နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟွိုက်ဂျ်လန်း ကိုပါ စိတ်ဝင်စားနေတဲ့ လေဗာကူဆင်၊ ဂရီးလစ်ရှ်ကို ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လေဗာကူဆင် ကတော့ အလက်ဟန်ဒရို ဂါနာချိုနဲ့ အန်တိုနီ တို့ကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ်ဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်မှာ ရုန်းကန်နေရတဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ကိုတော့ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ နာပိုလီ၊ ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ် တို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဟွိုက်ဂျ်လန်း အတွက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရရှိမယ်လို့ ယုံကြည်လျက် ရှိနေကြောင်း သိရပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရတော့ ဟွိုက်ဂျ်လန်းနဲ့ သူ့ရဲ့ အသင်းဖော် ဂျော်ရွှာ ဇီယက်ခ်ဇီး အတွက် စီးရီးအေ အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက် ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဟွိုက်ဂျ်လန်း ကိုတော့ စီးရီးအေ ကလပ်တွေ အပြင် အထောင်တိုက်စစ်မှူး လိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို တခြား ကလပ်တွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ အပြောင်းအရွှေ့ထဲကို နောက်ဆုံး ဝင်ရောက်လာကြောင်း TodoFichajes က ဖော်ပြပါတယ်။ ဒါ့အပြင် အာဂျင်တီးနား လက်ရွေးစင်ကို အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ် ကတော့ မကြာသေးခင်က အာဆင်နယ်ရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ဂစ်တန်စ်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ခြင်းက သူ့ရဲ့ ကစားသမား ဘဝ အတွက် ပိုမို ကောင်းမွန်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ် အတွက် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။
ဂရီးလစ်ရှ်ကို ကနဦး အငှားနဲ့ ခေါ်ယူချင်နေတဲ့ နယူးကာဆယ်

ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာရဲ့ ပေါင် သန်း ၈၀ တန် ကစားသမား မော်ဂန် ရော်ဂျာစ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ခဲ့ကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် ကွင်းလယ် ကစားသမားဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့အတွက် အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Just Arsenal Sources က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ ယူရို သန်း ၈၀ (ပေါင် ၆၇.၅ သန်း) ဆိုတဲ့ ပြောင်းရွှေ့ကြေး ကတော့ ဒီနှစ်သင်း အကြားမှာ အတားအဆီး အဖြစ် ရှိနေသေးကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ကတော့ တိုးတက်လျက် ရှိပြီးတော့ မကြာခင်မှာ နှစ်သင်းအကြား သဘောတူညီမှု ရရှိမယ်လို့ အာဆင်နယ် ဘက်က ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ် အတွက် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ငှက်ကြားတွေ အနေနဲ့ ကနဦး အငှားနဲ့ အရင်ဆုံး ခေါ်ယူချင်နေပြီး ယူရို သန်း ၈၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် စာချုပ်ကို ထည့်သွင်းချုပ်ဆိုချင်နေကြာင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်