ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ ငွေသုံးကြမ်းသွားဖို့ ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိမှာ အမှတ်ပေးချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်း ၃ သင်း ရှိနေပြီးတော့ ချန်ပီယံ ပြေးလမ်းပေါ်မှာ လစ်ဗာပူးလ်တို့ တခြားသော ပြိုင်ဘက်တွေကို အသာရဖို့ အတွက် ထိပ်တန်း ကစားသမား ၂ ဦးကို ကြေးကြီးပေး ခေါ်ယူသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်က အာလင်း ဟာလန်း၊ နီကို ဂွန်ဇာလက်ဇ်၊ ဒိုကူ တို့ရဲ့ သွင်းဂိုးတွေကြောင့် အစ်တီဟတ်မှာ ၃-၀နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ကြိုးကြာနီတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ် အထိ ကွာဟနေပြီလည်း ဖြစ်ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ဒီရာသီမှာ ၅ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပြီး ဒါက ပြီးခဲ့တဲ့ တစ်ရာသီလုံးကထက် ပိုများတဲ့ အရေအတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ယိမ်းယိုင်မှုတွေအရ လစ်ဗာပူးလ်ဟာ ရာသီအကုန်မှာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ တော်တော်လေး ရာခိုင်နှုန်း နည်းနေပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Opta အပါအဝင် ဘောလုံး သုံးသပ်သူ အများစုက လစ်ဗာပူးလ် အနေနဲ့ ရာသီကုန်မှာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ချေ တော်တော်လေး နည်းနေပြီ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ပြီးခဲ့တဲ့ နွေရာသီမှာ အလက်ဇန္တား အိဆက်ခ်၊ ဖလော်ရီယန် ဝစ်ဇ် တို့ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့သလို အစ်ကီတီကီ၊ ဂျရယ်မီ ဖရင်မ်ပေါင်၊ မီလော့စ် ကာကက်ဇ်၊ ဂျီယိုဗန်နီ လီယွန်တို့ အတွက် ပြောင်းရွှေ့ကြေး မြောက်မြားစွာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက,ကစားသမားတွေ ဖြစ်ကြတဲ့ မိုဟာမက် ဆာလာနဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် တို့ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အားကောင်းတဲ့ ရာသီကြို ပြင်ဆင်မှုတွေကို ပြုလုပ်ထားသည့်တိုင်အောင် အကောင်းဆုံး အသုံးချနိုင်ခြင်း မရှိသေးတာကြောင့်လည်း ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိစေရေး အန်တိုနီ ဆီမီညို၊ အဒမ် ဝှာတန် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီကစားသမား နှစ်ဦး ကိုတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ထပ်ပြီး ငွေသုံးကြမ်းရဖို့ ရှိနေပြီး သူတို့ အသင်း အတွက် အကောင်းဆုံး အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက်မှာ ခြေစွမ်းပြနေတဲ့ အန်တိုနီယို ဆီမီညိုကို ဘုန်းမောက်က ပေါင် ၇၅ သန်း အထိ တောင်းဆိုသွားဖို့ ရှိသလို အဒမ် ဝှာတန် ကိုလည်း ခရစ္စတယ်ပဲလေ့စ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှ လက်လွှတ်သွားဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မထင်မှတ်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်လေ့ ရှိပြီး အရင်တုန်းက ဗန်ဒိုက်ခ်၊ လူးဝစ္စ ဒီးယက်ဇ်၊ ဂတ်ခ်ပို တို့ကို ခေါ်ယူခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


