ဩဂုတ် ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဒန်နီ ကာဗာဟယ် ပြန်လည် ရောက်ရှိလာခြင်းနဲ့ အတူ အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီ ဖြစ်ပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးက အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် အနီးကပ် စောင့်ကြည့်နေကြောင်း အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ စတုဂတ် ကွင်းလယ်လူ အန်ဂျလို စတီလာကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဒီဂျာမန် ခံစစ် ကစားသမား ကိုတော့ ရီးရဲလ်မက်ဒရစ် ကလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ ချဲလ်ဆီး ပစ်မှတ် လိုက်ပ်ဇစ် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီး အနေနဲ့ ဒီအပြောင်းအရွှေ့ အတွက် ကြားဖြတ် လုယူခြင်း ခံရမှာကို စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် မှာလည်း ဇာဗီ ဆိုင်မွန်စ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားနေပြီး မကြာခင်မှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်လည်း ရှိနေပါတယ်။
ပရီးမီးယားလိဂ် တန်းတက် ကလပ် လိဒ်စ်ယူနိုက်တက် ကတော့ မန်ယူနိုက်တက်မှာ နေရာမရတဲ့ ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ မိန်းနူးကို လာလီဂါက မက်ဒရစ် မြို့ခံ ကလပ် နှစ်သင်း အပြင် ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ကလပ် များစွာက ချဉ်းကပ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ရိစ် နဲလ်ဆင်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် သိမ်းငှက်တွေဟာ အီဘာရီချီ အီးဇီးရဲ့ နေရာမှာ လစ်ဗာပူးလ်က ဟာဗေး အဲလီယော့တ်နဲ့ အစားထိုးဖို့ ကြိုးပမ်း အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိမှာတော့ ပဲလေ့စ်က အဲလီယော့တ်ကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။
ပီအက်စ်ဂျီ ကတော့ တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို မန်ချက်စတာယူနိုက်တက်ထံ အငှားချဖို့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ ပြင်သစ်သား ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ထံ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ မက်စ် ဟာမန်ဆန်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောမကျတာကြောင့် ယူနိုက်တက်က ချိတ်ဆက်ထားတဲ့ ဘိုတာဖိုဂို ဂိုးသမား ဂျွန် ဗစ်တာကို ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့ကြောင်း သိရပါတယ်။
ချန်ပီယံရှစ် ကလပ် ရှက်ဖီးလ်ယူနိုက်တက် ကတော့ အင်္ဂလန် ဝါရင့် တိုက်စစ်မှူး ဒန်နီ အင့်ဂ်ကို တစ်နှစ် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ဒန်နီ အင့်ဂ်ဟာ အင်္ဂလန် ကလပ် အသင်း များစွာမှာ လှည့်လည် ကစားနေသူ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တာ ကတော့ ဝက်စ်ဟမ်းမှာ ဖြစ်ပါတယ်။ အင့်ဂ်ဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဝက်စ်ဟမ်းနဲ့ လမ်းခွဲခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ဒန်နီ အင့်ဂ်ကို တစ်နှစ် စာချုပ်သာ ချုပ်ဆိုခဲ့ပေမယ့် ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ် မူတည်ပြီး တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ရယူခဲ့ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.