နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ဆုဖလားရတာက အမြဲတမ်း ပိုကောင်းပါတယ်” လို့ အာနေး ဆလော့တ်ရဲ့ အယူအဆကို တုန့်ပြန်လိုက်တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက “ဆုဖလားရတာထက် ကစားဟန်ကောင်းဖို့က ပိုပြီးအရေးကြီးတယ်” လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပြောကြားချက် အပေါ် ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီး အသင်းရဲ့ နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သဘောမတူကြောင်း အခုလိုပဲ တုန့်ပြန်လိုက်ပါတယ်။ 

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက “နည်းပြတွေဟာ အမြဲတမ်း ‘အနိုင်ရရှိမှု’ ကိုပဲ ဦးစားပေးကြတာ ဖြစ်တယ်” လို့ သောကြာနေ့က ပြုလုပ်တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့ပါတယ်။ “ခင်ဗျားက နည်းပြတစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ဆုဖလားရတာက အမြဲတမ်း ပိုကောင်းပါတယ်။ ကစားဟန် လှလှပပနဲ့ အမြဲတမ်း ကစားနိုင်ဖို့ အခွင့်အရေး မရနိုင်ပါဘူး။ ကျွန်တော့် အမြင် မှာတော့ အရာအားလုံးက ဆက်စပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား နိုင်နေပြီ ဆိုရင် ခင်ဗျား ကောင်းကောင်း ကစားနေလို့ပါပဲ။ မိမိမှာရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး နည်းလမ်းနဲ့ အနိုင်ရချင်တာ၊ ကျွန်တော်တို့ နှလုံးသားထဲက ယုံကြည်တဲ့ အတိုင်း ကစားတာက အရေးကြီးဆုံးလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဂွါဒီယိုလာရဲ့ အသင်းဟာ ဒီကနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က တစ်ပွဲ ပိုကစားပြီး ဇယားထိပ် ကနေ ၉ မှတ် ဖြတ် ဦးဆောင်လိုက်ပြီ ဖြစ်တာကြောင့် လုံးဝ အမှားခံလို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးက ၂၀၂၆ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး (၄ ပွဲသရေ၊ ၁ ပွဲရှုံး) ရုန်းကန်နေရပါတယ်။
နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာရဖွယ် ရှိနေတဲ့ မန်စီးတီး

လစ်ဗာပူးလ် ကိုတော့ ရာသီအစမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိမှာ အဆင့် ၆ နေရာကို ရောက်ရှိနေပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၁၄ မှတ် အထိ ကွာဟနေပါတယ်။ ဂွါဒီယိုလာဟာ သူရဲ့ နည်းပြ သက်တမ်း တစ်လျှောက်မှာ လှပတဲ့ ကစားဟန်နဲ့ ဆုဖလား ရယူမှုကို ပေါင်းစပ်နိုင်ခဲ့သူ ဖြစ်ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အပါအဝင် အောင်မြင်မှုများစွာ ရရှိထားပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ မန်စီးတီး အနေနဲ့ ဒီရာသီ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ၅.၇ ရာခိုင်နှုန်းသာ ရှိတော့ပြီး၊ အာဆင်နယ် ကတော့ ၉၁.၂ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဂွါဒီယိုလာဟာ သူရဲ့ နည်းပြဘဝမှာ ၂ ရာသီ ဆက်တိုက် အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တဲ့ မှတ်တမ်းမျိုး မရှိခဲ့ဖူးပါဘူး။ (၂၀၁၂ ခုနှစ် ဘာစီလိုနာ ကနေ ထွက်ပြီး အနားယူနေချိန်က လွဲလို့)

ဒါ့အပြင် မန်စီးတီးက ၂၀၂၆ ခုနှစ် အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး (၄ ပွဲသရေ၊ ၁ ပွဲရှုံး) ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ ကတော့ သူ့အသင်းဟာ မကြာခင် အခုထက်ပိုပြီး တိုးတက်လာမယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံး အဆင့်ကို ရောက်နေပြီလား ဆိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် တချို့ အချိန်တွေမှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ပိုပြီး တည်ငြိမ်ဖို့ပဲ လိုတာပါ။ ပရီးမီးယားလိဂ်မှာ ကစားဖို့ ၁၄ ပွဲ ကျန်ပါသေးတယ်။ ဒါက အချိန် အကြာကြီးပါပဲ၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ လစ်ဗာပူးလ်နဲ့ အမှတ်အများကြီး ကွာခဲ့တာပဲ။ အခုလည်း ဘာဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့။” လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်