ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နည်းပြ ရူဘင် အမော်ရင်ကို သက်တမ်း တစ်နှစ် မပြည့်ခင် ရာထူး ကနေ ထုတ်ပယ်ခဲ့မယ် ဆိုရင်တော့ လျော်ကြေး ပေါင် ၁၂ သန်း ပေးလျော်ရမယ်လို့ သိရပါတယ်။ ဒါကို ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့တာ ဖြစ်ပြီး ယူနိုက်တက်ဟာ ယခင် ကလည်း နည်းပြတွေကို ထုတ်ပယ်ချိန်မှာ လျော်ကြေးငွေ အမြောက်အမြား ပေးချေခဲ့ရတဲ့ အစဉ်အလာ ရှိထားပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အမော်ရင် မတိုင်ခင် နည်းပြ ၅ ဦးကို ထုတ်ပယ်ခဲ့ခြင်း အတွက် လျော်ကြေး ပေါင် သန်း ၅၀ ကျော် သုံးစွဲခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပေါ်တူဂီ လူမျိုး နည်းပြ ရူဘင် အမော်ရင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ကနေ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ထဲမှာ တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်လည်း ပါဝင်ပေမယ့် လက်ရှိမှာတော့ အမော်ရင်ရဲ့ ယူနိုက်တက်နဲ့ အနာဂတ်က တော်တော်လေး လှုပ်ခတ်နေပြီ ဖြစ်ပါတယ်။
အမော်ရင် အနေနဲ့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှ ယူနိုက်တက် နည်းပြ ဘဝ သက်တမ်း တစ်နှစ် ပြည့်မှာ ဖြစ်ပြီး အဲဒီ မတိုင်ခင် ထုတ်ပယ်ခံရရင်တော့ ပေါင် ၁၂ သန်း လျော်ကြေး ရရှိမှာ ဖြစ်ပါတယ်။ အမော်ရင်ဟာ ယူနိုက်တက်ကို စတင် တာဝန်ယူချိန်က စပြီး သရဲနီတွေဟာ ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၈ ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် သူ့ရဲ့ နိုင်ပွဲ ရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းသာ ရှိတာ တွေ့ရပါတယ်။ ဒါဟာ အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ပွဲ ၂၀ အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲက တတိယမြောက် အနိမ့်ဆုံး မှတ်တမ်း ပိုင်ဆိုင်ထားသူ ဖြစ်လာပါတယ်။ အမော်ရင်က ယူနိုက်တက်ကို စုစုပေါင်း ၄၇ ပွဲ ကိုင်တွယ်ထားရာမှာတော့ ၁၈ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ပွဲ ၂၀ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက်က အမော်ရင် လက်ထက်မှာ နိုင်ပွဲထက် ရှုံးပွဲ ကတောင် ပိုများနေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အမော်ရင်က အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ၃-၄-၃ အခင်းအကျင်း ကိုသာ ခေါင်းမာစွာနဲ့ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ သူရဲ့ နည်းစနစ် အပေါ် ဝေဖန် ထောက်ပြမှုတွေ ရှိနေပေမယ့်လည်း ပေါ်တူဂီသားက သူ့ရဲ့ ဘောလုံး ဒဿနကို အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိကြောင်း ပြတ်ပြတ်သားသား တုန့်ပြန်ထားပါတယ်။
ဆက်စပ် သတင်းတွေအရ အမော်ရင် အနေနဲ့ အသင်းကို ရလဒ်ကောင်းထက် မှတ်တမ်းဆိုးတွေ ပိုမို ရရှိအောင် စွမ်းဆောင်ပေးနေပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ သူ့ကို အပြည့်အဝ ထောက်ခံအားပေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်မီဒီယာ တချို့ ကတော့ ယူနိုက်တက်က အမော်ရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြကို လျာထားပြီး ဖြစ်ကြောင်း နောက်ထပ် ၃ ပွဲသာ စောင့်ကြည့်သွားတော့မှာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဘုတ်အဖွဲ့ဟာ အသင်း နည်းပြ ရူဘင် အမော်ရင်ကို ဆက်လက် ထောက်ခံထားဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဘုတ်အဖွဲ့ အနေနဲ့ မန်ချက်စတာဒါဘီမှာ ဂိုးပြတ် ရှုံးခဲ့ပေမယ့် လက်ရှိ အခြေအနေကို ပြောင်းလဲဖို့ အတွက် အမော်ရင်ကို အချိန်ပိုပေးဖို ဆန္ဒရှိနေတယ်လို့လည်း သတင်းအရင်းမြစ်တွေက ESPN ကို ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်က ရာသီ အဖွင့် ၄ ပွဲ ကနေ ၄ မှတ်သာ ရရှိထားပြီး ၁၉၉၂-၁၉၉၃ ဘောလုံး ရာသီ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က လိဂ်ဖလား ဒုတိယအဆင့် မှာလည်း လိဂ်တူး ကလပ် ဂရင်းမ်စဘီတောင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာထားရပါသေးတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကူညာ၊ အမ်ဘူမို၊ ဆက်စ်ကို တို့ကို ပေါင် သန်း ၂၀၀ ဝန်းကျင်နဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်း အတွက် အားဖြည့်ထားပေမယ့် ထူးခြားမှုတော့ မရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် အဖြစ် အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.