နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အီဆက်ခ် မရှိတော့တာကြောင့် အသင်းရဲ့ တိုက်စစ် ကစားပုံက ကွဲပြားခြားနားသွားခဲ့ပြီလို့ ငြီးတွားလိုက်ပါတယ်။ နယူးကာဆယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။
ငှက်ကြားတွေက ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့သလို ၃ ရက်အကြာမှာ ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲမှာလည်း ဂိုးမရှိ သရေကျတာ ဖြစ်ပါတယ်။ ဒီပွဲအပြီး မှာတော့ အက်ဒီဟောင်းဝ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
အက်ဒီဟောင်းဝ်က “ကျွန်တော်တို့ အဝေးကွင်းမှာ ၃ ပွဲဆက် ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော် တို့ရဲ့ တိုက်စစ် ကစားပုံက ပုံမှန် မဟုတ်ဘူး ဆိုတာ ပြနေတာပါ။ အဲလက်စ် မပါဘဲ ဒီနှစ်မှာ ကျွန်တော် တို့က မတူကွဲပြားတဲ့ တိုက်စစ် ကစားပုံနဲ့ အသင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။
အိဆက်ခ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အသင်းထံ ပေါင် ၁၂၅ သန်း (ဒေါ်လာ ၁၆၈.၄ သန်း) နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ အိဆက်ခ်ကို လုံးဝ ရောင်းထုတ်လိုခြင်း မရှိခဲ့ပေမယ့် ကစားသမားရဲ့ သပိတ်မှောက်မှုတွေကြောင့် နောက်ဆုံး မှာတော့ လက်လွှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အိဆက်ခ် မရှိတော့တဲ့ နောက်မှာတော့ နယူးကာဆယ်က တိုက်စစ်မှူးသစ် နစ်ခ် ဝေါလ်တီမိတ်ဒ်ကို အသုံးပြုနေပေမယ့် ဂျာမန်သားက ဝုဗ်နဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် ကျန်ပွဲတွေ မှာတော့ အားရစရာ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း အက်ဒီဟောင်းဝ် ကတေ့ ဝေါလ်တီမိတ်ဒ် ဘက်နေ အခုလိုပဲ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ “ဒီနေ့ နစ်ခ်က တကယ် ကောင်းကောင်း ကစားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ ချိတ်ဆက် ကစားမှုတွေက အရမ်းထိရောက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က သူ့ရဲ့ ပုံစံကို ပိုသိပြီး ရင်းနှီးဖို့ပဲ လိုပါတယ်။ သူက အရမ်းတော်တဲ့ အတွက် ပြိုင်ဘက်တွေကို ရှောင်ရှား ကစားနိုင်ဖို့ပဲ လိုတာပါ။ ကျွန်တော် တို့ဟာ မတူညီတဲ့ အသင်း တစ်သင်း အဖြစ် တိုးတက်လာဖို့ မျှော်လင့်ပါတယ်၊ ပိုကောင်းတဲ့ အသင်း ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းတော့ ကြာနိုင်ပါတယ်။” လို့ အက်ဒီဟောင်းဝ်က ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် အသစ် ခေါ်ယူထားတဲ့ ကွန်ဂို တိုက်စစ်မှုး ယိုအာနေး ဝစ်ဆာ ကလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ စုစုပေါင်း ၆ ပွဲ ကစားထားပြီး ရဂိုး အနေနဲ့ ကတော့ ၄ ဂိုးသာ ရှိထားကာ ဂိုးမရတဲ့ ပွဲကလည်း ၃ ပွဲအထိ ရှိထားပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၃ ပွဲဆက် ဂိုးမပေးရတဲ့ Clean Sheet ရလဒ်တွေ ရရှိခဲ့ပေမယ့် ၃ ပွဲ စလုံးမှာ ဂိုးမသွင်းနိုင်ပဲ ဂိုးမရှိ သရေ ရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် အက်ဒီဟောင်းဝ်က တိုက်စစ်မှူး အိဆက်ခ် မရှိတော့ခြင်းရဲ့ အကျိုးသက်ရောက်မှု ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပြီး တခြား ကစားသမားတွေ အနေနဲ့လည်း ဒီကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြရမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.