အခုတစ်မှာတော့ နောက်ထပ် ရရှိထားသမျှ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လေဗာကူဆင် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ် ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်ဆိုက်ဒ် ကလပ် ကတော့ ဝစ်ဇ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ဖြည့်တင်းဖို့ အတွက် လူးဝစ္စ ဒီးယက်ဇ်ကို ယူရို သန်း ၈၀ ကနေ ယူရို သန်း ၅၀ အထိ ဈေးလျှော့ ရောင်းထုတ်ဖို့ ရှိနေကြောင်း El Nacional က ဖော်ပြပါတယ်။ ကိုလံဘီယာ တိုက်စစ်မှူး ကိုတော့ ပီအက်စ်ဂျီနဲ့ ဆော်ဒီပရိုလိဂ် တို့က စိတ်ဝင်စားနေပြီးတော့ ဘာစီလိုနာ ကတော့ သတင်း အထွက်ဆုံး ဖြစ်နေပါတယ်။ Tutto Atalanta ရဲ့ ဖော်ပြချက် အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ ဝစ်ဇ်နဲ့တင် မကျေနပ်ပဲ အတ္တလန္တာရဲ့ ခြေစွမ်းပြ ကွင်းလယ် ခံစစ် ကစားသမား အီဒါဆန်ကိုလည်း ခေါ်ယူချင်နေသေးတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အနေနဲ့ အသင်း ကနေ ထွက်ခွာခဲ့မယ် ဆိုရင် နည်းပြ ရူဘင် အမော်ရင်က စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ပက်ဒရို ဂွန်ဆာလက်ဗ်ကို ခေါ်ယူဖို့ တွန်းအားပေးနေကြောင်း A BOLA က ဖော်ပြပါတယ်။ ဒီကွင်းလယ် ဖန်တီးရှင် ကတော့ ပေါ်တူဂီ ကလပ်နဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၈၀ တန်ကြေး ရှိနေပါတယ်။ ဘရူနို ဖာနန်ဒက်စ် ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ စတင်နေတဲ့ ဘွန်ဒက်စ်လီဂါ ထိပ်တန်း တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ ဘာစီလိုနာ ပါဝင်လာပြီ ဖြစ်ကြောင်း El Nacional က ဖော်ပြပါတယ်။ ဆလိုဗေးနီးယား တိုက်စစ်မှူး ကိုတော့ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း ချိတ်ဆက်လာဖို့ ရှိနေပါတယ်။ သတင်းတွေအရ အာဆင်နယ် ကတော့ ဆက်စ်ကိုရဲ့ ကိုယ်စားလှယ်တွေနဲ့ရော ယိုကီးရက်စ်ရဲ့ အေးဂျင့်တွေနဲ့ပါ စကား ပြောနေပြီး လက်ရှိ အနေအထားအရတော့ ဘာတာနဲ့ အာတေးတား တို့ဟာ ပထမ ပစ်မှတ်ကို ဆက်စ်ကို အဖြစ် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ သဘော ကတော့ ဆက်စ်ကို ကို ခေါ်ယူဖို့ အဆင်မပြေမှသာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ လိုင်ယွန် ကွင်းလယ်လူ ရေယန် ချာကီကို စိတ်ဝင်စားနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ပစ်မှတ် ကစားသမားကို လက်ဦးမှု ရယူပြီး ကမ်းလှမ်းဖို့လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။
အေစီမီလန် ကတော့ ညာနောက်ခံလူ ကိုင်လ် ဝေါလ်ကာ အပြီးသတ် ခေါ်ယူမှု မပြုလုပ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ကို အလိုမရှိတဲ့ မန်ချက်စတာစီးတီးထံ ပြန်ပို့ခဲ့ကြောင်း Calciomercato က ဖော်ပြပါတယ်။ ဝေါလ်ကာ အနေနဲ့ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကလည်း သူတို့ရဲ့ စီမံကိန်းထဲမှာ မပါတော့တာကြောင့် ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
အေစီမီလန် ကတော့ ချဲလ်ဆီး ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ယာအို ဖီးလစ်ကို ဒီနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည် စေလွှတ်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ CaughtOffside ရဲ့ ဖော်ပြချက်အရ ဒီကစားသမားကို ကလပ်ဟောင်း ဘင်ဖီကာ အပါအဝင် ပေါ်တူဂီ ကလပ် များစွာက ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.