နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိုဒန်၊ ဆေးလ်ဗား တို့ရဲ့ သွင်းဂိုးတွေနဲ့ ငှက်ကြားတွေကို အနိုင်ယူခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂-၀ နယူးကာဆယ်

မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချဖို့ အတွက် အမှားမခံစတမ်း ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်းက နယူးကာဆယ်ရဲ့ နောက်ပိုင်း ပွဲတွေမှာ ခြေကျနေမှုကို အခွင့်ကောင်းယူပြီး အိမ်ကွင်း အီတီဟတ်မှာ ၂-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီပွဲမှာ မန်စီးတီးက ၄-၂-၃-၁ နဲ့ ပွဲထွက်လာပြီး အဓိက ကစားသမား အစုံအလင်နဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် ကလည်း လူစုံခဲ့ပြီး မန်စီးတီးကွင်းမှာ တတ်နိုင်သမျှ အမှတ်ယူဖို့ မျှော်လင့်ပြီး ကစားသွားခဲ့ပါတယ်။ မန်စီးတီးတို့ ပွဲချိန် တစ်လျှောက်လုံး အမှားအယွင်း အနည်းဆုံး ကစားသွားခဲ့ပြီး ကွင်းလယ်က ရိုဒရီနဲ့ တောင်ပံ နှစ်ဖက်က ဖိုဒန်၊ ဂရီးလစ်ရှ် တို့လည်း ခြေစွမ်းပြခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ကွင်းလယ်လူ ဂီမာရေ့စ် တစ်ယောက်လောက်ပဲ လောက်လောက်လားလား ခြေစွမ်းပြနိုင်ခဲ့ပြီး အဲလ်မီရွန်၊ ဂေါ်ဒွန်နဲ့ ဝီလ်ဆင် တို့ကလည်း မန်စီးတီး ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ မန်စီးတီး အတွက် အနိုင်ဂိုးတွေ ကိုတော့ ဖိုဒန်က ပွဲချိန် ၁၅ မိနစ်နဲ့ ဘာနာဒို ဆေးလ်ဗားက ပွဲချိန် ၆၇ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၄ မှတ် ကွာဟခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ နယူးကာဆယ်

မန်စီးတီးက နောက်ပိုင်း ပွဲတွေမှာ ပုံမှန် ခြေစွမ်း ပြန်ရနေပြီး နယူးကာဆယ်လို ကစားရခက်တဲ့ အသင်းကို အနိုင်ရလိုက်တာကြောင့် ကျေနပ်စရာပါ။ ခံစစ်ကောင်းတဲ့ နယူးကာဆယ်ကြောင့် မန်စီးတီးတို့ အခွင့်အရေး များများစားစား မရခဲ့ပေမယ့် အဆုံးသတ် သေချာမှုတွေကြောင့် အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အချက်အလက်တွေ ပြန်ကြည့်မယ် ဆိုရင် မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုမှာ နယူးကာဆယ်ကို အနည်းငယ်သာ အသာရခဲ့သလို ဂိုးပေါက် ကန်ချက် ၁၁ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ကတော့ ၃ ကြိမ်သာ ရှိပါတယ်။ ကာဆယ် ကတော့ မန်စီးတီး ဂိုးပေါက်ကို တစ်ပွဲလုံးမှ ၅ ကြိမ်သာ ကန်ခွင့်ရခဲ့ပေမယ့် ၂ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပါတယ်။

မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပေမယ့် အာဆင်နယ် နဲ့တော့ ရမှတ် ကွာဟချက်ရှိနေဆဲ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၄ မှတ် ကွာဟခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၆ နေရာက လစ်ဗာပူးလ်နဲ့လည်း ၂ မှတ်သာ ကွာဟတော့တာကြောင့် ငှက်ကြားတို့ရဲ့ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ ရရေး မျှော်လင့်ချက်က စိုးရိမ်စရာ ရှိလာပြီ ဖြစ်ပါတယ်။

 

လာမယ့် ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) ကို ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း ပွဲစဉ် အဖြစ် သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး နယူးကာဆယ် ကတော့ ဝုဗ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်