နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဖရိကနိုင်ငံများဖလား အတွက် မိုဟာမက် ဆာလာကို အနည်းဆုံး ၁၀ ပွဲလောက် လက်လွှတ်ထားရမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာကို ၆ ပတ်လောက် လက်လွှတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အီဂျစ် အသင်းခေါင်းဆောင်က အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ မတိုင်ခင် ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်းတို့ အကြား အဆင်ပြေအောင် ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ 

၃၅ ကြိမ်မြောက် အဖြစ် ကျင်းပမယ့် ၂၀၂၅ အာဖရိကနိုင်ငံများဖလားကို မော်ရိုကို နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မိုဟာမက် ဆာလာ အနေနဲ့ သူ့ကြောင့် ကလပ်နဲ့ နိုင်ငံအသင်း ထိပ်တိုက် မတွေ့ရအောင် လာမယ့် ရက်သတ္တပတ် အကုန်မှာ အီဂျစ် အသင်း နည်းပြ ဟက်ဆန်နဲ့ တွေ့ဆုံ စကားပြောဆိုသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ 

အီဂျစ်ဟာ လာမယ့် ဒီဇင်ဘာ ၈ ရက်ကျရင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အတွက် လေ့ကျင့်ခန်း စတင် ပြုလုပ်မှာ ဖြစ်ပြီး အာဖရိက ထိပ်သီး နိုက်ဂျီးရီးယားနဲ့ ကိုင်ရိုမှာ ခြေစမ်းပွဲ ကစားဖို့လည်း စီစဉ်ထားပါတယ်။ ဖီဖာရဲ့ စည်းကမ်းချက်တွေ အရ အီဂျစ် နည်းပြ ဟက်ဆန်ဟာ လာမယ့် ခြေစမ်းပွဲက စတင်ပြီး မို ဆာလာကို လက်ရွေးစင် အသင်းမှာ ရွေးချယ်ပိုင်ခွင့် ရှိနေပါတယ်။ ဒါပေမယ့်လည်း တိုက်ဆိုင်စွာနဲ့ လစ်ဗာပူးလ်က အဲဒီတစ်ပတ် မှာပဲ အင်တာမီလန်နဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ပွဲစဉ်၊ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲကြပ်တွေ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ဆာလာကို စောစောစီးစီး လက်လွှတ်မခံချင် ဖြစ်နေကြောင်းလည်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပြီးဆုံးချိန်မှာတော့ ၆ ပွဲနိုင်၊ ၄ ပွဲ ရှုံး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ အနည်းဆုံး ၁၀ ပွဲဝန်းကျင် လွဲချော်တော့မယ့် မိုဟာမက် ဆာလာ

မို ဆာလာ ကိုယ်တိုင် ကလည်း အဲဒီပွဲတွေမှာ လစ်ဗာပူးလ် အတွက် ပါဝင်ကစားပေးလိုနေပြီး တကယ့် ပြိုင်ပွဲကြီး စတင်မှသာ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကလည်း ဆာလာကို စောစောစီးစီး စေလွှတ်ဖို့ ကိစ္စ အတွက် အီဂျစ် လက်ရွေးစင် အသင်းနဲ့ လစ်ဗာပူးလ်တို့ အကြား အကြိတ်အနယ် ညှိနှိုင်းခဲ့ရဖူးပြီး နောက်ဆုံး မှာတော့ လစ်ဗာပူးလ်က ဆာလာကို သတ်မှတ်ရက်ထက် နောက်ကျပြီးမှ အီဂျစ် လက်ရွေးစင် အသင်းနဲ့ စေလွှတ် ပူးပေါင်းစေဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ 

တစ်ဖက် မှာလည်း ၂၀၂၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဟာ ဒီဇင်ဘာ ၂၁ ရက်ကနေ ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အကယ်၍ အီဂျစ်သာ ဗိုလ်လုပွဲ အထိ ရောက်ရှိခဲ့မယ် ဆိုရင်တော့ မိုဆာလာဟာ လစ်ဗာပူးလ် ကစားမယ့် ပြိုင်ပွဲစုံ ၈ ပွဲလောက် အထိ လွဲချော်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။ တချို့သော လစ်ဗာပူးလ် ပရိသတ်တွေ ကတော့ မိုဟာမက် ဆာလာ အီဂျစ်နဲ့ သွားရောက် ပူးပေါင်းမှာကို စိတ်ပူပန်နေခြင်း မရှိကြောင်းလည်း မြင်တွေ့နေရပါတယ်။ အဓိက ကတော့ ဆာလာဟာ ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ခြေစွမ်းပြသနိုင်ခြင်း မရှိပဲ ၁၅ ပွဲ ကစားရာမှာ ၅ ဂိုးသွင်း၊ ၃ ဂိုးသာ ဖန်တီးထားနိုင်ပါတယ်။ ဆာလာဟာ မနှစ်က တစ်ရာသီလုံး ၅၂ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းကာ၊ ၂၃ ဂိုး ဖန်တီးခဲ့တာနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး ခြေစွမ်းကျဆင်းသွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပြီးဆုံးချိန်မှာတော့ ၆ ပွဲနိုင်၊ ၄ ပွဲ ရှုံး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်