နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် ကနေ ထွက်ခွာနိုင်ခြေ ရှိနေတဲ့ ခီဗီယော၊ ရိုမီယိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ခေါ်ယူ ဆွေးနွေးခဲ့တဲ့ စပါး | ပရီးမီးယားလိဂ်

ဩဂုတ် ၁၈ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် နောက်ခံလူ ယာကုဗ် ခီဗီယော ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ လွဲချော်ခဲ့ပြီးနောက် အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။ ဒါ့အပြင် ပိုလန် လက်ရွေးစင် ကိုတော့ ပေါ်တိုက ယူရို ၇ သန်းတန် အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ အငှား စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ယူရို သန်း ၂၀ နဲ့ အပြီးသတ် ရောင်းထုတ်ဖို့ လိုလားနေကြောင်း သိရပါတယ်။

နောက်ခံလူ တစ်ဦး ထွက်ခွာသွားနိုင်ခြေ ရှိတာကြောင့် အန်ဒရီယာ ဘာတာ အနေနဲ့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ ဝီလီယံ ဆလီဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရပါတယ်။ အားကစား ဒါရိုက်တာ ဘာတာ အနေနဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူးကို အသင်း ကနေ ထွက်ခွာမယ့် အရေး ကနေ လုံးဝ တားဆီးလိုနေတယ်လို့ သိရပါတယ်။

မန်စီးတီး ကတော့ လိုက်ပ်ဇစ် တိုက်စစ် ကစားသမား ဇာဗီ ဆိုင်မွန်စ်ကို အပြိုင်အဆိုင် ခေါ်ယူချင်ခဲ့ပေမယ့် နယ်သာလန်သား ဘက်က ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဇာဗီ ဆိုင်မွန်စ်ဟာ ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့လိုနေပြီး မကြာသေးခင် ကလည်း ဘေယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ထားခဲ့ကြောင်း သိရပါတယ်။

တစ်ဖက်မှာ ဘေယန်မြူးနစ်က ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်ဟ ပြင်သစ်သားကို အပြီးသတ် ခေါ်ယူဖို့ထက် အငှားနဲ့ အရင်ဆုံး ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးက စထရက်ဘော့ဂ် တိုက်စစ်မှူး အီမန်နျူရယ် အီမီဂါကို လာမယ့် နွေရာသီမှာ အရန်ကစားသမား တစ်ဦးနဲ့ လဲလှယ်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ ချဲလ်ဆီး ကတော့ ဒီကစားသမားကို ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။

အာဂျင်တီးနားသားဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ရှိနေကြောင်း သိရပါတယ်။
ရိုမီယိုကို လစာ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးနဲ့ သောမတ်စ် ဖရန့်ခ် တို့ဟာ အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယိုကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် ခေါ်ယူ ဆွေးနွေးခဲ့ပြီး အသင်းရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေကြောင်း သိရပါတယ်။ အာဂျင်တီးနားသားဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ရှိနေကြောင်း သိရပါတယ်။

ရိုးမား ကတော့ တိုင်ရဲလ် မလာစီယာနဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက်နဲ့ ပထမဦးဆုံး အကြိမ် အဖြစ် ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။ စီးရီးအေ ကလပ်ဟာ ဂျေဒန် ဆန်ချို ကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ယိုအာနေး ဝစ်ဆာကို ပေါင် ၃၅ သန်း နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ပျားတွေ ကတော့ သူတို့ရဲ့ ကစားသမား အတွက် တန်ကြေး ပေါင် သန်း ၅၀ လိုချင်နေကြောင်း သိရပါတယ်။

ငှက်ကြားတွေဟာ ကွင်းလယ်ပိုင်း အတွက် အင်တာမီလန် ကွင်းလယ်လူ ဒေးဗစ် ဖရတ်တက်ဆီကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အီတလီသားကို တခြားသော အင်္ဂလိပ် ကလပ်တွေက မှန်ကန်တဲ့ စျေးနှုန်းတွေနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမား ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်း ကိုသာ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ အေစီမီလန် ကစားသမား နိုအာ အိုကာဖောနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် တန်းတက် ကလပ်ဟာ အေစီမီလန်နဲ့ သဘောတူညီမှု ရရှိဖို့ ကြိုးစားနေပြီး အေစီမီလန် ဘက်ကတော့ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖူလ်ဟမ် အနေနဲ့ ရိုဒရီဂို မူနစ်ဇ်ကို ဒီနွေရာသီမှာ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ ဖူလ်ဟမ်ဟာ မူနစ်ဇ်ကို ဆက်ထိန်းထားချင်ပေမယ့်လည်း ကစားသမားက အပြောင်းအရွှေ့ အတွက် စိတ်အားထက်သန်နေပါတယ်။ မူနစ်ဇ်ကို တော့တင်ဟမ်ဟော့စပါး၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ကလည်း ချိတ်ဆက်လျက်ရှိကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်