နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ရဲ့ စိတ်ဆန္ဒပါမှ ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဆွီဒင် တိုက်စစ်မှူးကို အသည်းအသန် ကြိုးပမ်းသွားမှာ မဟုတ်ပဲ ကစားသမား ကိုယ်တိုင် လက်ရှိ ကလပ် ကနေ ထွက်ခွာချင်မှသာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ကလပ်တွေ အနေနဲ့ အိဆက်ခ်ကို ပစ်မှတ်ထားနေပြီး ဒီအထဲမှာ လစ်ဗာပူးလ် ကလည်း ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်က လာမယ့်နွေရာသီမှာ အသင်း ကနေ ဒီယိုဂို ဂျိုတာ သို့မဟုတ် ဒါဝင် နူညက်ဇ် နှစ်ဦးထဲက တစ်ဦးကို လက်လွှတ်သွားရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ကြိုးကြာနီတွေက အိဆက်ခ်နဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတာ ဖြစ်ကြောင်း ဘောလုံး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

ဒါကြောင့် အိဆက်ခ်ကို ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်၊ ချဲလ်ဆီး အပြင် ဘာစီလိုနာ ကလည်း စိတ်ဝင်စားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၅၀ အထိ သတ်မှတ်ထားတဲ့ နယူးကာဆယ်

ဒါပေမယ့် လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်ကို တခြားသော ကလပ်တွေနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းဖို့ထက် ကစားသမား ကိုယ်တိုင်က နယူးကာဆယ် ကနေ ထွက်ခွာချင်မှာသာ ကြိုးပမ်းမှုတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက နယူးကာဆယ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ထပ်မံ လွဲချော်ရဦးမယ် ဆိုရင်တော့ အိဆက်ခ်ကို ဆုံးရှုံးဖွယ်တော့ ရှိနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အိဆက်ခ်ဟာ ဆိုစီဒက် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာချိန် ကတည်းက အသင်း အတွက် တောက်လျောက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

အိဆက်ခ်က ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၃၁ ပွဲ ကစား ၂၃ ဂိုး သွင်းပြီး ၅ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ဒီရာသီ အိဆက်ခ်က ပရီးမီးယားလိဂ်မှာ ၁၉ ဂိုး သွင်းယူရင်း မိုဟာမက် ဆာလာနဲ့ ဟာလန်းတို့ ပြီးရင် တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိပါတယ်။ ဒါ့အပြင် အိဆက်ခ်က ပြီးခဲ့တဲ့ ရာသီ ကလည်း ပရီးမီးယားလိဂ်မှာ ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အိဆက်ခ်ကို ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်၊ ချဲလ်ဆီး အပြင် ဘာစီလိုနာ ကလည်း စိတ်ဝင်စားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆယ် ဘက်ကလည်း သူတို့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ရတဲ့ တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၅၀ အထိ သတ်မှတ်ထားပါတယ်။ တချို့သော သတင်းတွေ မှာတော့ နယူးကာဆယ်က ပေါင် သန်း ၁၂၀ ရရှိရုံနဲ့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။

အိဆက်ခ်ဟာ နယူးကာဆယ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပြီး လက်ရှိ အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းအရ နယူးကာဆယ် အနေနဲ့ အိဆက်ခ် အတွက် အနည်းဆုံး ပေါင် သန်း ၁၀၀ တန်ကြေး သတ်မှတ်တာ ဖြစ်နိုင်ပါတယ်။ လာမယ့် နွေရာသီ မှာတော့ အိဆက်ခ်ရဲ့ အပြောင်းအရွှေ့က ထိပ်တန်း သတင်း တစ်ပုဒ် ဖြစ်လာဦးမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်