နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရွိုင်းကိန်းရဲ့ ဝေဖန်မှုကြောင့် နာကျင်ရတယ် ဆိုတဲ့ လုခ်ရှော | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ် ရှော ကတော့ ဂန္တဝင် နောက်ခံလူ ရွိုင်းကိန်းရဲ့ ဝေဖန်မှုကြောင့် နာကျင်ရကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ရွိုင်းကိန်းဟာ မန်စီးတီးကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ လုခ် ရှောကို အခုလိုပဲ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ရွိင်းကိန်းရဲ့ ဝေဖန်မှု ကိုတော့ လုခ် ရှောက ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှ ပြန်လည် တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ကိန်းက Sky Sports နဲ့ အင်တာဗျူးမှာ “ကျွန်တော့် အထင်တော့ ရှောက ယူနိုက်တက်တို့ ကျဆုံးခြင်း ကနေ ထွက်ပြေးနေခဲ့တာ ကြာပါပြီ။ အမြဲတမ်း ဒဏ်ရာရနေပြီး ဘယ်တော့မှလည်း အံမဝင်ပါဘူး။ ကျွန်တော် တို့က အမြဲတမ်း ချွင်းချက်ပေးနေတာကြောင့် သူကလည်း ပွဲတွေ အများကြီး ကစားနေရတာပါ။ သူ့ကြည့်ရတာ ဘယ်သူ့ကိုမှ ရှင်းထုတ်ချင်ပုံ မရပါဘူး။

ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့တဲ့ ကိန်းက သူ့ရဲ့ အသင်းဟောင်းနဲ့ ပတ်သတ်လို့ ဆွေးနွေးတဲ့ အချိန်တိုင်းမှာ အပြင်းအထန် ပုတ်ခတ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း လုခ် ရှော ကိုတော့ ရွိုင်း ကိန်းက အခုလိုမျိုးပဲ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ကိန်းရဲ့ ဝေဖန်မှု ကိုတော့ ရှောက ချဲလ်ဆီးကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ တိုက်ရိုက် တုံ့ပြန်သွားခဲ့ပါတယ်။ ရှောက “ဒါက နာကျင်ရပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်လေ။ ပြီးတော့ သူက ယူနိုက်တက်ရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တွေ ထဲက တစ်ယောက်ပါ။ တစ်ခါတစ်ရံ မှာတော့ ဝေဖန်မှုတွေကို နားထောင်ရမယ်။ ဝေဖန်ခြင်းတွေက ဘောလုံး ကစားသမား ဖြစ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် နားထောင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် ကတော့ သူပြောတာ မှန်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ရဲ့ အဆင့်အတန်းမှာ လုံးဝ ရှိမနေလို့ပါ။”

ကိန်းရဲ့ ဝေဖန်မှု ကိုတော့ ရှောက ချဲလ်ဆီးကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ တိုက်ရိုက် တုံ့ပြန်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ပုံမှန် စွမ်းဆောင်ရည် မရှိခဲ့ကြောင်း ဝန်ခံခဲ့တဲ့ လုခ်ရှော

“ကျွန်တော့်ကို ရွိုင်းကိန်း ပြောပြဖို့တောင် မလိုပါဘူး။ ပွဲပြီးတာနဲ့ ကျွန်တော် သိပါတယ်။ အရေးကြီးဆုံးက ကျွန်တော် ဘယ်လောက် ကောင်းခဲ့သလဲ ဆိုတာ သိဖို့ပါပဲ။ မန်နေဂျာ ကလည်း ဒါကို သိပါတယ်။ အရင်တုန်းက ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ မန်နေဂျာတွေလည်း ဒါကို သိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ အသင်းမှာ အမြဲတမ်း ရှိနေပြီး အမြဲတမ်း ကစားနေတဲ့ အတွက် မန်နေဂျာတွေ ယုံကြည်တဲ့ အရာ တစ်ခုတော့ ရှိရပါမယ်။” လို့ ရှောက ပြောကြားခဲ့ပါတယ်။

ရှောဟာ ရူဘင် အမော်ရင်ရဲ့ ၃-၄-၂-၁ အခင်းအကျင်းမှာ ဘယ်ခြမ်း ဗဟိုနောက်ခံလူ အဖြစ် ဒီရာသီ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ပါဝင်ကစားနေပါတယ်။ အင်္ဂလန် နောက်ခံလူဟာ မကြာသေးခင်က ကစားသမား ဘဝ တလျှောက် ဒဏ်ရာ များစွာနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ရာသီကြို ခြေစမ်းပွဲ ကာလမှာတော့ အပြည့်အဝ ပြန်လာနိုင်ခဲ့ပါတယ်။ ရှောဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ၇ ပွဲနဲ့ ယူရိုပါလိဂ် မှာတော့ ၅ ပွဲသာ ပါဝင် ကစားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် အောက်တိုဘာလ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ဘရန့်ဖို့ဒ်ကို အဝေးကွင်း၊ ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်