အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေသလို အဆင်ပြေသွားဖို့ ရှိနေပါတယ်။ ဆလော့တ်ရဲ့ အသင်းဟာ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန် ကိုလည်း စိတ်ဝင်စားနေပြီး ဖြစ်နိုင်ရင် နှစ်ဦးစလုံးကို ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီဟာရီ အွန်နရီရဲ့ ဂိုးသွင်း စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အမ်ဘာပေးက အွန်နရီရဲ့ ဥရောပလိဂ်တွေမှာ သွင်းယူခဲ့တဲ့ စုစုပေါင်း သွင်းဂိုး ၂၃၃ ဂိုး စံချိန်ကို ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂၃၅ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်မံ သွင်းခဲ့တဲ့ ဟာလန်းက ရော်နယ်ဒို၊ မက်ဆီ တို့ရဲ့ အဆင့်ကို တက်လှမ်းလာပြီ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ လစ်ဗာပူးလ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပေမယ့် အသင်းဟောင်း အပေါ်မှာ ထားတဲ့ ခံစားချက်တွေက လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူလိုနေပေမယ့် ကစားသမားရဲ့ လက်ရှိ လုပ်ခလစာကို လျှော့ချပြီးသာ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ကတ်တာလန်မှာ ဆက်နေလိုတာကြောင့် ဒီအခြေအနေကို လိုလိုလားလား လက်ခံသွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး တို့ဟာ အသက် ၁၆ နှစ်အရွယ် လက်စတာစီးတီး ကြယ်ပွင့် တောင်ပံ ကစားသမား မွန်ဂန်ကို လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမား အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် အက်စတွန်ဗီလာ၊ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့ထက် လာလီဂါ မှာပဲ ဆက်လက် ကျင်လည်လိုနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့ကတော့ ပေါင် သန်း ၇၀ တန် အဲဗာတန် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်ကို စိတ်ဝင်စားနေကြဆဲ ဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်သား ကိုတော့ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် လက်လျှော့ထားရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗင်နီးစီးယပ်စ်ကို ရောင်းချဖြစ်ခဲ့မယ် ဆိုရင် ဘေယန်မြူးနစ်က ဟယ်ရီကိန်းနဲ့ ပြန်လည် အစားထိုးဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း သတင်း ရရှိပါတယ်။ ဟာလန်း ကိုတော့ ရီးရဲလ်မက်ဒရစ် အပြင် ဘာစီလိုနာ ကလည်း အနာဂတ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဘာစီလိုနာဟာ ဟာလန်း အတွက် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမို ကိုတောင် အလိုက်ပေး ကမ်းလှမ်းလိုနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အတွက် ပေါင် ၃၅ သန်းတန် ကမ်းလှမ်းမှု တစ်ခုကို လက်ခံရရှိထားကြောင်း သိရပါတယ်။ ဘယ်အသင်း ဖြစ်တယ် ဆိုတာ ကိုတော့ ဘာစီလိုနာ ဘက်က မပြောထားပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုက ဖြစ်နိုင်ခြေ များနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

