အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အီဘရာဟီမာ ကိုနာတေး နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား ၃ ဦးကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်ရဲ့ ပစ်မှတ်တွေထဲ မှာတော့ ရန်းစ်က ဂျရယ်မီ ဂျက်ကတ်၊ ပဲလေ့စ်က မာ့ခ် ဂူဟီနဲ့ ဒေါ့မန်က နိကို ရှလော့တ်တာဘက်ခ် တို့ ပါဝင်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့က စိတ်ဝင်စားနေတဲ့ စွယ်စုံရ full back ဒီယေဂို ဒါးလော့တ်ကို ရောင်းချဖို့ စဉ်းစားနေကြောင်း TEAMtalk က ဖော်ပြပါတယ်။
အာဆင်နယ် ကတော့ ဗစ်တာ ယိုကီးရက်စ် နေရာမှာ အစားထိုးဖို့ အရည်အသွေးမြင့် ဘယ်တောင်ပံ ကစားသမား တစ်ယောက် ခေါ်ယူချင်နေပြီး ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုနဲ့ အေစီမီလန်ရဲ့ ရာဖေးလ် လီယာအို တို့ကို စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။
အမ်းမရိတ်စ် ကနေ ထွက်ခွာဖို့ အလားအလာ ရှိတဲ့ ကစားသမား ကတော့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ် ဖြစ်ပါတယ်။ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး ကြံ့ခိုင်မှု ပြန်ရလာတဲ့ ဘရာဇီးလ်သားဟာ အာဂျင်တီးနား ထိပ်သီး ရေးဗား ပလိတ်ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေတဲ့ ဂျေဇုစ် ကိုတော့ အာဆင်နယ် ဘက်က လက်လွှတ်သွားဖို့ မသေချာပါဘူး။

ချဲလ်ဆီး တိုက်စစ်မှူး ရာဟင်းမ် စတာလင် ကိုတော့ ခရစ္စတယ်ပဲလေ့စ် သို့မဟုတ် လိဒ်စ်ယူနိုက်တက် တို့က ကမ်းလှမ်းဖွယ် ရှိနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ စတာလင် ကတော့ လက်ရှိမှာ ချဲလ်ဆီးမှာ ပွဲထွက်ကစားခွင့် မရ ဖြစ်နေပြီး အသင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အဲဗာတန်က ကီနန် ဒူးစ် ဘာရီဟောလ်ကို ခေါ်ယူခြင်းဖြင့် ကွင်းလယ်ပိုင်းကို အားကောင်းစေလိုနေကြောင်း သိရပါတယ်။
နယူးကာဆယ် ယူနိုက်တက် ကတော့ တူးလော့စ် ဆယ်ကျော်သက် ဒေယန် မက်သာလီကို ခေါ်ယူဖို့ ကြိုးပမ်းတာ အောင်မြင်ရင် ဗဟိုနောက်ခံလူ ဖေဘီယန် ရှားကို နှုတ်ဆက်ဖွယ် ရှိနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အသက် ၁၆ နှစ်အရွယ် အီကွေဒေါ နိုင်ငံသား အက်ဒါဆန် ကတ်စတီလို အပေါ် စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း သရဲနီတွေ အနေနဲ့ ဘယ်အချိန်မှာ စတင် လှုပ်ရှားမလဲ ဆိုတာတော့ မသိရသေးပါဘူး။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ တော့တင်ဟမ်ဟော့စပါး တောင်ပံကစားသမား ဘရီနန် ဂျွန်ဆင် ကို ခေါ်ယူချင်နေကြောင်း The Telegraph က ဖော်ပြပါတယ်။
နော့တင်ဟမ်ဟော့စပါး ကတော့ အဲဗာတန် ကွင်းလယ် ကစားသမား ဂျိမ်းစ် ဂါနာကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ဒေးဗစ် မွိုက်စ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ရနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖွယ် မရှိကြောင်း Mail Sport က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


