ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ လေဗာကူဆင်ရဲ့ ဂျာမန် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လစ်ဗာပူးလ်နဲ့ လေဗာကူဆင် အသင်းတို့ အကြားမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ (ပေါင် ၁၂၆.၉ သန်း)နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ကြောင်း သတင်းတွေက အတည်ပြုထားပါတယ်။
ဖလော်ရီယန် ဝစ်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယခင်က ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၃၅ သန်းနဲ့ လစ်ဗာပူးလ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟိုရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင် ကစားသမား ခေါ်ယူမှုရဲ့ အမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူခဲ့ချိန် အသုံးပြုခဲ့ရတဲ့ ယူရို ၁၂၁ သန်းထက်လည်း ပိုများခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ဖလော်ရီယန် ဝစ်ဇ်ဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ကို ငြင်းဆန်ကာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝစ်ဇ်ဟာ အစောပိုင်း မှာလည်း မန်ချက်စတာစီးတီး၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ အတွက် နှစ်ဖက် အသင်းကြား အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီးတော့ ဆေးစစ်ဖိုနဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဝစ်ဇ် အတွက် ကမ်းလှမ်းမှုကို ၄ ကြိမ် အထိ ပြုလုပ်ခဲ့ရပုံ ရပြီး အစောပိုင်း ၃ ကြိမ်မှာ လေဗာကူဆင် ဘက်က သဘောတူညီမှု မရခဲ့တာကြောင့် စတုတ္ထအကြိမ်မြောက် ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ချိန်မှာတော့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှု ကိုမှ လေဗာကူဆင် ဘက်က လက်မခံရင် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့ ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဖလော်ရီယန် ဝစ်ဇ်ကို တတိယအကြိမ်မြောက် အဖြစ် ယူရို ၁၃၄ သန်း (ပေါင် ၁၁၃ သန်း) နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းက လေဗာကူဆင် ဘက်က ဝစ်ဇ် အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ (ပေါင် ၁၂၆.၇ သန်း) ထက် လုံးဝ မလျှော့နိုင်ခဲ့တာကြောင့် လစ်ဗာပူးလ် ဘက်က အလျှော့ပေးခဲ့ရတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ စတုတ္ထ အကြိမ်မြောက် ကမ်းလှမ်းမှုကို ယူရို သန်း ၁၄၀ (ပေါင် ၁၁၈ သန်း) အထိ တိုးမြှင့်ပေးသွားဖို့သာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီ လက်ရွေးစင် ကစားသမားက လစ်ဗာပူးလ် ကိုပဲ ပြောင်းရွှေ့ချင်တာကြောင့် ဘေယန်မြူးနစ် အပါအဝင် တခြားသော ထိပ်တန်း ကလပ်တွေရဲ့ ကမ်းလှမ်းမှု များစွာကို လက်ခံရရှိခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့သူ ဖြစ်ပါတယ်။ ဒီလို ဝစ်ဇ်ရဲ့ ဆုံးဖြတ်ချက်ကို ဘေယန်မြူးနစ်နဲ့ တခြားသော ထိပ်တန်း ကလပ်တွေက စိတ်ပျက်မိကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ပါသေးတယ်။ လစ်ဗာပူးလ်ဟာ မကြာသေးခင် ကလည်း လေဗာကူဆင်ရဲ့ နယ်သာလန် ညာနောက်ခံလူ ဂျရယ်မီ ဖရင်ပေါင်ကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ ဒီကစားသမား ကိုတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အာနေး ဆလော့တ်ရဲ့ အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ မစတင်ခင် ကတည်း လစ်ဗာပူးလ်က ထိပ်တန်း ကစားသမားတွေ ခေါ်ယူသွားမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့တာပါ။ သတင်းတွေ အရ ဆိုရင်တော့ လစ်ဗာပူးလ်ဟာ ဝစ်ဇ်နဲ့ Here We Go အပြီးမှာ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေသလို ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ် ကိုလည်း ခေါ်ယူဖို့လည်း ချဉ်းကပ်လျက် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.