လက်စတာစီးတီး – လစ်ဗာပူးလ်
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ရဲ့ နောက်အကျဆုံး ပွဲအဖြစ် လက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ ကင်းပါဝါမှာ ကစားဖို့ ရှိနေပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၅- ၂၀၁၆ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လက်စတာစီးတီး ကတော့ ဒီရာသီမှာ အခြေအနေ တော်တော်လေး ဆိုးရွားနေတာ ဖြစ်ပါတယ်။ ပွဲစဉ် (၃၅) ပြီးချိန် အထိ ရမှတ် ၃၀ သာ ရရှိထားတာကြောင့် အဆင့် ၁၉ နေရာမှာ ရှိနေပြီး ဒီပွဲပါ ထပ်ရှုံးရင်တော့ လက်စတာတို့ ၉ နှစ် အကြာမှာ ချန်ပီယံရှစ်ဆီ ပြန်ရဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကလည်း အစောပိုင်းမှာ တိုင်ပတ်ခဲ့သမျှ ရာသီကုန်ခါနီးမှ Form ပြန်မိနေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပွဲတိုင်းကို အနိုင်ကစားနေပါတယ်။
လက်စတာစီးတီးတို့ နည်းပြသစ် လက်အောက် မှာလည်း ဘာမှ မထူးခြားလာသေးပါဘူး။ တတ်နိုင်သမျှ ညှစ်ကစားနေပေမယ့် ခံစစ်ပိုင်း အားနည်းနေခြင်းက မြေခွေးတွေကို ရှုံးပွဲတွေ တွေ့နေစေတာ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေ ထုတ်သုံးနေပေမယ့်လည်း စွမ်းဆောင်ရည်က တက်မလာတာကြောင့် လိုအပ်နေတဲ့ ရမှတ်တွေနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ နိုင်ပွဲတွေ ဆက်နေပြီး အသင်း ကလည်း Rhythm မှန်နေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် ပွဲတိုင်းကို အားထည့် ကစားနေပြီး အသင်းမှာ ဒဏ်ရာ ပြဿနာ ကင်းစင်နေခြင်း ကလည်း လစ်ဗာပူးလ် အတွက် အားသာချက် ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လစ်ဗာပူးလ်ကို အရင်လိုမျိုး အကောင်းဆုံး ပုံစံတစ်ခုနဲ့ ပြန်လည် မမြင်တွေ့ရသေးပေမယ့် ကြိုးကြာနီတွေ ထုံးစံ အတိုင်း အရေးကြီးတဲ့ အချိန်မှာ လိုအပ်တဲ့ နိုင်ပွဲတွေ ဆက်တိုက် ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ယာဂင် ကလော့ပ်ရဲ့ အသင်းက ယူနိုက်တက်ထက် ၁ ပွဲပို ကစားထားပြီး ၁ မှတ် ကွာဟနေသေးပေမယ့် လက်ကျန် ပွဲအနည်းငယ်မှာ ဘာမဆိုဖြစ်သွားနိုင်လို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေပါသေးတယ်။ သေချာတာ ကတော့ လစ်ဗာပူးလ်တို့ ဒီပွဲ ကိုလည်း လူစုံတက်စုံနဲ့ ပွဲထွက်လာရင်း အနိုင် ၃ မှတ် အမှားအယွင်း မရှိ ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်လာမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လက်စတာစီးတီး – အိုင်ဗာဆန်၊ ကတ်စတန်ညီ၊ ဖေးစ်၊ ဆိုယွန်ချူ၊ ခရစ္စတန်ဆန်၊ ဆူမာရေး၊ တေးလီမန့်စ်၊ ဘန်းစ်၊ မက်ဒီဆင်၊ ပါရတ်၊ ဗာဒီ
လစ်ဗာပူးလ် – အယ်လစ်ဆန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရောဘတ်ဆန်၊ ဂက်ခ်ပို၊ ဖာဘင်ဟို၊ ကာတစ် ဂျုံးစ်၊ နူညက်ဇ်၊ ဂျိုတာ၊ ဆာလာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲ တွေ့ဆုံမှုမှာ လစ်ဗာပူးလ်က ၄ ပွဲ နိုင်ကာ လက်စတာက ၂ ပွဲ နိုင်ခဲ့ပြီး ဂိုးပေါ် ၄ ပွဲ ပါခဲ့ပါတယ်။ လက်စတာကွင်းမှာ လစ်ဗာပူးလ်တို့ နောက်ဆုံး ၂ ပွဲ ဆက်တိုက် အရေးနိမ့်ထားပါတယ်။ လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ လက်စတာတို့ ၁ ပွဲသာ နိုင်ပြီး ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးကာ နောက်ဆုံး ၅ ပွဲ စလုံး ဂိုးပေါ်ခဲ့ပြီး ပွဲတိုင်း ဂိုးရခဲ့သလို ပွဲတိုင်းလည်း ဂိုးပေးခဲ့ရပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ၅ ပွဲစလုံး အနိုင်ရထားပြီး ဂိုးပေါ် ၃ ပွဲ ပါခဲ့သလို ၂ ပွဲ ဆက်တိုက် ဂိုးအောက် ကစားပြီး ၂ ပွဲဆက် ပေးဂိုး မရှိခဲ့ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 မှာ လက်စတာ နိုင်ရင် ၄.၇ ဆ၊ သရေ ဆိုရင် ၄ ဆခွဲ၊ လစ်ဗာပူးလ် နိုင်ရင် ၁.၅၄ ဆ ပါ။ Handicap မှာ လစ်ဗာပူးလ်က ၁ လုံး သရေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သရေပါ။ လက်စတာကွင်း ဆိုရင် လစ်ဗာပူးလ် ရုန်းကန်ရတတ်တယ် ဆိုပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရတော့ လက်စတာ မယှဉ်နိုင်ပါဘူး။ နှစ်သင်းစလုံး အမှတ် လိုအပ်နေလို့ တိုက်စစ်ဖွင့် ကစားမှာ ဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး ဂိုးသွင်းမ ဂိုးပေါ်က အကောင်းဆုံးပါပဲ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.