အခုတစ်ခါမှာတော့ ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရို ကတော့ အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ကြောင်း Trivela က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ကတော့ လန်ဒန်မှာ နေထိုင်ဖို့က ဦးစားပေး ဖြစ်တာကြောင့် လစ်ဗာပူးထက် အာဆင်နယ် သို့မဟုတ် ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကတော့ ပေါင် ၄၃ သန်း ရှိနေသူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို စိတ်ဝင်စားနေပေမယ့်လည်း ယူရို ၇၅ သန်း (ပေါင် ၆၃.၉)နဲ့ ခေါ်ယူနိုင်မယ့် နိုင်ဂျီးရီးယား လက်ရွေးစင်နဲ့ ဆွေးနွေးတွေ ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ နာပိုလီသာ အိုဆင်မ်ဟန်ကို အမှန်တကယ် ဒီပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ် ဆိုရင်တော့ ယူနိုက်တက် အနေနဲ့ ယိုကီးရက်စ်ထက် နိုင်ဂျီးရီးယားသား ကိုသာ အာရုံစိုက် ကြိုးပမ်းသွားမယ့် သဘော ရှိပါတယ်။
နယူးကာဆယ် ကတော့ တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန်ကို ရောင်းချကို အနည်းဆုံး ပေါင် ၇၅ သန်း ရရှိမှသာ ရောင်းချသွားမှာ ဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပြီး လက်ရှိမှာလည်း ဂေါ်ဒွန်ကို စောင့်ကြည့်လျက် ရှိနေပါတယ်။

ချဲလ်ဆီး ကနေ ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဂျေဒန် ဆန်ချို ကတော့ ဝုဗ် အတွက် ပစ်မှတ် အဖြစ် ပေါ်ထွက်လာကြောင်း TodoFichajesက ဖော်ပြခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကလည်း ယူနိုက်တက် တောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။ လက်တလော ဆန်ချိုကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းက ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ဖြစ်ပေမယ့် အားကစားဒါရိုက်တာ ဆဘက်ရှန် ကားလ် ကတော့ ဆန်ချိုကို ခေါ်ယူဖို့က အဓိက ဦးစားပေး မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပါတယ်။
အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း ဂျွန် ဒူရန် ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကနေ ထွက်ခွာလိုနေပြီးတော့ ပရီးမီးယားလိဂ်ကို ပြန်သွားဖို့ စိတ်အားထက်သန်နေကြောင်း TEAMtalkရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒူရန် ကိုတော့ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းနဲ့ ဝုဗ် တို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။
အာဆင်နယ် ကတော့ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လိုက်ပ်ဇစ်နဲ့ စေ့စပ်ညှိနှိုင်းမှုမှာ အောင်မြင်မှု တစ်ခု ရရှိခဲ့ကြောင်း FootballTransfers က ဖော်ပြခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ကတော့ ယူရို သန်း ၁၀၀ (ပေါင် ၈၅.၂ သန်း) ဆီ ဦးတည်သွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။စတုဂတ် တိုက်စစ်မှူး နစ်ခ် ဝိုလ်တီမိတ်ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ BILD က ဖော်ပြခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကလည်း အလိုရှိနေတဲ့ အသက် ၂၃ နှစ် အရွယ် ဒီကစားသမား အတွက် ချဲလ်ဆီးက ချဉ်းကပ်မှု တစ်ခုကို ဒီတစ်ပတ် အစောပိုင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.