ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရန်းစ် အသင်းရဲ့ အသက် ၂၀ အရွယ် ဗဟိုနောက်ခံလူ ဂျရယ်မီ ဂျက်ကတ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်နဲ့ ချဲလ်ဆီးတို့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဘေယန်မြူးနစ် ကတော့ ဒီကစားသမားကို ခေါ်ယူဖို့ အခွင့်အရေး နည်းသွားပြီလို့ သိရပါတယ်။ သူဟာ ဘယ်အသင်း ကိုပဲ ပြောင်းပြောင်း အခုချက်ချင်း မဟုတ်ဘဲ လာမယ့် နွေရာသီမှသာ ပူးပေါင်းမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တပတ်ပွဲစဉ်မှာ အာဆင်နယ် ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ရီးရဲလ်မက်ဒရစ်က ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ရီးရဲလ်က သူ့ကို ပစ်မှတ်ထားနေတာပါ။
ဒီဆောင်းရာသီမှာ အီတလီ စီးရီးအေကို ပြန်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ အသင်းမှာပဲ ရာသီကုန် အထိ ဆက်နေစေဖို့ ဆုံးဖြတ်ထားပါတယ်။
မာ့ခ် ဂူဟီကို လက်လွှတ်ခဲ့ရပြီးနောက် လစ်ဗာပူးလ်ဟာ အတ္တလန္တာ နောက်ခံလူ ဂျော်ဂျီယို စကယ်လ်ဗီနီကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမား ကိုတော့ ဗန်ဒိုက်ခ်ရဲ့ ရေရှည်ဆက်ခံသူ အဖြစ် သတ်မှတ်ထားကြပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ စပါး အသင်းထံ အငှားချထားတဲ့ တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ စပါး ဘက်က အငှားစာချုပ်ကို အဆုံးသတ် ပေးပြီး သူ့ကို တူရင်မြေ (ဂျူဗင်တပ်စ်) ဆီ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ချဲလ်ဆီး လူငယ် တောင်ပံကစားသမား တိုင်ရစ်ချ် ဂျော့ဂျ်ကို ခေါ်ယူဖို့ အဲဗာတန်က ထိပ်ဆုံးက ပြေးနေပါတယ်။ အဲဗာတန် ဘက်က အငှားနဲ့ ခေါ်ယူပြီး အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ ကမ်းလှမ်းချက်ကို တရားဝင် ပေးပို့ထားပါတယ်။
ဒဏ်ရာရသွားတဲ့ ပက်ထရစ် ဒေါဂူရဲ့ နေရာမှာ အစားထိုးဖို့ မန်ချက်စတာယူနိုက်တက် အသင်းက ဈေးကွက်ထဲမှာ ကစားသမား တစ်ဦး အသည်းအသန် ရှာဖွေနေပါတယ်။ ဒါကြောင့် တိတ်ဆိတ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့ ဆောင်းရာသီဈေးကွက်ဟာ နောက်ဆုံး မိနစ်မှာ အံ့အားသင့်စရာ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းဟာ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ နေရာမှာ အစားထိုးဖို့ ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာကို စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် မာရက်စကာရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး စပါး အသင်း ဘက်က စိုးရိမ်မှုတချို့ ရှိနေပါတယ်။
မန်ချက်စတာစီးတီး ဂိုးသမား စတီဖင် အော်တီဂါကို နော့တင်ဟမ်ဖောရက်စ်က ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါပြီ။ ဂျာမနီ ဂိုးသမားဟာ ဖောရက်စ်နဲ့ ၅ လ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖိလစ်ပ် မက်တေးတားဟာ အေစီမီလန်ကို ၂၀၃၀ အထိ ပြောင်းရွှေ့မယ့် စာချုပ်အတွက် သဘောတူညီမှု ရထားပါတယ်။ ဒါပေမယ့် ပဲလေ့စ် ဘက်ကတော့ သူ့နေရာမှာ အစားထိုးမယ့်သူ မရမချင်း အသင်း ကနေ ပေးမထွက်သေးကြောင်း သိရပါတယ်။
စပါး နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ ပရိသတ်တွေ အနေနဲ့ အသင်းကို Football Manager ဂိမ်းထဲကလိုမျိုး အကောင်ဆုံး လိုချင်နေလို့ မရကြောင်း သတိပေးသွားခဲ့ပါတယ်။ မန်စီးတီး အသင်းထံ အန်တိုနီယို ဆီမီညိုကို လက်လွှတ်ခဲ့ရတဲ့ စပါးဟာ ဆီမီညိုလိုမျိုး နောက်ထပ် ပစ်မှတ်တွေ သက်မှတ်ထားပေမယ့် လက်ရှိ အချိန် အထိ ကစားသမားသစ် ခေါ်ယူဖို့ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ စပါးဟာ ဆီမီညိုကို ခေါ်ယူဖို့ အရင်ဆုံး စတင် ဆွေးနွေးခဲ့တဲ့ အသင်း ဖြစ်ပေမယ့် မန်စီးတီးက ငွေကြေး အင်အားသုံး အရ ခေါ်ယူသွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန် မှာတော့ ပြိုင်ဘက် အနေနဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


