အခု တစ်ခါမှာတော့ Sky Sports က ဖော်ပြခဲ့တဲ့ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ခံစစ် ပိတ်ကစားခြင်း (Low Block) အပေါ် ရုန်းကန်နေရမှုနဲ့ ထိရောက်မှု ဆိုင်ရာ အချက်အလက်တွေကို စုစည်း ဖော်ပြပေးချင်ပါတယ်။
ပရီးမီးယားလိဂ်မှာ လက်ရှိ ခေတ်စားနေတဲ့ နည်းဗျူဟာ တစ်ခု ကတော့ “ Low Block” (ခံစစ်ကို နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့ ကစားခြင်း) ပဲ ဖြစ်ပါတယ်။ Low Block ဆိုတာက ခံစစ်ကစားတဲ့ အသင်းဟာ သူတို့ရဲ့ ဂိုးဧရိယာရှေ့မှာ အစုလိုက် အပြုံလိုက် ပိတ်ဆို့ထားပြီး ကွင်းလယ် နေရာလွတ်တွေကို ကန့်သတ်ကာ ပြိုင်ဘက်က ဂိုးသွင်းခွင့် မရအောင် တားဆီးတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ဆိုရင် သူတို့အသင်း ဒီလိုကစားကွက်မျိုးနဲ့ ရင်ဆိုင်နေရတာကို မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ ရှိပြီး ဒေတာ အချက်အလက်တွေအရလည်း လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ဟာ ဒီလို အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ အနိုင်ရဖို့ အမှန်တကယ်ပဲ ရုန်းကန်နေရတာကို တွေ့ရပါတယ်။
ဘယ်အသင်းတွေ Low Block နဲ့ အများဆုံး ရင်ဆိုင်နေရသလဲ
ဒီရာသီမှာ လစ်ဗာပူးလ်ဟာ သူတို့ရဲ့ ကစားကွက် တည်ဆောက်မှု (Build-up phases) စုစုပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းမှာ Low Block ခံစစ်နဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ၂၄ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ဖြစ်ပြီး နော့တမ်ဟမ်ဖောရက်စ်က ၂၃ ရာခိုင်နှုန်း၊ နယူးကာဆယ်က ၂၂ ရာခိုင်နှုန်းနဲ့ အများဆုံး ရင်ဆိုင်နေရပါတယ်။ တခြား တစ်ဖက် မှာတော့ လိဒ်စ်ယူနိုက်တက်၊ ပဲလေ့စ်နဲ့ ဘန်လေ တို့ဟာ Low Block နဲ့ ရင်ဆိုင်ရမှု အနည်းဆုံး အသင်းတွေ ဖြစ်နေကြပါတယ်။
မန်စီးတီး ပြီးခဲ့တဲ့ရာသီက Low Block နဲ့ အများဆုံး ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးဟာ ဒီရာသီမှာတော့ ၂၇ ရာခိုင်နှုန်း ကနေ ၂၁ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားတာ တွေ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာရဲ့ အသင်းက ဒီရာသီမှာ တိုက်စစ်ကို ပိုပြီး တိုက်ရိုက်ဆန်ဆန် (Direct Play) ကစားလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်အသင်းတွေက Low Block ကို အထိရောက်ဆုံး ဖြိုခွင်းနိုင်သလဲ။ ဘယ်အသင်းတွေက အားအနည်းဆုံးလဲ။
အက်စတွန်ဗီလာဟာ Low Block ကို ဖြိုခွင်းရာမှာ အထိရောက်ဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီ အစကတည်းကဆိုရင် Low Block ကစားတဲ့ အသင်းတွေဆီ ကနေ ၁၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ၁၆ ဂိုး၊ နယူးကာဆယ်က ၁၅ ဂိုး သွင်းယူထားနိုင်ပါတယ်။ အချက်အလက်တွေ အရ ဗီလာဟာ ကစားကွက် တည်ဆောက်မှု အကြိမ် ၁၀၀ တိုင်းမှာ ၁.၁၁ ဂိုးနှုန်း အထိ ရရှိနေပြီး မန်စီးတီးထက် နှစ်ဆနီးပါး ပိုမို ထိရောက်နေတာကို တွေ့ရပါတယ်။

အာဆင်နယ်ရဲ့ အဓိက ပြဿနာ ကတော့ ဂိုးရရှိမှုတင် မကဘဲ ဂိုးကန်သွင်းခွင့်နဲ့ ဖန်တီးနိုင်မှုတွေမှာပါ အားနည်းနေတာပါ။ လစ်ဗာပူးလ်က Low Block ကို ရင်ဆိုင်ရချိန်မှာ အကြိမ် ၁၀၀ လျှင် ၉.၉ ကြိမ် ဂိုးကန်သွင်းခွင့် ရနေပေမယ့်လည်း အာဆင်နယ် ကတော့ ၇.၈ ကြိမ်သာ ရရှိပြီး ဒါဟာ လိဂ်မှာ ဒုတိယ အနည်းဆုံး ဖြစ်ပါတယ်။ ယူနိုက်တက်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲ မှာလည်း အာဆင်နယ်တို့ ယူနိုက်တက်ရဲ့ ခံစစ် ပိတ်ဆို့မှုကို မဖောက်ထွက်နိုင်ခဲ့တာက သက်သေပါပဲ။
မန်ချက်စတာယူနိုက်တက် ကတော့ Low Block တွေကို ဖြိုခွင်းရာမှာ ဂိုးကန်သွင်းခွင့် ဖန်တီးနိုင်မှု အများဆုံး အသင်း ဖြစ်နေပါတယ်။ သူတို့ဟာ ကစားကွက် တည်ဆောက်မှု အကြိမ် ၁၀၀ တိုင်းမှာ ၁၂.၉ ကြိမ် အထိ ဂိုးကန်သွင်းခွင့် ရရှိထားပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အများဆုံး ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ပြောသလိုပဲ လစ်ဗာပူးလ်ဟာ Low Block နဲ့ အများဆုံး ရင်ဆိုင်နေရတာ မှန်ကန်ပေမယ့်၊ အာဆင်နယ် လိုပဲ ဒီပြဿနာကို ထိရောက်စွာ ဖြိုခွင်းနိုင်ဖို့ နည်းလမ်း ရှာဖွေဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ဒီရာသီမှာ Set Pieces တွေကို အားကိုးလွန်းတာကြောင့် ဝေဖန်ခံနေရသလို အခုဆိုရင်တော့ ဒီပြဿနာက သူတို့ရဲ့ ချန်ပီယံ အိမ်မက် ကိုပါ အတိုင်းအတာ တစ်ခု အထိ ထိခိုက်နေစေပြီလား ဆိုတာ မေးခွန်းထုတ်စရာ ရှိနေပြီ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


