စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ နောက်ကျ ပွဲတစ်ပွဲ မှာတော့ ဘုန်းမောက်က လစ်ဗာပူးလ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးတော့ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ဘုန်းမောက် ကတော့ တန်းဆင်းဇုန်နဲ့ ၁၀ မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။
အန်ဒိုနီ အိုင်ရာအိုလာရဲ့ အသင်းက ပီထရိုဗစ်၊ ဆီနက်ဆီ၊ ဟေးလ်၊ စမစ်၊ ထရူးဖက်၊ စကော့တ်၊ ခရက်ပီ၊ အက်ဒ်လီ၊ ဟင်မီနက်ဇ်၊ အီဗန်နီလ်ဆင် တို့နဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ မာဆေးလ်ကို ဂိုးပြတ် အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ လစ်ဗာပူးလ်က ဒီနေ့ ပွဲမှာတော့ ဂက်ခ်ပိုနဲ့ ဆာလာကို အထောင်ထားပြီး ကွင်းလယ်မှာ ဆဘို့ဇ်လိုင်း၊ ဗစ်ဇ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ခံစစ် မှာတော့ ကာကက်ဇ်၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်၊ ဖရင်မ်ပေါင်၊ အလီဆွန်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
လစ်ဗာပူးလ်က အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ရလဒ်ကောင်း တစ်ခု အတွက် ရည်ရွယ်ခဲ့ပေမယ့် အမှားတွေ များခဲ့တဲ့ ခံစစ်ပိုင်းကြောင့် ရခဲ့တဲ့ ရှုံးပွဲက ပရိသတ်တွေ အတွက် တော်တော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘုန်းမောက်ရဲ့ ၂ ဂိုးပြတ် ဦးဆောင်မှု နောက်ကနေ လစ်ဗာပူးလ်တို့ အသည်းအသန် လိုက်လံ ချေပနိုင်ခဲ့ပေမယ့် ဘုန်းမောက် ဘက်က နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှ အသည်းခွဲဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘောလုံး ကိုင်ထားရုံသာ ရှိခဲ့ပြီး ဘုန်းမောက်ရဲ့ တန်ပြန် တိုက်စစ်တွေက ပိုမို အလုပ်ဖြစ်ခဲ့ပါတယ်။ ဘုန်းမောက်က ပထမပိုင်း ၂၆ မိနစ် နဲ့ ၃၃ မိနစ် အီဗန်နီလ်ဆင်၊ ဟင်မီနက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိင်ခဲ့ပြီး ၄၅ မိနစ် မှာတော့ ဗန်ဒိုက်ခ်က လစ်ဗာပူးလ် အတွက် ပထမ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်ရဲ့ ပထမဦးဆောင်ဂိုးဟာ ဗန်ဒိုက်ခ်ရဲ့ အမှား ကနေ ပေးခဲ့ရတာ ဖြစ်ပြီး နယ်သာလန်သားက သူ့ရဲ့ အမှားကို အချိန်မှီ ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ် အနေနဲ့ လစ်ဗာပူးလ် အတွက် ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့် ရခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ပြိုင်ပွဲ တလျောက် တခြားသော ခံစစ်ကစားသမား အားလုံးထက် ဂိုးပိုသွင်းထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် (၂၂ ဂိုး)။
အဲဒီနောက် ပွဲချိန် မိနစ် ၈၀ မှာ ဒေါမနစ် ဆဘို့ဇ်လိုင်းက ဖရီးကစ် ကနေ လှလှပပ ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် အချိန်ပို ၉၅ မိနစ် မှာတော့ အက်ဒ်လီက ဘုန်းမောက် အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူသွားတာပါ။ ဒီနေ့ပွဲမှာ လစ်ဗာပူးလ်ဟာ ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို ပွဲအစကတည်းက သုံးခဲ့ပြီး အခြေအနေ မကောင်းမှသာ ရော်ဘတ်ဆန်ကို လူစားလဲခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ တောင်ပံတွေကို အဓိက အားပြု ကစားရာမှာ ကာကက်ဇ် ဘက်က တောက်လျောက် ပေါက်နေခဲ့ပြီး အသင်း ပရိသတ်တွေ ကလည်း နည်းပြ အာနေး ဆလော့တ်ရဲ့ လူထုတ်ပုံကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
လစ်ဗာပူးလ်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် အကယ်၍ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့သာ နိုင်ပွဲ ရှာတွေ့ခဲ့မယ် ဆိုရင်တော့ သူတို့ရဲ့ လက်ရှိနေရာ ကနေ ဖယ်ပေးရဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ် ကတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အရှည်ကြာဆုံး အနိုင်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


