ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာလည်း ခြေလှမ်း သွက်နေပြီး ကစားသမား ၃ ဦး အထိ ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတုန်း ကလည်း ပေါင် သန်း ၁၈၀ အထိ အသုံးပြုခဲ့ပြီးတော့ ဒီနွေရာသီမှာလည်း အားရစရာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ဆက်တိုက် လုပ်ဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် မန်စီးတီးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၃၇၀ ဝန်းကျင် အသုံးပြုသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ပပ်ဂွါဒီယိုလာရဲ့ အသင်းဟာ ဝါရင့် ဂိုးသမားကြီး စကော့တ် ကာဆင်နဲ့ လမ်းခွဲပြီးနောက် ချဲလ်ဆီးရဲ့ အရန်ဂိုးသမား မားကပ်စ် ဘတ်တင်နယ်လီကို ခေါ်ယူခဲ့ပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘတ်တင်နယ်လီ ကတော့ ၂၀၂၁ ခုနှစ်မှာ ဖူလ်ဟမ် ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပေမယ့် ၁ ပွဲသာ ကစားခဲ့ရပါတယ်။ ဒီဂိုးသမားဟာ အီဒါဆင်ရဲ့ အရန် ဂိုးသမား အဖြစ် ရည်ရွယ်ကာ မန်စီးတီးက ခေါ်ယူခဲ့တာ ဖြစ်ပြီးတော့ ကလပ် ကမ္ဘာ့ဖလား အတွက် လူစာရင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ နောက်ထပ် အင်အားဖြည့်တင်းမှု အဖြစ် ပရီးမီးယားလိဂ် ပြိုင်ဘက် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ အဲလ်ဂျီးရီးယား ဘယ်နောက်ခံလူ ရေယန် အစ် နျူရီကို ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမား အတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်း အသုံးပြုခဲ့ရပြီးတော့ ၅ နှစ် စာချုပ်လည်း ချုပ်ဆိုလိုက်ပါတယ်။ ပြင်သစ် ကလပ် အန်းဂါးစ်မှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ အစ် နျူရီဟာ ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီမှာ ဝုဗ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဝုဗ်မှာ ၅ ရာသီကြာ ဖြတ်သန်းပြီးနောက် နျူရီက မန်စီးတီးလို ထိပ်တန်း အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဘယ်နောက်ခံလူ လိုအပ်ချက် ရှိနေတဲ့ မန်စီးတီး အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့လို့ ဆိုရမှာပါ။ ရေယန် အစ် နျူရီ ကတော့ မန်စီးတီးမှာ ကျောနံပါတ် ၂၁ ကို ဝတ်ဆင် ကစားသွားမှာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ကွင်းလယ် တိုက်စစ် နေရာ အတွက် ကိုတော့ လိုင်ယွန်က ပြင်သစ် ကွင်းလယ်လူ ရေယန် ချာကီနဲ့ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ချာကီကို ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်း + အပိုဆုကြေး ယူရို ၆ သန်းနဲ့ တရားဝင် ခေါ်ယူလိုက်တာ ဖြစ်ပြီး သူ့ကိုလည်း ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ချာကီ ကလည်း ဇွန်လ ၁၄ ရက်နေ့မှာ စတင် ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မန်စီးတီးရဲ့ လူစာရင်းမှာ ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ချာကီဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၆ နှစ်သား အရွယ်မှာတင် စီနီယာ ကစားသမား ဘဝ စတင်ခဲ့ပြီး လိုင်ယွန် အတွက် ၁၈၅ ပွဲ ကစားကာ ၂၉ ဂိုး သွင်း၊ ၄၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အခု နောက်ဆုံး အနေနဲ့ မန်စီးတီးဟာ အေစီမီလန်ရဲ့ နယ်သာလန် ကွင်းလယ် ကစားသမား တီဂျန်နီ ရီအင်ဒါကို ပြောင်းရွှေ့ကြေး ပေါင် ၄၆.၃ သန်း + အပိုဆုကြေး တို့နဲ့ တရားဝင် ခေါ်ယူလိုက်ပြီး ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ အခုဆိုရင်တော့ မန်စီးတီးဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ကစားသမား ၃ ဦးနဲ့ အသင်းကို အားဖြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ကီဗင် ဒီဘရွန်းနား ထွက်ခွာပြီးနောက် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် ပြန်လည် အားဖြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.