ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြပေးသွားပါမယ်။
လစ်ဗာပူးလ် အသင်းဟာ ဒီနွေရာသီမှာ ဟော်လန် လက်ရွေးစင် တောင်ပံ ကစားသမား ကိုဒီ ဂက်ခ်ပိုကို ရောင်းထုတ်ဖို့ လမ်းဖွင့်ပေးထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်က ပေါင် ၇၂ သန်း အထိ ရရှိမှသာ ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
ဘေယန်မြူးနစ် အသင်းဟာ ဟယ်ရီကိန်းရဲ့ ရေရှည် အစားထိုး ကစားသမား အဖြစ် (သို့မဟုတ်) တိုက်စစ်မှာ တွဲဖက် ကစားပေးနိုင်မယ့်သူ အဖြစ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို, ကို စောင့်ကြည့်လေ့လာနေပါတယ်။
ကိုမို အသင်းဟာ ချဲလ်ဆီး အသင်းက လိုချင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးစပ်တဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ခဲ့ပြီးနောက် ဗဟို ခံစစ်မှူး ထရီဗော့ ချာလိုဘာကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစားလာခဲ့ပါတယ်။
ဘေယာ လေဗာကူဆင် ဗဟိုခံစစ်မှူး ဂျာရဲလ် ကွမ်ဆာကို နယူးကာဆယ်နဲ့ တော့တင်ဟမ် တို့က ပစ်မှတ်ထားနေပေမယ့် လစ်ဗာပူးလ် အသင်း ကတော့ အကယ်ဒမီထွက် ကစားသမားဟောင်းကို ပြန်လည် လက်တွဲဖို့ စိတ်အား အထက်သန်ဆုံး ဖြစ်နေပါတယ်။
နယူးကာဆယ် ယူနိုက်တက် အသင်းဟာ ဘုန်းမောက် ကွင်းလယ်လူ တိုင်လာ အဒမ်စ်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကွင်းလယ်လူ တီဂျန်နီ ရိုင်းဒါးစ်ကို အငှားစာချုပ်နဲ့ စတင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ တစ်ဖက် မှာလည်း မန်ချက်စတာစီးတီးဟာ အသင်း ကနေ ထွက်ခွာတော့မယ့် ဆာဗင်ညိုရဲ့ နေရာမှာ အစားထိုးဖို့ အဲဗာတန် ကွင်းလယ်လူ အီလီမန် အန်ဒီယေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အက်စတွန်ဗီလာ အသင်းဟာ ပါလ်မီးရက်စ် အသင်းရဲ့ အသက် ၂၂ နှစ် အရွယ် တောင်ပံ ကစားသမား အယ်လန် အတွက် ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းခဲ့တာ ပယ်ချခံခဲ့ရပြီးနောက် ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
အေဂျက်စ် တောင်ပံကစားသမား မီကာ ဂေါ့ဒ်စ်ကို ပီအက်စ်ဂျီ အသင်းထံ မရောက်သွားစေဖို့ ကြားဖြတ် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ယူနိုက်တက်နဲ့ စပါး တို့ထံ ကမ်းလှမ်းထားကြပါတယ်။
ဘက်ဆစ်တပ်စ်နဲ့ ဆွေးနွေးမှုတွေ ကြန့်ကြာခဲ့ပြီးနောက် တူရကီ စူပါလိဂ် ကလပ် ထရက်ဘ်ဇွန်စပေါ အသင်းဟာ လစ်ဗာပူးလ် တောင်ပံ ကစားသမားဟောင်း မိုဟာမက် ဆာလာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူချင်နေပြီး အင်္ဂလန် လက်ရွေးစင်ကို အသင်းရဲ့ လုပ်ခလစာ အများဆုံးရ ကစားသမား အဖြစ် ကမ်းလှမ်းကာ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ် ကိုလည်း အပြီးသတ် ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားတော့မှာပါ။
လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းဟာ ဟူလီယန် အဲလ်ဗာရက်စ်ကို အဓိက တိုက်စစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပေမယ့် ဘင်ဖီကာ တိုက်စစ်မှူး ဗန်ဂျဲလစ် ပက်ဗလီဒစ် ကိုလည်း အစားထိုး ရွေးချယ်စရာ စာရင်းထဲ ထည့်သွင်းထားပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒေါ့မန် ဗဟိုခံစစ်မှူး နီကို ရှလော့တ်တာဘက်ခ်ရဲ့ ဒဏ်ရာ သက်သာလာမှု အခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်မှု ပြည့်ဝပါက ယူရို သန်း ၅၀ တန် စာချုပ် ဖျက်သိမ်းကြေးကို ပေးချေကာ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။
အေစီမီလန် အသင်းဟာ ရီးရဲလ်မက်ဒရစ် ကနေ ဘရာဟင်မ် ဒီးယက်ဇ်နဲ့ ဖရန်ကို မက်စတန်တူအိုနိုတို့ နှစ်ဦးစလုံးကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်ကတော့ မက်စတန်တူအိုနို ကို အငှားနဲ့သာ စေလွှတ်ဖို့ စိတ်ဝင်စားနေတာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


