နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ဂျေဒန် ဆန်ချို၊ အေဘရာဟမ်ကို ပစ်မှတ် စာရင်းထဲ ထည့်ထားတဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ယူနိုက်တက် အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ဂျေဒန် ဆန်ချို၊ အေဘရာဟမ်ကို ပစ်မှတ် စာရင်းထဲ ထည့်ထားတဲ့ ယူနိုက်တက် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ယူနိုက်တက် အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ဂျေဒန် ဆန်ချို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုဟာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း အတွက် လူစားဝင်လာခဲ့ပြီး အရေးပါတဲ့ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ယူနိုက်တက်ဟာ၂ ဂိုးပြတ် အရှုံး ကနေ သရေကျအောင် လိုက်ကစားခဲ့ရပြီး အရေးကြုံချိန်မှာ ဆန်ချိုက ဒုတိယ ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ 

“ ဒီခံစားချက်ကို ကျနော် ဘယ်လောက်တောင်မှ လွမ်းဆွတ်နေရလဲ ဆိုတာ ခင်ဗျားကို ပြောပြလို့တောင် မတတ်ဘူး၊ အသင်းက ဒီပွဲမှာ အရမ်းကောင်းတဲ့ စရိုက် လက္ခဏာကို ပြသခဲ့ပါတယ်၊ လာမယ့် ပွဲအတွက် ကျနော်တို့  ဒီပုံစံ အတိုင်း ထပ်သွားဦးမှာပါ” လို့ ပွဲအပြီးမှာ ဆန်ချိုက ပြောဆိုခဲ့ပါတယ်။ 

ဆန်ချို ကတော့ နည်းပြ တန်ဟက်ဂ်ရဲ့ အစီအစဉ်နဲ့ နယ်သာလန်မှာ သွားလေ့ကျင့်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ နောက်ပိုင်း ယူနိုက်တက် အတွက် သူ့ရဲ့ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခြေစွမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိခဲ့လို့ ဆန်ချိုဟာ အသင်း အတွက် မကစားပေးခဲ့ရတာ ကြာမြင့်ခဲ့သူလည်း ဖြစ်ပါတယ်။ 

 

အိုးထရက်ဖို့ဒ်မှာ ၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ အသင်း အတွက် ပထမ ချေပဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ နောက်ပိုင်းမှာ အခုလို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

နောက်ဆုံး အကြိမ် ဒီလိုမျိုးစံချိန်ကို ရရှိခဲ့တဲ့သူက ဝိန်း ရွန်နီ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်က အဆိုပါ စံချိန်ကို လိုက်မီခဲ့တာပါ။ နောက်ထပ် ကစားရမယ့် အိမ်ကွင်း ပွဲစဉ်မှာသာ သူ့အနေနဲ့ ဂိုးထပ်ရခဲ့မယ် ဆိုရင်တော့ ၇ ပွဲဆက်တိုက် အိမ်ကွင်းမှာ လိဂ်ဂိုး သွင်းယူနိုင်တဲ့သူ ဖြစ်လာမှာပါ။ လိဒ်စ်နဲ့ ပွဲမှာ ရက်ရှ်ဖို့ဒ်က ပထမ ချေပဂိုးကို လှလှပပ ခေါင်းတိုက် သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးကတည်းက ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပွဲတိုင်းနီးပါး ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရက်ရှ်ဖို့ဒ် အနေနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုး အထိ ရရှိထားပြီ ဖြစ်ကာ ပြိုင်ပွဲစုံ သွင်းဂိုး ကတော့ ဂိုး ၂၀ အထိ ရှိလာခဲ့ပါပြီ။ ဂိုးဖန်တီးမှု ကလည်း ၈ ကြိမ်အထိ ပြုလုပ်ထားပြီး တန်ဟက်ဂ် အတွက် အားထားရတဲ့ တိုက်စစ်မှူး တစ်ဦး ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

 

အေဘရာဟမ်ကို ပစ်မှတ် စာရင်းထဲ ထည့်ထားတဲ့ ယူနိုက်တက်

ချဲလ်ဆီး တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်နဲ့ စိမ်းတဲ့သူ မဟုတ်ဘဲ ယူနိုက်တက်က အမှန်တကယ် ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ သူ့ကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေ အများကြီး ရှိတယ်လို့ သိရပါတယ်။
တိုက်စစ်မှူး တစ်ဦး ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်

တိုက်စစ်မှူး တစ်ဦး အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီမှာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေ အဖြစ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း၊ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ် တို့ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ 

ဒါပေမယ့် စပါးက ဟယ်ရီကိန်းကို မရောင်းချချင်သလို နာပိုလီ ကလည်း အိုဆင်ဟန် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှသာ ရောင်းချဖွယ် ရှိနေလို့ ယူနိုက်တက်တို့ ခက်ခက်ခဲခဲတော့ အားထုတ်ရဖွယ် ရှိပါတယ်။ ဒါကြောင့် အဆိုပါ ကစားသမာတွေကို မခေါ်ယူနိုင်ခဲ့ရင် နောက်ထပ် ပစ်မှတ် အဖြစ် ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။အေဘရာဟမ်က ဟိုဆေး မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပြနေပြီး စီးရီးအေမှာ ပုံစံကောင်း ရနေသူ ဖြစ်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းဟာ ပရီးမီးယားလိဂ်နဲ့ စိမ်းတဲ့သူ မဟုတ်ဘဲ ယူနိုက်တက်က အမှန်တကယ် ကမ်းလှမ်းခဲ့မယ် ဆိုရင်တော့ သူ့ကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေ အများကြီး ရှိတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်