နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာလာ နေရာမှာ ဂေါ်ဒွန်နဲ့ အစားထိုးချင်နေတဲ့ လစ်ဗာပူးလ်၊ အင်္ဂလန်ကို ပြန်လာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ မက် တော်မီနေး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ မိုဟာမက် ဆာလာ နေရာမှာ ရေရှည် အစားထိုး ကစားသမား အဖြစ် နယူးကာဆယ်က အန်သိုနီ ဂေါ်ဒွန်ကို ရွေးချယ်ထားကြောင်း Fichajes က ဖော်ပြပါတယ်။ ဒီရာသီမှာ မိုဟာမက် ဆာလာ အနေနဲ့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာခဲ့တာကြောင့် လစ်ဗာပူးလ် အနေနဲ့ အစားထိုး တောင်ပံ ကစားသမား ရှာဖွေနေတာ ဖြစ်ပါတယ်။

အန်ဖီးလ်မှာ ရှိတဲ့ တာဝန်ရှိသူတွေက အာနေး ဆလော့တ် လက်အောက်မှာ လစ်ဗာပူးလ်ရဲ့ ခြေစွမ်း အပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေပြီး ကလပ်ကို ပြန်လာဖို့ အဆင်သင့် ဖြစ်နေတဲ့ မန်နေဂျာဟောင်း ယာဂန် ကလော့ပ်နဲ့ ပြန်လည် ပူးပေါင်းဖို့ ကြိုးစားနေကြာင်း indykalia က ဖော်ပြပါတယ်။

တစ်ဖက် မှာတော့ လစ်ဗာပူးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် အာနေး ဆလော့တ် ကိုတော့ အသင်းပိုင်ရှင်တွေက ဖိအားပေးထားခြင်း မရှိကြောင်း Football Insider က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ အက်စတွန်ဗီလာ ဗဟိုခံစစ်မှူး အီဇရီ ကွန်ဆာကို စောင့်ကြည့်နေကြပါတယ်။ ဒီကစားသမား ကိုတော့ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က စောင့်ကြည့်ခဲ့ကြကြောင်း TBR Football က ဖော်ပြပါတယ်။

ဂျူဗင်တပ်စ်ဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ညာနောက်ခံလူ နာဟူးလ် မိုလီနာကို စောင့်ကြည့်နေပေမယ့် ချဲလ်ဆီးက မာလို ဂူစတိုကို အလားအလာ ရှိတဲ့ အစားထိုး ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။

နာပိုလီမှာ ကွင်းပြင်ပ ဘဝကို မနှစ်သက်တော့တဲ့ စကော့တ် မက်တော်မီနေး ကတော့ မကြာခင်မှာ ပရီးမီးယားလိဂ်ကို ပြန်လာဖွယ် ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။
နာပိုလီမှာ ကွင်းပြင်ပ အဆင်မပြေမှုတွေ ရှိနေတဲ့ မက်တော်မီနေး

အာဆင်နယ် ကတော့ လူငယ် ဗက်စကိုဒါဂါးမား တိုက်စစ်မှူး ရာယန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဆယ်ကျော်သက် ကစားသမားဟာ လက်ရှိ ကလပ်နဲ့ ရေရှည်စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေတာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

နာပိုလီမှာ ကွင်းပြင်ပ ဘဝကို မနှစ်သက်တော့တဲ့ စကော့တ် မက်တော်မီနေး ကတော့ မကြာခင်မှာ ပရီးမီးယားလိဂ်ကို ပြန်လာဖွယ် ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ ဒီရာသီမှာလည်း နာပိုလီ အတွက် ခြေစွမ်းပြနေတာကြောင့် နေပဲလ် ကလပ် ဘက်ကတော့ အလွယ်တကူ လက်လွှတ်ပေးသွားဖွယ်တော့ မရှိပါဘူး။

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ နွေရာသီ ကွင်းလယ် ပစ်မှတ် ကားလို့စ် ဘယ်လီဘာ့ဟာ ပေါင် ၁၀၀ သန်း တန်ကြေးနဲ့ ထိုက်တန်တယ်လို့ မယုံကြည် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘရိုက်တန် ဘက်က တောင်းဆိုမှုတွေကို လျှော့ချမပေးမချင်း ယူနိုက်တက် အနေနဲ့ ကမ်းလှမ်းမှုတွေကို ပြန်လည် စတင်မှာ မဟုတ်ကြောင်း သိရပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူရေး ကိစ္စမှာ ဝင်ရောက် စွက်ဖက်ခဲ့တယ်လို့ သိရပါတယ်။ အဓိက ကတော့ ပိုလန်သားကြီးရဲ့ မြင့်မားတဲ့ လုပ်ခလစာဟာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြဿနာ တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ လီဝမ်ဒေါစကီး ကတော့ မကြာခင်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လာလီဂါ ကလပ် ဘက်တော့ စာချုပ်သက်တမ်း တိုးဖို့ထက် အစားထိုး တိုက်စစ်မှူး ရှာဖွေဖို့ ကိုသာ စိတ်အားထက်သန်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်