နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ရဲ့ အပြောင်းအရွှေ့ကို လက်လျှော့ဖွယ် ရှိနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကတော့ နယူးကာဆယ်က ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဆက်လက် ကြိုးပမ်းဖွယ် မရှိတော့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ နယူးကာဆယ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ရဲ့ ပေါင် သန်း ၁၁၀ နဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်က အသက် ၂၅ နှစ် အရွယ် အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၅၀ အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ အိဆက်ခ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀+ အပိုဆုကြေး သန်း ၂၀ ဒါမှမဟုတ် ကနဦး ပေါင်သန်း ၁၂၀+ အပိုဆုကြေး သန်း ၃၀ ပုံစံမျိုးနဲ့ ကမ်းလှမ်းမှသာ လက်ခံသွားမယ့် သဘော ရှိပါတယ်။ ပြီးခဲ့တဲ့လ အတွင်းက လစ်ဗာပူးလ်ဟာ အိဆက်ခ်ကို အမြင့်ဆုံး ပေါင် သန်း ၁၃၀ အထိ ရောက်ရှိနိုင်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ကမ်းလှမ်းဖို စဉ်းစားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တရားဝင် ကမ်းလှမ်းချိန်မှာတော့ ပေါင် သန်း ၁၁၀ နဲ့သာ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်။

လက်ရှိမှာ အိဆက်ခ်ဟာ အသေးစား ပေါင်ဒဏ်ရာ ရရှိနေတာကြောင့် နယူးကာဆယ်ရဲ့ ရာသီကြို အာရှခရီးစဉ်ကို လွဲချော်ခဲ့ကြောင်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့သော သတင်းတွေ မှာ‌တော့ အိဆက်ခ်ဟာ နယူးကာဆယ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာကြောင့် ခြေစမ်းပွဲ ခရီးစဉ်မှာ မပါဝင်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။ အိဆက်ခ်ဟာ လက်ရှိမှာ အသင်းဟောင်း ရီးရဲလ်ဆိုစီဒက်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းတွေ ဆင်းနေတယ်လို့ သိရပါတယ်။

တစ်ဖက် မှာလည်း လစ်ဗာပူးလ်က အိဆက်ခ်ကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပြီးနောက် ဘယ်ကစားသမားကို ကြိုးပမ်းဖွယ် ရှိသလဲ ဆိုတာနဲ့ ပတ်သတ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။ အများစု ကတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေ အနေနဲ့ အိဆက်ခ်ကို မခေါ်ယူနိုင်ခဲ့ရင် ရိုဒရီဂို၊ ရာဖေးလ် လီယောင်၊ ကီနန် ယီလ်ဒစ်ဇ်နဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့ကို ကြိုးပမ်းသွားဖွယ် ရှိကြောင်း သုံးသပ်နေကြပါတယ်။

သူ့ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ မန်စီးတီး တို့က အစောပိုင်း ကတည်းက စိတ်ဝင်စားနေပေမယ့် ရီးရဲလ်ရဲ့ တောင်းဆိုဈေးက များပြားနေလို့ အခက်အခဲ ရှိနေကြပါတယ်။
အိဆက်ခ်ကို ပေါင်သန်း ၁၅၀ ရမှသာ ရောင်းထုတ်ချင်နေတဲ့ နယူးကာဆယ်

ဘရာဇီးလ် တိုက်စစ် ကစားသမား ရိုဒရီဂို ကတော့ ဒီနွေရာသီမှာ ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ မန်စီးတီး တို့က အစောပိုင်း ကတည်းက စိတ်ဝင်စားနေပေမယ့် ရီးရဲလ်ရဲ့ တောင်းဆိုဈေးက များပြားနေလို့ အခက်အခဲ ရှိနေကြပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ အိဆက်ခ် အတွက် ပေါင်သန်း ၁၀၀ ကျော်အထိ သုံးစွဲဖို့တောင် စီစဉ်ခဲ့တာ ဖြစ်လို့ ရိုဒရီဂိုကို ခေါ်ယူဖို့ ငွေကြေးပိုင်းမှာ လုံးဝ အခက်အခဲ ရှိနေမှာတော့ မဟုတ်ပါဘူး။

နောက်တစ်ဦး ကတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အကြိမ်ကြိမ် သတင်းတွေ ထွက်နေတဲ့ ရာဖေးလ် လီယောင် ဖြစ်ပါတယ်။ ပေါ်တူဂီသား က‌တော့ ဘာစီလိုနာကို သူ့ရဲ့ အိမ်မက် ကလပ် အဖြစ် သတ်မှတ်ထားပေမယ့် အေစီမီလန် ကတော့ သူတို့ လိုချင်တဲ့ သန်း ၁၀၀ ဝန်းကျင် ပေးမယ့် ဘယ်အသင်းကို မဆို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ကီနန် ယီလ်ဒစ်ဇ် ကလည်း လစ်ဗာပူးလ် အတွက် ဖြစ်နိုင်ချေ နည်းတဲ့ အပြောင်းအရွှေ့လို့တော့ ပြောလို့ ရပါတယ်။ အသက် ၂၀ အရွယ် တူရကီသားက ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ် အတွက် ခြေစွမ်းပြခဲ့ပေမယ့် အတွေ့အကြုံ နည်းသေးတဲ့ ကစားသမား ဖြစ်တာကြောင့် လစ်ဗာပူးလ် ဘက်က ခေါ်ယူဖို့ အနည်းငယ် ပြန်စဉ်းစားနေပုံ ရပါတယ်။နောက်ဆုံး တစ်ယောက် ဖြစ်တဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ လစ်ဗာပူးလ် အတွက် သင့်လျော်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူးဟောင်းက ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား ဖြစ်တာကြောင့် လစ်ဗာပူးလ် တို့ အသေအချာ စဉ်းစားသင့်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဗာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး ကလည်း သေချာပေါက် နည်းမှာ မဟုတ်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်