ပရီးမီးယားလိဂ်ထိပ်သီးကလပ်လစ်ဗာပူးလ်ရဲ့လေဗာကူဆင်ကွင်းလယ်လူအတွက်စတုတ္ထအကြိမ်မြောက်ကမ်းလှမ်းမှုဟာနောက်ဆုံးဖြစ်လာဖွယ်ရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။အကယ်၍ဒီတစ်ကြိမ်မှသာလေဗာကူဆင်ဘက်ကကမ်းလှမ်းမှုကိုလက်မခံဘူးဆိုရင်တော့လစ်ဗာပူးလ်ဟာဝစ်ဇ်ရဲ့အပြောင်းအရွှေ့အတွက်ညှိနှိုင်းမှုတွေကနေထွက်ခွာသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာဖလော်ရီယန်ဝစ်ဇ်ကိုတတိယအကြိမ်မြောက်အဖြစ်ယူရို၁၃၄သန်း (ပေါင်၁၁၃သန်း) နဲ့ကမ်းလှမ်းထားခဲ့ပြီးဖြစ်ပါတယ်။လေဗာကူဆင်ကတော့သူတို့ရဲ့တောင်းဆိုစျေးယူရိုသန်း၁၅၀ (ပေါင်၁၂၆.၇သန်း) ရရှိမှသာအပြောင်းအရွှေ့ကိုလက်ခံသွားဖို့ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာလစ်ဗာပူးလ်ကသူတို့ရဲ့ကမ်းလှမ်းမှုကိုယူရိုသန်း၁၄၀ (ပေါင်၁၁၈သန်း) အထိတိုးမြှင့်သွားဖို့ရှိကြောင်း Daily Mail ရဲ့ဖော်ပြချက်အရသိရပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင်ပရီးမီးယားလိဂ်ချန်ပီယံတွေဟာလေဗာကူဆင်ရဲ့တောင်းဆိုဈေးအတိုင်းပေးချေဖို့ငြင်းဆိုထားကြောင်းလည်းသိရပါတယ်။
လက်ရှိညှိနှိုင်းမှုအခြေအနေတွေအရပြောင်းရွှေ့ကြေး + အပိုဆုကြေးပုံစံနဲ့သဘောတူညီမှုရရှိဖွယ်ရှိနေပြီးလေဗာကူဆင်ဘက်ကတော့သူတို့လိုချင်တဲ့ပြောင်းရွှေ့ကြေးအတိုင်းရရှိဖို့တွန်းအားပေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ဖလော်ရီယန်ဝစ်ဇ်ကတော့လက်ရှိမှာဘွန်ဒက်စ်လီဂါကလပ်နဲ့စာချုပ်သက်တမ်းနောက်ဆုံး၂နှစ်အတွင်းရောက်ရှိနေပြီးဒီနွေရာသီမှာရောင်းထုတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒါပေမယ့်လည်းလေဗာကူဆင်အနေနဲ့သူတို့ရဲ့ကမ္ဘာ့ထိပ်တန်းလူငယ်ကြယ်ပွင့်တစ်ဦးကိုခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေသင့်တယ်လို့လက်ခံထားတာဖြစ်ပါတယ်။

Sky ဂျာမနီရဲ့နာမည်ကြီးသတင်းထောက်ဖလော်ရီယန်ပလက်တန်ဘက်ဂျ်ရဲ့ဖော်ပြချက်အရအခုနောက်ဆုံးအကြိမ်ကမ်းလှမ်းမှုမှာတော့သဘောတူညီချက်ရရှိလိမ့်မယ်လို့သုံးသပ်ထားပါတယ်။ဒါ့အပြင်ဝစ်ဇ်ကိုယ်တိုင်ကရက်အနည်းငယ်အတွင်းလစ်ဗာပူးလ်မြို့ကိုသွားရောက်လိမ့်မယ်လို့လုံးဝယုံကြည်ထားပါတယ်။
ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမားဖလော်ရီယန်ဝစ်ဇ်ဟာဘေယန်မြူးနစ်အပါအဝင်တခြားသောထိပ်တန်းကလပ်တွေရဲ့ကမ်းလှမ်းမှုများစွာကိုလက်ခံရရှိခဲ့ပေမယ့်ငြင်းဆန်ပယ်ချခဲ့သူဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါချန်ပီယံတွေကတော့ဝစ်ဇ်အနေနဲ့လစ်ဗာပူးလ်ရဲ့ချဉ်းကပ်မှုကိုဦးစားပေးစဉ်းစားခဲ့တဲ့ကွင်းလယ်လူရဲ့ဆုံးဖြတ်ချက်အပေါ်စိတ်ပျက်မိကြောင်းလူသိရှင်ကြားဝန်ခံခဲ့ပါတယ်။အကယ်၍သာလစ်ဗာပူးလ်အနေနဲ့ဝစ်ဇ်ရဲ့အပြောင်းအရွှေ့ကိုလက်လျှော့ခဲ့မယ်ဆိုရင်တော့ဘေယန်မြူးနစ်အနေနဲ့သူတို့ရဲ့ပစ်မှတ်ဟောင်းကိုပြန်လည်ကြိုးပမ်းလာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်ဟာဖလော်ရီယန်ဝစ်ဇ်အပြင်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ကြိုးပမ်းလျက်ရှိသလိုဘုန်းမောက်ဘယ်နောက်ခံလူမီလော့စ်ကာကက်ဇ်ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။လစ်ဗာပူးလ်ဟာဒီနွေရာသီအစောပိုင်းမှာလေဗာကူဆင်ညာနောက်ခံလူဂျရယ်မီဖရင်ပေါင်ကိုခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.