ခရစ္စတယ်ပဲလေ့စ် – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ မန်ချက်စတာစီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ မန်စီးတီးကို ဒုက္ခပေးတတ်တဲ့ ပဲလေ့စ်တို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ဘာတွေ လုပ်ပြသွားဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပဲလေ့စ်က ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာလည်း ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီးတော့ Top 4 ကိုပါ မျက်စောင်းထိုးနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပဲလေ့စ်က အဆင့် ၁၀ နေရာက လစ်ဗာပူးလ်နဲ့ ၃ မှတ်သာ ကွာဟနေတာကြောင့် အချိန်မရွေး ဇယားအလယ်ကို ပြန်ဆင်းသွားနိုင်တာ ကိုတော့ သတိပြုရပါမယ်။ လက်ရှိ ခြေစွမ်းပိုင်းအရတော့ ပဲလေ့စ်က နိုင်ပွဲတွေ ပြန်ရနေပြီး Form ပြန်မိနေတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့်လည်း ဒဏ်ရာရ ကစားသမား များပြားနေခြင်းက အိုလီဗာ ဂလက်စ်နာ အတွက် ခေါင်းကိုက်စရာ ဖြစ်နေပါလိမ့်မယ်။

အချိန်တန်တော့လည်း မန်ချက်စတာစီးတီးက မန်ချက်စတာစီးတီး ပြန်ဖြစ်လာပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ထားပြီး ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။ ဇယားထိပ်က အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေပြီး ဒီပွဲက အနည်းငယ် ခက်ခဲဖွယ် ရှိတာကြောင့်တော့ စီးတီးတို့ သတိထား ကစားရပါလိမ့်မယ်။ မန်စီးတီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံးထားလို့ အသင်းကြီး တစ်သင်း အနေနဲ့တော့ အားရစရာ သိပ်မရှိဘူးလို့ပဲ သတ်မှတ်ရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
မန်စီးတီး ဘက်မှာတော့ ဂျွန်စတုန်းစ်၊ ကိုဗာချစ်၊ ရိုဒရီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ရစ်ချက်ဒ်၊ လာခွာ၊ ဂူဟီ၊ ကလိုင်း၊ ဝှာတန်၊ ကာမာဒါ၊ မစ်ချဲလ်၊ ပင်နို၊ အန်ကတ်တီးယား၊ မက်တေးတား
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ရိုင်ဒါးစ်၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၂၇ ကြိမ် တွေ့ဆုံမှုမှာတော့ ပဲလေ့စ်က ၄ ကြိမ်နိုင်၊ မန်စီးတီးက ၁၈ ကြိမ်နိုင်၊ ၅ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ကြိမ်ဆက် မန်ချက်စတာစီးတီးတို့ ပဲလေ့စ်ကို လုံးဝ မရှုံးခဲ့ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၃.၆၃ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၁.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၄၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်က သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၅၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ ပဲလေ့စ်ဟာ အန်ကတ်တီးယား ခြေစွမ်းပြနေမှုနဲ့ အတူ တိုက်စစ် အားကောင်းနေပြီး မက်တေးတားလည်း ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေက အားနည်းနေတဲ့ မန်စီးတီး ခံစစ်ကို ဒုက္ခပေးနိုင်ဖို့ ရှိပါတယ်။ တစ်ဖက် မှာတော့ မန်စီးတီးက တစ်ရက် ပိုနားထားရပြီး အကောင်းဆုံး ပြင်ဆင်ထားဖို့တော့ ရှိပါတယ်။ လူအင်အားချင်းမှာတော့ ပဲလေ့စ်တို့ မန်စီးတီးကို ယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။ မန်စီးတီးတို့ ကပ်နိုင်သွားမယ့် ပွဲဖြစ်ပါတယ်။
ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


