစ်မှူး အနေနဲ့ လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့က တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အိဆက်ခ်ဟာ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှသာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ အန်ဖီးလ်ကို ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
အိဆက်ခ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ် ကနေ ထွက်ခွာခွင့်ရဖို့ အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပြီး အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းပဲ တစ်ဦးတည်း သီးသန့် လေ့ကျင့်ခန်း ဆင်းခဲ့တဲ့ အထိ သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ နယူးကာဆယ် ဘက်က အလျော့ပေးခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့ အရောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဆီ လက်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ နယူးကာဆယ် ပရိသတ်တွေ ကတော့ အိဆက်ခ်ရဲ့ လုပ်ရပ်တွေ အပေါ် အလွန်အမင်း စိတ်ဆိုးခဲ့ကြပါတယ်။
အခု ဆိုရင်တော့ လစ်ဗာပူးလ် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ အလက်ဇန္တား အိဆက်ခ် အနေနဲ့ သူဘာကြောင့် နယူးကာဆယ်မှာ လေ့ကျင့်ခန်း မဆင်းပဲ အပြောင်းအရွှေ့ အပေါ် အတင်းအကြပ် ဖိအားပေးခဲ့သလဲ ဆိုတာကို ဖွင့်ဟလာခဲ့ပြီ ဖြစ်ပါတယ်။ အိဆက်ခ်က “ဒါဟာ အသင်းရဲ့ တည်ဆောက်နေဆဲ စီမံကိန်းတွေ အပြင် အသင်းမှာ ရှိနှင့်နေပြီးသား ကြီးကျယ် ခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပါ။ ဒီသမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ အခွင့်အရေးရခဲ့တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း သမိုင်းသစ်တွေ ဖန်တီးချင်ပါတယ်။ ပြီးတော့ ဆုဖလားတွေလည်း ရယူချင်ပါသေးတယ်။ အဲဒါကပဲ ကျွန်တော့် အတွက် အကြီးမားဆုံး တွန်းအား ဖြစ်ပြီး ဒီနေရာက ကျွန်တော့်ကို ပိုပြီး တိုးတက်စေမယ့် ပြီးတော့ ကစားပုံကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ နေရာ တစ်ခုလို့ ခံစားရလို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဆွီဒင်သားက အန်ဖီးလ်ကွင်းက သူ့ရဲ့ ရည်မှန်းချက်တွေ ကိုလည်း အခုလိုပဲ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။ “ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝ အတွက် နောက်ထပ် ခြေလှမ်းသစ် တစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလို အခွင့်အရေးရတဲ့ အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်ပြီး ဒီအခွင့်အရေးနဲ့ အတူ အကောင်းဆုံးတွေ လုပ်ပြဖို့လည်း စိတ်အားထက်သန်နေပါတယ်။ ကျွန်တော် အသင်း အတွက် အများကြီး ပေးဆပ်နိုင်မယ်လို့ ယုံကြည်သလို၊ တိုးတက်ဖို့လည်း အများကြီး လိုအပ်နေပါသေးတယ်။ ကျွန်တော်က တိုက်စစ်မှူး တစ်ယောက် ဆိုပေမယ့် အသင်း အတွက် အဓိက ဖြစ်တဲ့ ဂိုးတွေ အပြင် တခြားကဏ္ဍတွေ ကနေပါ တတ်နိုင်သလောက် ကူညီ ပံ့ပိုးပေးချင်ပါတယ်။ အရာအားလုံးကို အနိုင်ယူချင်ပါတယ်။” လို့ အိဆက်က ဆိုပါတယ်။
နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းယူထားခဲ့တဲ့ အိဆက်ခ်ဟာ လစ်ဗာပူးလ်မှာ ရော်ဂျာဟန့်၊ ဂျွန်တို ရှက်၊ အီယန် ရက်ရှ်နဲ့ ရော်ဘီ ဖောင်လာတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီနံပါတ်ကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့လည်း အိဆက်ခ်က အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “ဒါက အဓိပ္ပာယ် အများကြီး ရှိတဲ့ အထင်ကရ နံပါတ် တစ်ခု ဖြစ်ပါတယ်။ တာဝန်ယူမှုတွေလည်း ရှိလာမှာ ဖြစ်ပေမယ့် ဒီအခွင့်အရေးနဲ့ ဒီနံပါတ်ကို ရရှိတဲ့ အတွက် ကျွန်တော် အရမ်းပဲ ဝမ်းသာပါတယ်။ အသင်း အတွက် အကောင်းဆုံး ပြန်ပေးဆပ်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။” လို့ အိဆက်ခ်က ပြောကြားခဲ့ပါတယ်။
လစ်ဗာပူးလ် ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အဖွင့် ပွဲစဉ် ၃ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားခဲ့ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲ မရှိတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ကျန်ရှိနေပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာ ရက်သတ္တပတ် ရှိနေတာကြောင့် လစ်ဗာပူးလ် အနေနဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှ လိဂ်ပွဲစဉ်တွေ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.