နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ အသင့် ရှိနေတဲ့ မန်ချက်စတာစီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဆာဗင်ဟိုကို လက်လွှတ်ဖို့ ရှိနေပြီးနောက် ရီးရဲလ်မက်ဒရစ် တိုက်စစ် ကြယ်ပွင့် ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ ဆိုရင် မန်စီးတီးဟာ ဘရာဇီးလ်သားကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက် အထိ သုံးစွဲပြီး ခေါ်ယူသွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာဟာ ရိုဒရီဂိုရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်ပြီးတော့ လူသိရှင်ကြား ချီးကျူးခဲ့ဖူးပါတယ်။ စပိန် သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ရိုဒရီဂို အတွက် ဆွဲဆောင်မှု ရှိတဲ့ ရွေးချယ်စရာ တစ်ခု အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ဂျိမ်းစ် မက်အတီး၊ ဂျက် ဂရီးလစ်ရှ်နဲ့ ဆာဗင်ဟို တို့ကို ရောင်းချရာ ကနေ ယူရို သန်း ၁၂၀ လောက် ပြန်လည် ရရှိနိုင်ဖို့ မျှော်လင့်ထားပြီး ရိုဒရီဂိုကို ပြန်လည် ခေါ်ယူဖို့ အတွက် ရန်ပုံငွေ အဖြစ် အသုံးချသွားဖို့ ရှိနေပါတယ်။ အဓိက ကတော့ မန်စီးတီးဟာ ဆာဗင်ဟို ထွက်ခွာသွားခဲ့ရင် ရိုဒရီဂိုနဲ့ တိုက်ရိုက် ပြန်လည် အစားထိုးဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က ဘရာဇီးလ် တိုက်စစ် ကစားသမား ရိုဒရီဂို အတွက် ဒီနွေရာသီ အပြောင်းအရွှေ့ကာလ တစ်လျှောက် လုံး ကမ်းလှမ်းမှုတွေကို နားစွင့်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အပြောင်းအရွှေ့ကာလ ပိတ်သိမ်းဖို့ ကလည်း ၃ ပတ်သာ လိုတော့တာကြောင့် ရိုဒရီဂိုကို ရောင်းထုတ်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

သေချာတာ ကတော့ ရိုဒရီဂို အနေနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တစ်ခု ဆီမှာ မြင်တွေ့ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာ သဘောကျတဲ့ ကစားသမား ဖြစ်နေတဲ့ ရိုဒရီဂို

ရိုဒရီဂိုဟာ နည်းပြဟောင်း အန်ဆယ်လော့တီ လက်ထက် နောက်ဆုံး လတွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သလို အလွန်ဆို လက်ထက် မှာလည်း ပထမဦးဆုံး ပွဲစဉ် ၆ ပွဲ မှာလည်း စုစုပေါင်း ပွဲ ကစားချိန် မိနစ် ၉၀ ကျော်သာ ရရှိခဲ့ပါတယ်။ အစောပိုင်းမှာ ရိုဒရီဂို ကိုယ်တိုင် ကတော့ မက်ဒရစ်မှာ ဆက်နေချင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပြီး သူ့ရဲ့ ဆန္ဒ ကိုလည်း လစ်ဗာပူးလ် အသင်း ဘက်ကို ရှင်းရှင်းလင်းလင်း အသိပေးထားကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိဖို့ မျှော်မှန်းထားပြီး အနည်းဆုံး ပြောင်းရွှေ့ကြေး ကိုတော့ ယူရို သန်း ၈၀ သတ်မှတ်ထားပါတယ်။ လက်ရှိ မှာတော့ လစ်ဗာပူးလ်က သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ အလက်ဇန္တား အိဆက်ခ်ကို အရင်ဆုံး ကြိုးပမ်းချင်နေသေးပြီး အဆင်မပြေမှသာ ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ အာဆင်နယ် ကလည်း ရိုဒရီဂိုကို အငှား စာချုပ်နဲ့ ခေါ်ယူဖို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပါသေးတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂိုကို ရောင်းထုတ်ပြီး ရန်ပုံငွေ ရှာဖွေဖို့က အဓိက ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး ပိုပေးနိုင်ပြီး ညှိနှိုင်းရ အဆင်ပြေတဲ့ အသင်းဆီ ရောင်းထုတ်သွားဖို့ ရှိပါတယ်။ သေချာတာ ကတော့ ရိုဒရီဂို အနေနဲ့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တစ်ခု ဆီမှာ မြင်တွေ့ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်