နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ် နေရာမှာ ဇီယက်ခ်ဇီးနဲ့ အစားထိုးချင်နေတဲ့ ဂျူဗင်တပ်စ်၊ ဘာကိုလာကို ခေါ်မယ့် မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၁၃ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ကတော့ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒူဆန် ဗလာဟိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဆားဘီးယား တိုက်စစ်မှူး နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို အလိုရှိနေကြောင်း သိရပါတယ်။ 

ရူဘင် အမော်ရင် ကတော့ လာမယ့် ဇန်နဝါရီမှာ ကွင်းလယ်လူ သစ်တစ်ဦးကို လိုချင်နေပြီး ယူနိုက်တက် ကင်းထောက်တွေ ကတော့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ဖွင့်တာနဲ့ တပြိုင်နက် အန်ဒါဆန်ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတယ်လို့လည်း သိရပါတယ်။ 

အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရှောင်ရှားရန် မျှော်လင့်ချက်နဲ့ ဝီလီယမ် ဆလီဘာကို ၅ နှစ် သက်တမ်းတိုး စာချုပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း Foot Mercato က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ မိုဟာမက် ကူဒု့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုကို ဝက်စ်ဟမ်း ဘက်က ပယ်ချခဲ့တာကြောင့် စာချုပ်မချုပ်နိုင်ခဲ့ပါဘူး။ တော့တင်ဟမ်ဟော့စပါး ကတော့ နောက်ဆုံးမှာ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ လာမယ့် နွေရာသီမှာ လူးကပ်စ် ပါကေးတားကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ ဘရာဇီးလ်သားဟာ အက်စတွန်ဗီလာကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းနေကြောင်း သတင်းတွေ ပေါက်ကြားလာတာကြောင့် ဟမ်းမားတွေ ဘက်က စိတ်ပျက်လက်ပျက် ဖြစ်နေပြီး နောက်ဆုံး မှာတော့ အလျှော့ပေးရဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရတ်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာကိုလာကို ခေါ်ယူမယ့် မန်စီးတီး

ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဇန်နဝါရီမှာ ပေါင် သန်း ၆၀ နဲ့ ရောင်းချဖွယ် ရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ချဉ်းကပ်နေကြတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရတ်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။ 

အေဂျက်စ် လူငယ်ကစားသမား ဂျော်သီ မိုကီယို ကတော့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ် အရွယ် ဒီကစားသမားလေးကို အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က စောင့်ကြည့်နေပါတယ်။

နယူးကာဆယ် ကတော့ ရိုးမား ကွင်းလယ်လူ နီကိုလို ပီဆီလီကို ဇန်နဝါရီမှာ ပေါင်သန်း ၂၀နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ ပရီးမီးယားလိဂ်က အလားအလာ ရှိတဲ့ ကမ်းလှမ်းမှုတွေ မျှော်လင့်နေပေမယ့်လည်း လာလီဂါမှာ ဆက်လက် ကစားလိုတာကြောင့် 2026 ခုနှစ်မှာ အက်တလက်တီကိုမက်ဒရစ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း El Nacional က ဖော်ပြပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီ စက်တင်ဘာ ၂၃ ရက် မတိုင်ခင် ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ဘာနဲလ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ အသင်း တာဝန်ရှိသူတွေကို ဖိအားပေးနေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်သားဟာ ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် မရပါက အသင်း ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပါတယ်။ မက်ဒရစ် ကလပ်ဟာ ရိုဒရီဂို အတွက် ယူရို သန်း ၈၀ လိုချင်နေပြီး မန်စီးတီး ဘက်ကလည်း ပေးချေဖို့ အဆင်သင့် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်