လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင်တော့ ဒီနွေရာသီမှာ တခြားသာ ဗဟိုခံစစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူသွားတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ဟာ နောက်ရာသီမှသာ မာ့ခ် ဂူဟီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ များနေပြီလည်း ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးဟာ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ရဲ့ ဒီနွေရာသီ အတွက် အဓိက ပစ်မှတ် ကစားသမား ဖြစ်ခဲ့သူပါ။ လက်ရှိမှာလည်း လစ်ဗာပူးလ်က ဂူဟီကို အပြောင်းအရွှေ့ မပိတ်ခင် အန်ဖီးလ်ဆီ အရ ခေါ်ယူသွားဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျရယ်မီ ဖရင်မ်ပေါင်၊ မီလော့စ် ကာကက်ဇ်၊ ဂျီယိုဗန်နီ လီယွန်နီ၊ ဟူဂို အစ်ကီတီကီ တို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ နယူးကာဆယ်က ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်အောက်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် လစ်ဗာပူးလ်က ကစားသမားရဲ့ အမှန်တကယ် ဈေးကွက် တန်ကြေးထက် သက်သာတဲ့ နှုန်းထားနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ် ဘက်ကတော့ အသက် ၂၅ နှစ် အရွယ် ကစားသမား အတွက် ပေါင် သန်း ၄၀ ဝန်းကျင် လိုချင်နေဆဲ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဂူဟီကို မခေါ်ယူနိုင်ခဲ့ပါက တခြားသော ကစားသမား တစ်ဦးကို ပြောင်းလဲ ကြိုးပမ်းမှာ မဟုတ်ကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ ယခင် ကလည်း ကစားသမား တစ်ဦးကို ချက်ချင်း မခေါ်ယူနိုင်ခဲ့ရင်တော့ အဲဒီ ကစားသမား စာချုပ်သက်တမ်း ကုန်ချိန် အထိ စောင့်ဆိုင်းလေ့ ရှိနေပါတယ်။ လစ်ဗာပူးလ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဗာဂျယ် ဗန်ဒိုက်ခ်ကို ခေါ်ယူခဲ့စဉ် ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက လစ်ဗာပူးလ်ဟာ ဗန်ဒိုက်ခ်ကို နွေရာသီ အပြောင်းအရွှေ့မှာ မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် ၆ လ အကြာမှာသာ အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ် တာဝန်ရှိသူတွေ ကတော့ ဂူဟီရဲ့ စာချုပ် အခြေအနေကြောင့် ဒီနွေရာသီမှာပဲ သူ့ကို ခေါ်ယူဖို့ အကောင်းဆုံး အခွင့်အရေး အဖြစ် သတ်မှတ်ထားပါတယ်။ ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂူဟီကို စိတ်ဝင်စားခဲ့တဲ့ နယူးကာဆယ်ရဲ့ ပေါင် သန်း ၇၀ ကျော်တန် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂူဟီကို နည်းပြ ဖြစ်သူ အိုလီဗာ ဂလက်စ်နာက လိုအပ်ချက်အရ အသင်းမှာ ဆက်ထိန်းထားချင်နေပေမယ့် ဥက္ကဌ ဖြစ်သူ စတိဗ် ပါရစ်ရှ် ကတော့ ရောင်းထုတ်ချင်နေပါတယ်။ အဓိက ကတော့ အသင်း အနေနဲ့ လာမယ့် ရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် ကစားသမားကို ဒီနွေရာသီမှာပဲ အကျိုးအမြတ် တစ်ခုနဲ့ ရောင်းထုတ်ချင်နေတာကြောင့် ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း လစ်ဗာပူးလ် အနေနဲ့ နောက်ထပ် ခံစစ်မှူးသစ် မခေါ်ယူဖို ဆုံးဖြတ်ခဲ့ခြင်းဟာ နည်းပြ အာနေး ဆလော့တ်က အသင်းရဲ့ လက်ရှိ လူစာရင်း အပေါ် ယုံကြည်မှု ရှိနေတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ လစ်ဗာပူးလ်ရဲ့ ခံစစ် မှာတော့ ဗာဂျယ် ဗန်ဒိုက်ခ်၊ အီဘရာဟီမာ ကိုနာတေး၊ ဂျိုး ဂိုးမက်ဇ်တို့ အပြင် ပါးမား ကနေ ပေါင် ၂၆ သန်းနဲ့ ခေါ်ယူထားတဲ့ ဂျီယိုဗန်နီ လီယိုနီ တို့လည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ဆလော့တ်နဲ့ လစ်ဗာပူးလ် တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက် ကိုတော့ ပရိသတ် တော်တော်များများက စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဓိက ဒီကစားသမားတွေသာ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့လာရပြီ ဆိုရင်တော့ ဘယ်သူတွေကို အသုံးပြုမလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိနေတာကြောင့် ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.